ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
စိုက်ပျိုးနိုင်တဲ့ မြေအမျိုးအစားတွေထဲမှာဆိုရင် ရွှံ့စေးမြေတွေက အပင် စိုက်လို့မရတော့ဘူးလား….
ရွှံ့မြေဟာ မြေကြီးမှုန် သေးသေးနုနုလေးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်တာမို့ ရေလေးများ စိုနေရင်ဖြင့် နူးညံ့တယ် စေးကပ်တဲ့ သဘောရှိပါတယ်။ နောက်ထပ်
(၁) ရေထိန်းစွမ်းအား
သိကြတဲ့အတိုင်းပါပဲ တစ်ခြားမြေကြီးတွေနဲ့စာရင် သူက ရေထိန်းစွမ်းအား တော်တော်ကောင်းပါတယ်။
(၂) အာဟာရတွေ ကျပ်ကျပ်သိပ်သိပ်
ရွှံ့မှုန်လေးတွေက အနုတ်လက္ခဏာ ဓာတ်ရှိပါတယ်။ အဲ့လို ရှိခြင်းအားဖြင့် ဆွဲငင်နိုင်တာက မျိုးမတူတဲ့ အပေါင်းဓာတ်လေးတွေပါပဲ။ ပိုတက်တို့ ကယ်လ်စီယမ်တို့ မဂ္ဂနီစီယမ်တို့လိုမျိုး အပေါင်းလေးတွေကို ဆွဲယူထားနိုင်ပါတယ်။
(၃) ထိုးဖောက်အား နည်းတယ်
ရွှံ့စေးမြေတွေက သိတဲ့အတိုင်းပဲ ရေထိုးဖောက်ဖို့ ကြာပါတယ်။ ဆိုတော့ ရေနဲ့အတူ စိမ့်ဝင်စီးဆင်းပြီး ဆုံးရှုံးတယ်ဆိုတာ အကန့်အသတ်ဖြစ်သွားပါမယ်။ အမြစ်ဇုန်နားမှာ အာဟာရဓာတ်တွေ ကြာကြာနေနိုင်သွားပါလိမ့်မယ်။
(၅) ပုံပြောင်းလဲနိုင်စွမ်း
စိုနေရင်တော့ လိုရာ ပုံသွင်းလို့ရပေမဲ့လို့ ခြောက်သွေ့သွားရင်တော့ အလွန်အမင်း အပင်လေးတွေကို ဆွဲငင်ထားတတ်ပါတယ်။
ရွှံ့စေးမြေကရော အပင်တွေအတွက် တကယ်ပဲ အသုံးဝင်ရဲ့လား
၁။ ရေကို အကျိုးရှိရှိ အသုံးချနိုင်ခြင်း
ရွှံ့မြေက သိကြတဲ့အတိုင်း ရေကိုစုပ်ယူထားနိုင်တာမို့လို့ အပြင်ရာသီဥတုက ခြောက်သွေ့နေတယ်ဆိုရင်တောင် သူ့မှာ စိုထိုင်းမှုကို ထိန်းထားနိုင်ပါတယ်။ ရေနည်းနည်းနဲ့ စိုက်ပျိုးလို့ရတဲ့ မြေမျိုးဖြစ်ပါတယ်။
၂။ အာဟာရဓာတ် ပိုမိုများပြား
ရွှံ့စေးမြေဟာဆိုရင်တော့ သဘာဝအားဖြင့်ကိုက မြေဆီသြဇာကြွယ်ဝတာမို့ မြေသြဇာသုံးစွဲမှုကိုလည်း လျော့ချနိုင်ပါတယ်။
၃။ အမြစ်အတွက်
မြေကြီးက ငြိမ်သက်တဲ့သဘောရှိတာမို့လို့ အမြစ်စနစ်လည်း အတည်တကျ နေရာတစ်ခုတည်းမှာ ဖွံ့ဖြိုးစေနိုင်ပါတယ်။

ဘာသီးနှံတွေ စိုက်လို့ရသလဲ
စပါး - ရေလွှမ်းစိုက်တဲ့ စပါးတွေ ကို ရွှံ့မြေမှာစိုက်ပျိုးနိုင်ပါတယ်
ဂျုံ၊ ကြံ ကလည်း အမြဲတမ်း စိုစိုလေးဖြစ်နေတာကို ကြိုက်တာမို့လို့ စိုက်နိုင်ပါတယ်။
ပဲမျိုးစုံလည်း စိုက်ပျိုးနိုင်သလို ရေကြိုက်သီးနှံလိုမျိုး ဖြစ်တဲ ကန်စွန်းတို့ စိုက်ပျိုးလို့ရတဲ့ ရေကန် အသေးစားလိုမျိုးလည်း လုပ်ပြီးတော့ စိုက်ပျိုးနိုင်ပါသေးတယ်။
နောက်ထပ် အစိုဓာတ်ကြိုက်တဲ့ ဝါပင်နဲ့ ကိုက်လန်၊ ဟင်းနုနယ်တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေကိုလည်း စိုက်ပျိုးနိုင်ပါတယ်။
ဒါတွေက ရွှံ့စေးမြေရဲ့ ကောင်းကျိုးတွေနဲ့ စိုက်ပျိုးလို့ရတဲ့ သီနှံတွေအကြောင်းပဲ ဖြစ်ပါတယ်။ နောက်ဆောင်းပါးမှာ ရွှံ့စေးမြေမှာ စိုက်ပျိုးမယ်ဆို ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေနဲ့ ဖြေရှင်းနည်းတွေကို ပြောပြပေးသွားပါ့မယ်ဗျ..။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေအမျိုးအစား
Htun Hla
လွန်ခဲ့သော ၂ လ ကလယ်ကွင်းနဲ့နီးစပ်တဲ့ကုန်းမြေအမျိုးစားကသဲဆန်ရွှံ့ စေးမြေမျိုးစားပဲဆိုရင် စတော်ဘယ်ရီစိုက်ပျိုးလို့ရနိူင်ပါသလားခင်ဗျ။မြေPhကတော့4.9-5.3ဝန်းကျင်သာရှိလို့ပါခင်ဗျာ
Waiyan Htwe
လွန်ခဲ့သော ၂ လ ကhi
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026