ရာသီဥတုပြောင်းလဲမှုနှင့် စိုက်ပျိုးရေး
ရာသီဥတုပြောင်းလဲခြင်းနဲ့ စိုက်ပျိုးရေးဟာ အပြန်အလှန်ဆက်နွယ်မှုရှိကြပြီး နှစ်ခုစလုံးဟာ ကမ္ဘာလုံးဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာတာဟာ ပျမ်းမျှအပူချိန်၊ မိုးရွာသွန်းမှုနဲ့ ရာသီဥတုအစွန်းရောက်ခြင်းများ (ဥပမာအားဖြင့် အပူလှိုင်းတွေ၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း) ဖျက်ပိုးရောဂါတွေပြောင်းလဲခြင်း၊ လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုဒ် ပြောင်းလဲခြင်းနဲ့ မြေပြင်က အိုဇုန်းပြင်းအားပြောင်းလဲခြင်းတွေ၊ အချို့အစားအစာတွေရဲ့ အာဟာရတန်ဖိုး လျော့နည်းလာတာနဲ့ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲလာတာ စတဲ့ မြောက်မြားစွာသော နည်းလမ်းများနဲ့ စိုက်ပျိုးရေးကို အကျိုးသက်ရောက်မှုရှိစေပါတယ်။
ရာသီဥတုပြောင်းလဲတာဟာ ကမ္ဘာအနှံ့ မတူညီစွာအကျိုးသက်ရောက်မှုနဲ့အတူ စိုက်ပျိုးရေးကို ထိခိုက်စေပြီးဖြစ်ပါတယ်။ အနာဂတ်မှာ ရာသီဥတုပြောင်းလဲတာဟာ လတ္တီကျုနိမ့်တဲ့ နိုင်ငံတွေမှာ သီးနှံထုတ်လုပ်ရေးကို ထိခိုက်ဖို့ အလားအလာရှိပြီး မြောက်ဖက်လတ္တီကျုတွေမှာ ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ တိရစ္ဆာန်မွေးမြူရေးဟာလည်း ကာဘွန်ဒိုင်အောက်ဆိုဒ် မှန်လုံအိမ် ထုတ်လုပ်ရေး၊ ကမ္ဘာ့မီသိန်းရာခိုင်နှုန်း၊ အနာဂတ် မြေဆီသြဇာလျော့နည်းလာမှုနဲ့ ဒေသမျိုးစိတ်တွေ ပျောက်ကွယ်သွားတာ စတာတွေကိုဖြစ်ပါတယ်။
စိုက်ပျိုးရေးဟာ မှန်လုံအိမ်ဓါတ်ငွေ့တွေ ထုတ်လုပ်တာနဲ့ သစ်တောမြေတွေကနေ စိုက်ပျိုးရေးမြေအဖြစ် ပြောင်းလဲပြီး သစ်တောမြေလျော့နည်းလာတာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ သစ်တောနဲ့ မြေယာအသုံးပြုမှု ပြောင်းလဲတာဟာ ၂၀၁၀ ခုနှစ်မှာ ၂၀ ကနေ ၂၅% ပတ်ဝန်းကျင် ရှိပါတယ်။ များစွာသော မူဝါဒတွေဟာ စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးကဏ္ဍက ဖြစ်ပေါ်လာတဲ့ မှန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်ရေးကြောင့်ဖြစ်တတ်တဲ့ ရာသီဥတုပြောင်းလဲရေးအန္တရာယ်ကို လျော့နည်းစေပါတယ်။
အထွက်ကောင်းမျိုး၊ ဇီဝပြုပြင်သက်ရှိများနဲ့ ရေသွင်းစနစ်လို နည်းပညာတိုးတက်လာပေမဲ့ ရာသီဥတုဟာ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား၊ မြေကြီးဂုဏ်သတ္တိနဲ့ သဘာ၀အသိုင်းအဝိုင်းတို့မှာ အရေးပါနေဆဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးအပေါ် ရာသီဥတုအကျိုးသက်ရောက်မှုဟာ ကမ္ဘာ့ရာသီဥတု ပုံစံများထက် ဒေသရာသီဥတု အပြောင်းအလဲများနဲ့ ဆက်စပ်မှုရှိပါတယ်။ ကမ္ဘာမြေမျက်နှာပြင် ပျမ်းမျှအပူချိန်ဟာ ၁၈၈၀ ခုနှစ်ကတည်းက ၁.၅ °F (၀.၈၃ °C) တိုးလာနေပါတယ်။ အကျိုးဆက်အနေနဲ့ စိစစ်သုံးသပ်ရေး လုပ်တဲ့အခါမှာ ဒေသဧရိယာကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာ စိုက်ပျိုးရေးကုန်သွယ်ရေးဟာ များမကြာမီနှစ်များက တိုးတက်လာပြီး အခုအခါမှာ အဓိကကုန်ပစ္စည်းတင်သွင်းတဲ့ နိုင်ငံတွေအတွက် အမျိုးသားရေးအဆင့်တိုးစေကာ ကုန်ပစ္စည်းတင်ပို့သောနိုင်ငံတွေအတွက် ဝင်ငွေတိုးစေပါတယ်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးလက္ခဏာနဲ့ စားနပ်ရိက္ခာလုံခြုံရေးတို့ဟာ ကမ္ဘာ့နဲ့အဝန်း ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
ရေရှည်အနေဖြင့် ရာသီဥတုပြောင်းလဲခြင်းဟာ စိုက်ပျိုးရေးအပေါ် အောက်ဖော်ပြပါ မြောက်မြားစွာသော နည်းလမ်းများဖြင့် အကျိုးသက်ရောက်စေနိုင်ပါသည်။
• ကုန်ထုတ်လုပ်မှုအရည်အသွေးနဲ့ အရေအတွက်စွမ်းအား
• ရေအသုံးပြုမှု ပြောင်းလဲခြင်း (ရေသွင်းခြင်း)၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာတို့ကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစုများတို့လို စိုက်ပျိုးရေးဆိုင်ရာ အလေ့အထများ
• အထူးသဖြင့် (နိုက်ထရိုဂျင် ဆုံးရှုံခြင်းကိုဖြစ်စေသော) မြေဆုံးရှုံးသည့် အကြိမ်နှင့် ပြင်းအား၊ မြေတိုက်စားခြင်း၊ သီးနှံမျိုးပြားလျော့နည်းခြင်းတို့လို ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက် မှုများ
• စိုက်ပျိုးမြေဆုံးရှုံးခြင်းနဲ့ ရရှိခြင်းတို့ကတစ်ဆင့် ကျေးလက်ရွာဖြစ်ပေါ်လာခြင်း
• လိုက်လျောညီထွေရှိအောင်နေထိုင်ခြင်း၊ သက်ရှိတွေဟာ အနည်းနဲ့အများ ယှဉ်ပြိုင်နှိုင်စွမ်းအား ရှိလာပြီး၊ လူသားများဟာလည်း ရေမြုပ်ဒါဏ်ခံနဲ့ ဆားငန်ဒဏ်ခံ စပါးများတွေ ထုတ်လုပ်လာပါတယ်။
စိုက်ပျိုးရေးပညာရှင်အများစုက စိုက်ပျိုးထုတ်လုပ်ရေးဟာ ရာသီဥတု တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့ အများကြီးမဆိုင်ဘဲ ရာသီဥတုပြောင်းလဲခြင်း ပြင်းအားနဲ့ နေရာတို့က အများဆုံး ထိခိုက်စေတယ်လို့ ယုံကြည်ကြပါတယ်။ ရာသီဥတုပြောင်းလဲတာဟာ တဖြည်းဖြည်းချင်းဖြစ်ပါက သက်ရှိတွေအား စိစစ်ဖို့ အချိန်လုံလောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီဥတု လျင်မြန်စွာပြောင်းလဲတာဟာ များစွာသောတိုင်းပြည်များက စိုက်ပျိုးရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် မြေညံ့နဲ့ ရာသီဥတုမကောင်းတဲ့ဒေသတွေမှာဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ စိုက်ပျိုးရေးနဲ့ ပါဝင်ပတ်သက်သူတွေဟာ ရာသီဥတုပြောင်းလဲခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုရှိလာတာကို နားလည်သဘောပေါက်ရန်လိုပြီး ဒေသ တွင်းဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်ပင်ညှိနှိုင်းခြင်း၊ ဆွေးနွေးအဖြေရှာခြင်းတို့ဖြင့် စားနပ်ရိက္ခာဖူလုံရေးကို ဝိုင်းဝန်းအဖြေရှာဖို့ လိုပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020