EM ဖျော်ရာတွင်သုံးသော တင်လဲရည်၊ သကာရည်၊ သကြားရည်တို့ရဲ့ အာနိသင်ကွာခြားချက်
သကြားသည် လူ၊ တိရစ္ဆန်နှင့် အနုဇီဝအပါအဝင် သက်ရှိပစ္စည်းများ အလုပ်လုပ်နိုင်ရန် စွမ်းအင် (ကယ်လိုရီ) နှင့် အာဟာရဓာတ်ကို ပေးပါသည်။
မြေဆွေးဓာတ်ကို ကြွယ်ဝစေသော အကျိုးပြုအနုဇီဝများသည် အပင်နှင့်သက်ရှိသက်မဲ့ အကြွင်းအကျန်များကို ချေဖျက်စားသုံး၍ မြေဆီ ဩဇာဓာတ်အဖြစ် အသွင်ပြောင်းပေးပါသည်။ ဤနေရာတွင် သကြားနှင့် ကြံထွက်ပစ္စည်းများမှ စွမ်းအင်နှင့် အာဟာရဓာတ်များကို ဖြည့်ဆည်းပေးခြင်းဖြင့် အနုဇီဝပိုးများ ကောင်းစွာအလုပ်လုပ်နိုင်ပြီး မြေဆွေးနှင့် မြေဆီ ဩဇာဓာတ်များကို သတ်မှတ်ကာလအတွင်း အပြည့်အဝ ရစေပါသည်။
သို့ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်၊ တောင်သူတစ်ဦးချင်းနှင့် ပရဟိတအဖွဲ့များအတွက် မြေဆွေးပြုလုပ်ရန် အီးအမ်ဖျော်ရည်၏ ရောစပ်ပစ္စည်းဖြစ်သော တင်လဲရည်ကို အလွယ်တကူ မရရှိကြပေ။ အချို့က တင်လဲရည်အစား သကြားရည်နှင့် သကာရည်ကို အစားထိုး သုံးစွဲလာပါသည်။ ဤတွင် သကြား၊ သကာရည်နှင့် တင်လဲရည်တို့၏ စွမ်းအင်အာနိသင်ကို သိထားရန်လိုပါသည်။ ဤ (၃) မျိုးစလုံးသည် ကြံထွက်ပစ္စည်းများဖြစ်ကြ၍ ကြံမှသကြားချက်ရာ၌ အောက်ပါအတိုင်း ထွက်ရှိကြပါသည်။
သကြားသည် Pol ခေါ် ဆူးခရို့စ် (သကြားဓာတ်) 99.5 နှင့် ဓာတ်ပျက်သကြားဓာတ် 0.10 သာ ပါဝင်သည်။ အခြားအာဟာရဓာတ်များ မပါရှိပါ။ အကျိုးပြု အနုဇီဝပိုးများ အလုပ်လုပ်နိုင်ရန် စွမ်းအင်ကို လိုအပ်သည်ထက်ပိုပေးမိပြီး ဖြုန်းတီးရာမရောက်အောင် သကြားဖျော်ရည်၏ ပြင်းအားကို ချိန်ဆ၍ ဖျော်ရန်လိုပါမည်။
သကြားချက်ရာ၌ သကြားထွေးမှ သကြားပွင့်များကို တင်လဲရည်နှင့် အဆင့်ဆင့်ခွဲထုတ်ရပါသည်။ တင်လဲရည်တွင် သကြားဓာတ်များ မကျန်သလောက်အထိ ခွဲထုတ်ပြီး နောက်ဆုံးကျန်ရစ်သော တင်လဲရည် (Final Molasses) ကို သကြားစက်ကြီးများက အရက်စက်များနှင့် အခြားစက်မှုသုံးအတွက် ဖြန့်ဝေရောင်းချပါသည်။
အဆိုပါ နောက်ဆုံးလက်ကျန် တင်လဲရည်သည် Brix 75 မှ 80 ရှိတတ်ပါသည်။ Brix ကို အချိုဒီဂရီ (သို့မဟုတ်) အရည်အပျစ်နှုန်းဟု ခေါ်ပါသည်။ ၎င်းသည် ဂလူးကိုစ့်သကြား (Glucose) နှင့် ပျားရည်သကြား (Fructose) တို့ ပါဝင်သော ဓာတ်ပျက်သကြားများ၊ နိုင်ထရိုဂျင်၊ ပရိုတင်းနှင့် သတ္ထုဓာတ်များ ပါဝင်ပါသည်။ ဓာတ်ပျက်သကြားမှ စုစုပေါင်းအချဥ်ဖောက်နိုင်သည့် သကြားဓာတ် ၄၀ ရာခိုင်နှုန်းခန့် ရှိနိုင်ပါသည်။ တင်လဲရည်သည် Brix 80 အပြင် Pol ခေါ် သကြားဓာတ် အကြွင်းအကျန် ၃၀% ခန့်ပါဝင်ပါသည်။ တင်လဲရည်၏ သန့်စင်နှုန်း (Purity) သည် ၃၀ မှ ၄၀ ကြား ရှိတတ်ပါသည်။ တင်လဲရည်၏ သိပ်သည်းဆ (Specific Gravity) မှာ 1.4 ခန့် ရှိပါသည်။
အနုဇီဝ အကျိုးပြု ပိုးမွှားများအတွက် အထူးလိုအပ်သော နိုက်ထရိုဂျင်မှာ 0.4 မှ 1.5 % အတွင်း တင်လဲရည်၌ ပါဝင်သည်။ စုစုပေါင်း ပရိုတင်းအနေဖြင့် 2.5 မှ 9% အထိ ပါဝင်ပါသည်။ ပါဝင်မှုပမာဏ နည်းသော်လည်း အကျိုးပြု အနုဇီဝများအတွက် ပါဝင်လျှင် ပါဝင်သလောက် အကျိုးကျေးဇူးကြီးမားသော အစာအာဟာရများ ဖြစ်ပါသည်။ ကြံရည်ထဲတွင် ပါဝင်သော မဲလစ်အက်ဆစ်နှင့် ဆစ်ထရစ် အက်ဆစ်သည် တင်လဲရည်ထဲ စုဝေးရောက်ရှိသွားပါသည်။ ကြံရည်ကျိုချက်မှုအဆင့်ဆင့်၌ မပျက်မစီးပဲ တည်မြဲနေသော ဘိုင်အိုတင်၊ နိုင်ရာစင်နှင့် ရိုင်ဘိုဗလာဘင် အာဟာရဓာတ်များကိုလည်း တင်လဲရည်၌ တွေ့ရပါသည်။ သတ္ထုဓာတ်ဆားများဖြစ်သည့် ပိုတက်ဆီယမ် 2.4%, ဖေါ့စဖိတ် 0.08 %, ကန့်ဓာတ် 0.5 %, ကလိုရင်း 1.4 % တို့ အသီးသီး ပါဝင်ပါသည်။
တင်လဲရည် ၁ ကီလိုဂရမ်ကို ဝက်စာထဲ ထည့်ကျွေးလျှင် ဝက်၏ ခန္ဓာကိုယ်ကို စွမ်းအင် ၂၃၄၃ ကီလို ကယ်လိုရီဓာတ် ပေးပါသည်။
သာမန်အားဖြင့် အကျိုးပြုအနုဇီဝကိုကျွေးသော တင်လဲရည်သည် အပျစ်နှုန်း Brix 15 မှ 25 ခန့် ရှိရန် လိုအပ်သည်ဟု သိရပါသည်။ အနုဇီဝရှုဒေါင့်မှ လိုအပ်ချက်အတိအကျကို စာရေးသူက မသိပါ။ သို့ရာတွင် တင်လဲရည်၏ အပျစ်နှုန်းနှင့် ဈေးကွက်တန်ဖိုးကို အခြေခံ၍ သုံးသပ်ကြည့်နိုင်ပါသည်။
နောက်ဆုံးလက်ကျန်တင်လဲရည်၏ အပျစ်နှုန်း Brix သည် 80 ရှိ၍ အီးအမ်ဖျော်ရည်အတွက် ရောစပ်ရန် တင်လဲရည်ကို အပျစ်နှုန်း 40 မှာထားလိုပါက တင်လဲရည်ကို ရေသန့်နှင့်ဆတူ ရောရပါမည်။ တင်လဲရည်သည် ၁ ပိဿာ ၃၅၀၀ (သယ်စရိတ်အပါအဝင်) တန်ဖိုးရှိပါက အီးအမ်အပြင်းစား ၁ ဂါလန် ဖျော်ရည်အတွက် ရောစပ်ရမည့် တင်လဲရည်မှာ ၁.၆၅ ပိဿာ လိုအပ်သောကြောင့် (တင်လဲရည် ၁ ဂါလန်လျှင် ၅.၃၂ ကီလိုဂရမ် ရှိပါသည်) ကျသင့်ငွေ ၅,၇၇၅ ကျပ် ဖြစ်ပါသည်။
သကြား ၁.၆၅ ပိဿာ (သကြား ၁ ပိဿာ ဈေးနှုန်း ကျပ် ၅,၀၅၀) ဝယ်၍ အရည်ဖျော်ပြီးသုံးပါက အီးအမ် ၁ ဂါလန် အတွက် ၈,၃၃၂.၅၀ ကျပ် ကုန်ကျပါမည်။
သကာရည်မှာ သကြားစက်ကြီးများမှ မရရှိနိုင်ပဲ မန္တလေးရှိ ပေါင်းစက်၊ ခါစက်များမှာသာ ရရှိနိုင်ပါသည်။ ရောစပ်ပစ္စည်းအဖြစ် သကြားနှင့် တန်ဖိုးအားဖြင့် အထူးမကွာခြားနိုင်ပါ။
ထို့ကြောင့် အာဟာရဓာတ်နှင့် စွမ်းအင်ကို ထိုက်ထိုက်တန်တန်ပေးနိုင်သော တင်လဲရည်ကို သုံးစွဲလျှင် အကျိုးကျေးဇူး ပိုနိုင်ပါသည်ဟု ပြောချင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ye Thu
လွန်ခဲ့သော ၉ လ ကဘယ်နေရာမှာ ဝယ်လို့ရသလဲ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from U San Thein (Agri)
အားလုံး
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း
28/02/2025
စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)
31/05/2023
ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း
22/03/2023
လအလိုက်ကြံအလေးချိန်ကျဆင်းမှု
16/03/2023
ကြံပင်ပေါက် အကောင်းဆုံးရရန် ထယ်ရေးကောင်း၍ အစိုဓာတ်ထိန်သိမ်းနည်း (အပိုင်း - ၃)
22/02/2023