ရာသီဥတုပြောင်းလဲလာမှုတွေက စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့်လား?
လယ်ယာနဲ့ တောင်ယာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဟာဆိုရင်တော့ ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ ပိုမိုဆိုးလာတယ်။ လုပ်ရကိုင်ရ ခက်ခဲလာတယ် ဆိုတာကိုတော့ အားလုံးလည်းသိကြမှပါ။ မိုးခေါင်လာတယ်။ ရေလည်းရှားလာတယ်။ ရာသီဥတုက ဖောက်ပြန်လာတာကြောင့် အပူချိန်တွေလည်း ကမောက်ကမဖြစ်တာကို ရင်ဆိုင်နေကြရပါတယ်။
ဆိုတော့ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတွေ ဘာကြောင့်ဖြစ်တာလဲလို့ဆိုရင်
စိုက်ပျိုး မွေးမြူရေးကြောင့်လည်း ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။
တစ်သက်လုံးက ဒီလိုပဲစိုက်လာတာ ခုမှလာပြီး စိုက်ပျိုးရေးကြောင့် ရာသီဥတုက ပြောင်းလဲရတယ်ဆိုတာက ဖြစ်နိုင်ပါ့မလားဆိုတာမျိုး တွေးကောင်း တွေးမိပါလိမ့်မယ်။
ဒါဆိုရင်တော့ ဘယ်လိုတွေကြောင့်မို့ စိုက်ပျိုးမွေးမြူရေးဟာ တရားခံနေရာမှာ ပါဝင်နေတာလဲဆိုတာကို သိချင်သွားမိပါပြီ။
၂၀၁၃ ခုနှစ် IPCC (International Panel of Climate Change) ထုတ်ပြန်ချက်အရဆိုရင် သစ်တောတွေနဲ့ မြေကို အသုံးချတဲ့ ပုံစံတွေ ပြောင်းလဲလာတယ်။ ဆိုတော့ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေထုတ်လွှတ်မှု ၂၅ ရာခိုင်နှုန်းအထိ ပါဝင်ပတ်သတ်နေပါသတဲ့။ စိုက်ပျိုးရေးက မီသိန်းနဲ့ နိုက်ထရပ်စ် အောက်ဆိုက်လို ဓာတ်ငွေတွေထွက်ရှိမှုရဲ့ အဓိက အရင်းအမြစ်လည်း ဖြစ်နေပါသတဲ့။
၁) စပါးခင်းတွေကနေ မီသိန်း (Methane) ဓာတ်ငွေ့တွေ ထွက်တယ်။
အာရှနဲ့ ပစိဖိတ် ဒေသတွေမှာ အဓိက အစားအစာကတော့ ဆန်ပါပဲ။ ဆန်စားလို့ စပါးစိုက်ရတာကြောင့် တစ်ကမ္ဘာလုံးရဲ့ (၉၀) ရာခိုင်နှုန်းသော စပါးစိုက်ခင်းက အဲ့ဒေသတွေမှာပါ။ သီးနှံတွေကနေ ဖန်လုံအိန်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေထဲမှာ ၅၀ ရာခိုင်နှုန်းက ဒီစပါးခင်းတွေက ဖြစ်ပါတယ်။ နည်းတဲ့ ပမဏတော့ မဟုတ်ပါဘူး။
၂) အင်အော်ဂဲနစ် မြေသြဇာတွေကို သုံးတာ။
၂၀၁၄ ခုနှစ် IPCC အရဆိုရင် နိုက်ထရပ်အောက်ဆိုဒ်တွေ ထုတ်လွှတ်မှုရဲ့ ၃၀% ဟာဆိုရင် ဒီလို အင်အော်ဂဲနစ် မြေသြဇာတွေကို သုံးခြင်းကနေ ထွက်ရှိတာဖြစ်ပါတယ်တဲ့။ အင်အော်ဂဲနစ် မြေသြဇာတွေကို ထုတ်လုပ်တဲ့နေရာတွေနဲ့ သယ်ယူပို့ဆောင်တဲအချိန်တွေမှာ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းဓာတ်ငွေ့တွေနဲ့ နိုက်ထရပ်အောက်ဆိုက်တွေကို အများကြီး ထုတ်လုပ်ပါတယ်။ အဲ့ဒါဟာ တစ်ကမ္ဘာလုံးက နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်မှု ရဲ့ ၆၀ ရာခိုင်နှုန်းတောင်ရှိပါတယ်လို့ ၂၀၁၁ ခုနှစ် လေ့လာချက်တွေအရ ဆိုနိုင်ပါတယ်။ ဆိုတော့ အများကြီးတောင် ထုတ်လုပ်နေတယ် လို့ ဆိုနိုင်ပါတယ်။ ခုက နောက်ထပ် ၂၀၂၄ တောင်ရောက်နေပြီဆိုတော့ တိုးတက်လာတဲ့ လူဦးရေနဲ့အတူ ဘယ်လောက်တောင် ထုတ်လုပ်မှုနဲ့ ထုတ်လွှတ်မှုတွေ ရှိနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပါတော့။

၃) သီးနှံတွေအကြွင်းအကျန်တွေကို မီးရှို့ရာတွေကနေ ထွက်လာတဲ့ ထုတ်လွှတ်မှုများ။
တောင်သူတွေက နေ တောင်ယာခုတ်တာပဲဖြစ်ဖြစ်၊ သီးနှံအကျန်တွေကို မီးရှို့ဖျက်ဆီးတာဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ အဲ့လို လုပ်တာက ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ အန္ဒိယ တစ်နိုင်ငံတည်းက မီးရှို့တဲ့ ပမာဏက ၁၁၆ မီလီယံ တန် လောက်အထိရှိတယ်လို့ဆိုပါတယ်။ အဲ့လိုမီးရှို့လိုက်တာကြောင့်မို့
- ကာဗွန်ဒိုင်အောက်ဆိုဒ် - ၁၇၆.၁ Tg
- မီသိန်းဓာတ်ငွေ့က - ၃၁၃.၉ Gg
- နိုက်ထရက် အောက်ဆိုဒ်က ၈.၁၉ Gg
ဒီမှာ Gg ဆိုတာ Gigagram ကိုပြောတာဖြစ်ပြီးတော့ သူက ကီလို (၁၀၀၀) အလေးချိန်နဲ့ ညီပါတယ်။ Tg ဆိုတာကတော့ Teragram ဖြစ်ပြီးတော့ ကီလိုဂရမ် (၁၀)သိန်း နဲ ညီပါတယ်။ ဆိုတော့ ခုနက ဂဏန်းတွေအတိုင်းဆိုရင် အဲ့လို မီးရှို့လိုက်တာက ဓာတ်ငွေ့တွေ အများကြီးထွက်သွားတာကို တကယ် မသိလိုက် မသိဘာသာနဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုဖျက်ဆီးလိုက်တာပါပဲ။
၄) မစင်စတဲ့ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လွှတ်မှုတွေ။
စားကျက်ထဲမှာ ဒီတိုင်း ပါပါစေဆိုပြီး လွှတ်ကျောင်းလိုက်တာပဲဖြစ်ဖြစ်၊ မြေမပြင်ခင် မောင်းသွင်းလိုက်တာပဲဖြစ်ဖြစ် သူတို့ ဆီကကွင်းထဲမှာ စွန့်ပစ်သွားတဲ့ ကျင်ကြီးကျင်ငယ်တွေဟာ မီသိန်းဓာတ်ငွေ့နဲ့ နိုက်ထရက်အောက်ဆိုက် ကိုထုတ်လွှတ်တာပါပဲ။ အဲ့လို ထုတ်လွှတ်တဲ့ ပမာဏကလည်း စိုက်ပျိုးမွေးမြူရေးက ထုတ်လွှတ်တဲ့ ပမာဏ အားလုံးရဲ့ ၁၈ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဆိုတော့ သူတို့လည်း နည်းမလိုနဲ့ တကယ်တမ်းကျတော့ နည်းတဲ့ပမာဏတော့မဟုတ်ပါဘူး။
၅) ရေသွင်း ရေထုတ်စနစ်တွေနဲ့ တစ်ခြားသော စီမံခန့်ခွဲမှုနည်းလမ်းတွေ။
မြောင်းဖောက်ရေသွင်းတာပဲ ဘာဖန်လုံအိမ်ဓာတ်ငွေ့ ထွက်စရာလိုလဲဆိုတော့ ဟုတ်ပါတယ်။ အဲ့လိုကတော့ မထွက်ပါဘူး၊ ရေသွင်းဖို့ ရေတင်ရတာ ရေကို ပြန်စုပ်ထုတ်ရတာမျိုးတွေရှိတယ်ဆိုရင် အဲ့မှာသုံးတဲ့ စက်တွေ၊ ထွန်ယက်တာကနေ ရိတ်သိမ်းတဲ့အချိန်အထိ အဆင့်ဆင့်သုံးကြတဲ့ စက်ကိရိယာပစ္စည်းတွေကနေ ထွက်တာကို ဆိုလိုတာဖြစ်ပါတယ်။
နောက်ထပ်တစ်ခုကတော့ မြန်မာ့စကားအတိုင်း လယ်အပုပ်ထားတဲ့ အခါမျိုးတွေပါ။ စပါးခင်းတွေကို ရေအမြုပ်နဲ့ လယ်အပုပ်ထားလိုက်ရင် မီသိန်းဓာတ်ငွေ့တွေ ထွက်ပါတယ်။ ရေသွင်းထားတဲ့ စပါးခင်းမှာ ရေသွင်းပြီး ရေထားထားရင်လည်း နိုက်ထရက်အောက်ဆိုက် ကထွက်ပါတယ်။
ဆိုတော့ စိုက်ပျိုးရေးမှာ ကျွန်တော်တို့လုပ်နေကြတဲ့ ပါဝင်ပတ်သတ်နေကြတဲ့လုပ်ငန်းစဉ်တွေကလည်း ရာသီဥတုပြောင်းလဲမှုကိုဖြစ်လာစေပြီးတော့ ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ကျွန်တော်တို့ရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲကြရပြန်ပါတယ်။ အဲ့လိုပြောင်းလဲတဲ့နေရာမှာလည်း ရာသီဥတုပြောင်းလဲမှုကို ပိုပြီးတော့ မဆိုးရွားသွားစေတဲ့ ရေရှည်တည်တံ့ခိုင်မြဲစေတဲ့ နည်းလမ်းမျိုးတွေကို ရှာဖွေဖော်ထုတ်သွားကြရမှာဖြစ်ပါတယ်။
Reference
Aryal, J. P. 2022. Contribution of Agriculture to Climate Change and Low-Emission
Agricultural Development in Asia and the Pacific. ADBI Working Paper 1340. Tokyo: Asian
Development Bank Institute. Available: https://doi.org/10.56506/WDBC4659
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026