ပြောင်းပင်ကို အရွက်တွေချွေတာ ကောင်းကျိုးတွေရှိလား?
ပြောင်းစိုက်တဲ့ တောင်သူတွေ မှာ တစ်ချို့က ပြောင်းရွက်တွေကို ချွေနေကြပြီ
ဒီလိုလုပ်တာက ဘာကောင်းကျိုးရှိလို့လဲလို့ မေးကြတဲ့အတွက် ဆောင်းပါးလေးနဲ့ ဖြေပေးလိုက်ပါတယ်နော်။
ကောင်းကျိုးတွေက ဘာတွေ ရှိနိုင်တာလဲဆိုတော့
အလင်းရောင်ကို ကောင်းကောင်းရတယ်။
အလင်းရောင်ကို မှီတည်ပြီး အစာချက်ရတဲ့ အပင်တွေမှာ အလင်းရောင်ကောင်းကောင်းရဖို့ဆိုတာ တကယ့် အထောက်အပံ့ကောင်းဖြစ်တာမို့ အရိပ်ကျနေတဲ့ အပေါ်ရွက် တစ်ချို့ကို ဖယ်လိုက်ခြင်းက အစာချက်လုပ်ဖို့အတွက် ပိုပြီးကောင်းတဲ့ အခြေအနေကိုဖန်တီးပေးနိုင်ပါတယ်။
အစာချက်လုပ်မှုကို ပိုပြီးတော့ ကောင်းလာစေတယ်။
အစာချက်လုပ်မှုကိုကောင်းကောင်းမလုပ်နိုင်တော့ဘူးလို့ ယူဆလို့ရတဲ အရွက်တွေကို ဖယ်လိုက်ခြင်းအားဖြင့်တော့ ကျန်တဲ့ အစာကောင်းကောင်းချက်နိုင်တဲ့ အရွက်တွေအပေါ်မှာ သွားပြီးတော့ အကျိုးသက်ရောက်မှု အများကြီးရှိလာပါတယ်။ သူတို့ချက်တဲ့အစာတွေသည် အပင်အတွက် ကောင်းကောင်းသုံးနိုင်သွားမှာဖြစ်ပါတယ်။
အစေ့အဆံတွေအတွက်ကောင်းပါတယ်။
အရွက်တစ်ချို့ကို မှုန်းလိုက်တာက အရွက်တွေက ထုတ်တဲ့ အစာနဲ့ အစေ့အဆံဖြစ်ဖို့ လိုအပ်တာနဲ့ ကိုက်ညီသွားအောင် ထိန်းသိမ်းပေးလိုက်သလိုပါပဲ။ ဒါကြောင့်မို့ အစေ့အဆံလည်း ပိုမိုဖြစ်ထွန်းအောင်မြင်နိုင်ပါသေးတယ်။
ဆိုတော့ အစေ့အဆန် အောင်မြင်တဲ့ ပြောင်းတွေရပြီးတော့ အထွက်နှုန်းကို တိုးလာစေနိုင်ပါတယ်။
ဒါပေမဲ့ ဘာတွေ စဉ်းစားသင့်လဲ
ပထမအချက်ကတော့ အချိန်ဖြစ်ပါတယ်။
အရွက်ကို ဘယ်ချိန်မှာဖယ်မလဲ ဆိုတဲ့ အချိန်က သေချာမှအပင်မှာ အခြားသော မကောင်းတဲ့အကျိုးဆက်တွေမရတာကို သေချာမှာပါ။
အရွက်တိုင်းက မတူပါဘူး။ အဖူးထွက်တဲ့ နေရာနားက အရွက်က အဓိက အဖူးကို ထောက်ပံ့ပေးရတဲ့ တာဝန်ရှိပါတယ်။ အပေါ်ရွက်တွေကို အရမ်းဖယ်လိုက်တာကလည်း အထွက်ကိုလျော့စေနိုင်ပါသေးတယ်။
မျိုးပေါ်မူတည်ပါတယ်။ တစ်မျိုးနဲ့တစ်မျိုးကတော့ အရွက်တွေဖယ်ရတာခြင်းကတေော့ တူမှာမဟုတ်ပါဘူး။
အချိုးကျဖို့လည်း လိုမှာဖြစ်ပါတယ်။
ဒါဆိုရင် ပြောင်းပင်ကို စမ်းသပ်မှုလုပ်ထားတာကိုလေ့လာကြရအောင်ပါ။ ဒီစမ်းသပ်မှုကို Pioneer Seed ကနေ သုတေသနပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကို မပြောခင်မှာ အရင်ဆုံးပြောင်းပင်ရဲ့ ကြီးထွားမှုကာလ သတ်မှတ်ချက်ကို အရင်ဆုံးမှတ်သားထားရပါမယ်ခင်ဗျာ။
အကုန်လုံးကို မပြောတော့ပါဘူး။ ပင်ပိုင်းကြီးထွားမှုအဆင့်ကိုကျော်လိုက်ပါမယ်။
R1 - အမွှေးစထွက်တဲ့အဆင့်ဖြစ်ပါတယ်။
R2 - အမွှေးထွက်ပြီး (၁၀ - ၁၄) ရက်ကြာရင် ပြောင်းဖူးရိုးမှာ အရည်ကြည်လေးတွေနဲ့ ပြောင်းဖူးစေ့လေးတွေ စ တည်လာတဲ့အဆင့်ဖြစ်ပါတယ်။
R3 - နို့ရည်လေးတွေ စ ဖြစ်လာပြီးတော့ အဝါရောင်လေးတွေလည်း ပြောင်းလာမဲ့ နို့တည်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒါက ပြောင်းဖူးမွှေးလေးတွေ စထွက်ပြီးတော့ (၁၈) ရက်ကနေ (၂၂) ရက် လောက်မှာဖြစ်တာပါ။
R4 - အသားတည်တဲ့အဆင့်ပါ။ ပြောင်းဖူးမွှေးထွက်ပြီးတော့ ၂၄ ရက်လောက် ကနေ ၂၈ ရက်လောက်မှာ အစေ့အဆံလေးက မာလာတဲ့ အဆင့်ပါ။
R5 - R1 စပြီး ၃၅ ရက်ကနေ ၄၂ ရက်မှာဆိုရင် ပြောင်းဖူးစေ့လေးတွေမှာ စားရင် မြင်ရတဲ့ အတိုင်း အဖြူလေး တွေ ဖြစ်လာတဲ့အဆင့်ပါ။ အဖြူရောင်အပိုင်းလေး သိသိသာသာဖြစ်လာပြီးတော့ အဖြူပိုင်းနဲ့ အဝါပိုင်း ကွဲပြားသွားမှာပါ။
R6 - ၅၅ ရက်ကနေ ၆၅ ရက်ဆိုရင်တော့ အမြင့်ဆုံး အလေးချိန်ကိုရောက်ပါမယ်။ အစေ့တစ်စေ့ချင်းစီရဲ့ အောက်ဖက်မှာ အညို ဒါမှမဟုတ် အနက်ရောင် အလွှာလေးတွေဖြစ်လာမယ်။ ရင့်မှည့်မှု အမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ အပင်ကတော့ စိမ်းနေပါဦးမယ်။ သို့သော်လည်း တစ်ချို့အရွက်လေးတွေက အစိမ်းရောင်ဖျော့လာတာမျိုးကို မြင်ရတတ်ပါတယ်။ ဒီနောက်ပိုင်းမှာ အပင်က ကျတော့မှာဖြစ်ပါတယ်။
ဆိုတော့ ခုနက သုတေသနကိုပြန်သွားရရင် အရွက်တွေကို ချွေတဲ့ စမ်းသပ်မှုကို လုပ်ထားတာပါ။

အဲ့အချိန်မှာ သူတို့က ဘယ်လို အရွက်ကိုချွေသလဲဆိုရင်
စမ်းသပ်မှု ၁ က ပြောင်းဖူးထွက်တဲ့ အောက်ဖက်က အရွက်တွေ အကုန်လုံးကိုချွေပစ်ပါတယ်။
စမ်းသပ်မှု ၂ က ပြောင်းဖူးထွက်တဲ့ နေရာက အရွက်ကိုပဲချွေပစ်လိုက်ပါတယ်။
၃ က ပြောင်းဖူးထွက်တဲ့ အဆစ်အပေါ်က အရွက်တွေ အကုန် ချွေလိုက်ပါတယ်။
၄ မှာကျတော့ ဘယ်အရွက်ကိုမှ မချွေထားပါဘူး။
ဆိုတော့ သူတို့အနေနဲ့ ဘယ်လို ရလာဒ်တွေ ရခဲ့ပါသလဲ။
R2-R3 အဆင့်မှာ
ပြောင်းဖူးထွက်တဲ့နေရာက အရွက်ကို ချွေလိုက်တာက အစိုဓာတ်မှာ ပြောင်းလဲမှု မရှိပါဘူး။
ပြောင်းဖူးနဲ့ အစေ့အလေးချိန်မှာ (၁) ရာခိုင်နှုန်း လျော့သွားပါတယ်။ ပင်စည်မှာ ဘာမှ သက်ရောက်မှုမရှိပါဘူး
ပြောင်းဖူးထွက်တဲ့ အောက်ဖက်က အရွက်တွေကို ချွေလိုက်တာက အစိုဓာတ် ပြောင်းလဲမှုမရှိဘဲ ပြောင်းဖူးနဲ့ အစေ့အလေးချိန်မှာ (၄) ရာခိုင်နှုန်းထိ ထိုးကျသွားပါတယ်။ ပင်စည်မှာလည်း သက်ရောက်မှုမရှိပါ။ ပြောင်းဖူးထွက်တဲ့ အပေါ်က အရွက်တွေ ကို ချွေပစ်တာက ၀.၅၃ ရာခိုင်နှုန်းလောက် အစိုဓာတ်မှာ လျော့သွားပါတယ်။ ပြောင်းဖူးနဲ့ အစေ့အလေးချိန်မှာ ၂၂ ရာခိုင်နှုန်းထိ ကျသွားပါတယ်။ ပင်စည်မှာ အစာတွေ သွားစုပြီးတော့ ပင်စည်တွေ လဲတာ မျိုး တွေ့ရပါတယ်။
R4 - R5 မှာပြောင်းဖူးထွက်တဲ့နေရာက အရွက်ကို ဖယ်လိုက်ခြင်းက R4 မှာ ၁.၅ ရာခိုင်နှုန်း ပြောင်းဖူးရဲ့ အလေးချိန်ကို ကျသွားစေပါတယ်။
R5 မှာဆိုရင် ၃ ရာခိုင်နှုန်း ကျသွားပါတယ်။ ပင်စည်မှာ ဘာမှ မသက်ရောက်ပါ။ ပြောင်းဖူးထွက်တဲ့ အောက်ဖက်က အရွက်တွေကို ဖယ်လိုက်ရင် R4 မှည ၁၂ ရာခိုင်နှုန်း R5 မှာ ၆.၈ ရာခိုင်နှုန်း ပြောင်းဖူးရဲ့ အလေးချိန်ကို ကျသွားစေပါတယ်။ မပြောပလောက်တဲ့ သက်ရောက်မှု လေးတော့ ပင်စည်မှာ သက်ရောက်မှုရှိပါတယ်။
ပြောင်းဖူးထွက်တဲ့ အပေါ်ဖက်က အရွက်တွေ အကုန်လုံးကို ဖယ်လိုက်ရင် ၂၇.၇ ရာခိုင်နှုန်းလောက်တောင် R4 မှာ ကျသွားပါတယ်။
R5 မှာတော့ ၁၉.၈ ရာခိုင်နှုန်းလောက် အလေးချိန်ကျသွားပါတယ်။ R4 R5 (၂)ခုစလုံးမှာ ပင်စည်မှာ အစာတွေ ပုံနေပါတယ်။
ဆိုတော့ ခုနက အပေါ်ကနေ ပြန်ဆက်ရရင်
ပြောင်းပင်တွေမှာ အရွက်တွေကို ချွေတာက ကောင်းတယ်ဆိုတာ က သေလုနီးနီးဖြစ်နေတဲ့ အရွက်တွေနဲ့ ဝါနေတဲ့အရွက်တွေကို ပဲ အလင်းရောင်အတွက်သော်လည်းကောင်း၊ အပင်လဲမှုကနေ ကာကွယ်ဖို့သော်လည်းကောင်း ချွေလိုက်တာက အကောင်းဆုံးဖြစ်ပြီးတော့ ပင်ပိုင်းကြီးထွားမှုမှာပဲဖြစ်ဖြစ်၊ မျိုးပွားတဲ့ကာလ (ပြောင်းဖူးကြီးထွားတဲ့ကာလ) မှာ အပင်မှာရှိနေတဲ့ အရွက်တိုင်းလိုလို က အရေးကြီးတယ်ဆိုတာကို သဘောပေါက်ကြမှာပါ။
ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။
reference:https://www.pioneer.com/us/agronomy/corn-leaf-removal.html#test2_2
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
khaing zaw aung
လွန်ခဲ့သော ၁ နှစ် က❤
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....