ပေါင်းစည်းလယ်ယာလုပ်ကိုင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ
ပေါင်းစည်းလယ်ယာစနစ်ဆိုသည် အဓိကအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ လယ်ယာသီးနှံနှင့် ဥယျာဥ်ခြံသီးနှံများမှ ထွက်ရှိလာသော အစာများသည် လူတို့အတွက် စားနပ်ရိက္ခာဖြစ်စေပြီး ယင်းတို့၏ အပင်အကြွင်းအကျန်များကို ကျိတ်ခွဲပြီးထွက်လာသော ဘေးထွက်ပစ္စည်းများကို မြေဆွေးပြုလုပ်ခြင်း၊ တိရစ္ဆာန်အစာအဖြစ်သုံးခြင်း၊ အချို့ကို ဇီဝဓာတ်ငွေ့ကန်တွင် ထည့်သွင်းအသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။
အလားတူ တိရစ္ဆာန်မွေးမြူရေးမှ လူတို့အတွက် အစားအစာရရှိစေပြီး ရရှိလာသော တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို သီးနှံများစိုက်ပျိုးရာတွင် အသုံးပြုခြင်း၊ မြေဆွးပြုလုပ်ခြင်းနှင့် ဇီဝဓာတ်ငွေ့ကန်တွင် အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ဇီဝဓာတ်ငွေ့ကန်မှ စွမ်းအင်အတွက် ဇီဝဓာတ်ငွေ့ကို ထုတ်လုပ်ပေးပါသည်။ ယင်းဓာတ်ငွေ့ကို မီးထွန်းခြင်း၊ ချက်ပြုတ်ခြင်းနှင့် အခြားလယ်ယာသုံးအင်ဂျင်များ ေမောင်းနှင်ရာတွင် အသုံးပြုနိုင်ပါသည်။ ဇီဝဓာတ်ငွေ့ကန်မှ ထွက်ရှိလာသော အရည်နှင့် အနည်အနှစ်များကို စိုက်ပျိုးရေးအတွက် မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ပါသည်။
ထို့ကြောင့်ပေါင်းစည်းလယ်ယာမှ ထွက်ရှိလာသော ပစ္စည်းများသည် မည်သည့်အရာမျှ စွန့်ပစ်ရန်မလိုဘဲ တစ်ခုနှင့်တစ်ခု ဆက်စပ်၍ ပြန်လည်အသုံးချ အကျိုးပြုလျက်ရှိပါသည်။
ပေါင်းစည်းလယ်ယာစနစ်တွင် ဆက်နွယ်သည့် အခြားလုပ်ငန်းများဖြစ်သော တီကောင်မွေးမြူခြင်း၊ ကောက်ရိုးမှိုမွေးမြူခြင်း၊ မိမိခြံဝန်းအတွင်း စားသုံးသီးနှံများဖြစ်သော ငှက်ပျော၊ သင်္ဘော၊ နဂါးမောက်၊ သရက်၊ ဒန့်သလွန်၊ ကင်ပွန်းချဉ်နှင့် အခြားရာသီစာဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းနှင့် အသေးစား အိမ်တွင်းကုန်ထုတ်လုပ်ငန်းများလည်း ပါဝင်ပါသည်။

ပေါင်းစည်းလယ်ယာစနစ်၏ လူ့အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးပုံ

ပေါင်းစည်းလယ်ယာစနစ်၏ အကျိုးကျေးဇူးများ
(၁) တောင်သူလယ်သမားများ၏ အဓိကဝင်ငွေသည် ရာသီသီးနှံများစိုက်ပျိုးခြင်းမှရသည့် ဝင်ငွေဖြစ်ပြီး ယင်းအပေါ်အားထားနေရသည်။ ရာသီသီးနှံများသည် အနည်းဆုံး လေးလ ငါးလအကြာမှ ဝင်ငွေရနိုင်သဖြ င့် ပေါင်းစည်းလယ်ယာလုပ်ခြင်းဖြ င့် ကြားကာလ၌ နေ့စဉ် ဝင်ငွေရရှိစေပါသည်။
(၂) တစ်နှစ်ပတ်လုံး စိုက်ပျိုးမွေးမြူနေရသဖြ င့် မိသားစုအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိစေပါသည်။
(၃) လူ၊ တိရစ္ဆာန်၊ မြေကြီးနှင့် အပင်တို့ အပြန်အလှန်အကျိုးပြုသောစနစ်ဖြင့် ကောင်းမွန်သော ဂေဟစနစ်ကို ဖန်တီးနိုင်ပါသည်။
(၄) မိသားစုဝင်ငွေတိုးလာသဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာနိုင်ပါသည်။
(၅) တောင်သူလယ်သမားများ လူမှုစီးပွားတိုးတက်လာခြင်းကြောင့် နိုင်ငံတော်၏ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာပါမည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....