ညဘက်မှာ အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်တွေရှိတာ သိပါသလား?
အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်ပေးကြတယ်ဆိုတာကို လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ဒီလိုအပင်တွေက ညအခါမှာတော့ အောက်ဆီဂျင်ကိုယူ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ကြပါတယ်။ ဒါကြောင့် ညဘက်မှာ သစ်ပင်အောက်မှာမအိပ်ကြဖို့လူကြီးတွေက ပြောခဲ့ကြတာပါ။ ဒါပေမယ့် ညဘက်မှာပါ အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့ အပင်အချို့လည်း ရှိနေပါသေးတယ်။
သူတို့ရဲ့ အစာချက်လုပ်မှုဖြစ်စဉ်က Crassulacean Acid Metabolism(CAM) လို့ခေါ်တဲ့ဖြစ်စဉ်မို့ပါ။ (အသေးစိတ်ကို ဆောင်းပါးအနေနဲ့ ထပ်မံဖော်ပြပေးပါမယ်) ဒါကြောင့် ဒီလိုအပင်တွေကိုသိထားပြီး အိမ်တွင်းမှာထားပေးမယ်ဆိုရင် အိမ်အတွင်းလေထုရဲ့သန့်စင်မှုကို ပိုကောင်းစေသလို ညဘက်အိပ်စက်ခြင်းကိုလည်း အကူအညီပေးနိုင်ပါတယ်။ ယခုလိုအချိန်မှာ အနည်းနဲ့အများ အကူအညီရစေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။
၁။အလှစိုက်အုန်း(Areca Palm)

အိမ်တွင်းမှာစိုက်ဖို့ အကောင်းဆုံးအပင်တစ်ပင်ပါ။ အပူပိုင်းဒေသတောတွေမှာ တွေ့ရတတ်တဲ့မျိုးရင်းတစ်ခုဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ နေရောင်နဲနဲလေးရတဲ့နေရာမှာတောင် ကောင်းကောင်းရှင်သန်နိုင်တဲ့ အပင်တွေဖြစ်ကြပါတယ်။ ဒီအပင်တွေက လူကိုထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့အတော်များများ(formaldehyde ,benzene)ကို စုပ်ယူပြီး အနီးအနားကလေထုရဲ့ အစိုဓာတ်ကိုထိန်းပေးပါတယ်။ နှာစီး၊နှာခေါင်းပိတ်နေတဲ့ ဝေဒနာ ခံစားနေရတဲ့လူတွေအတွက် အထူးသင့်တော်တဲ့အပင်ဖြစ်ပါတယ်။
၂။နဂါးစက်ပင်(snake plant)

ကျေးလက်ဒေသတော်တော်များများမှာတွေ့ရပြီး သူလည်း နာမည်ကြီးတဲ့ အိမ်တွင်းအလှစိုက်ပင်ပါ။ တိုက်ခန်းတွေနဲ့နေတဲ့သူတွေ၊ ရုံးခန်း၊အိပ်ခန်းတွေမှာ ထားသင့်တဲ့ အပင်တစ်မျိုးလည်းဖြစ်ပါတယ်။ အရွက်ပိုင်းလေးကနေပဲ အလွယ်တကူမျိုးပွားလို့လည်းရပါတယ်။ ဂရုစိုက်မှုသိပ်မလိုတဲ့ အပင်ဖြစ်ပြီး နေရောင်တိုက်ရိုက်မရတဲ့နေရာမှာတောင် ရှင်သန်နိုင်ပါတယ်။ ရေပုံမှန်လောင်းပေးစရာလည်းမလိုသလို ခြောက်သွေ့နေတဲ့ မြေမှာတောင် ဒီအပင်က ရှင်သန်ပါတယ်။ ညဘက်မှာ အောက်ဆီဂျင်တွေထုတ်ပေးမယ့် အပင်တစ်ပင်ပါ။
၃။ပင်စိမ်း (Tulsi)

ဟင်းခတ်အမွေးအကြိုင်တစ်မျိုးလည်းဖြစ်တဲ့ ပင်စိမ်းက ညဘက်မှာ အောက်ဆီဂျင်တွေထုတ်ပေးတဲ့အပင်လည်းဖြစ်နေပြန်ပါတယ်။ ပင်စိမ်းရွက်ကနေထုတ်လွှတ်တဲ့ အနံ့တစ်မျိုးက စိုးရိမ်ကြောင့်ကြမှုတွေကို ပြေလျော့စေပါတယ်။ လေလာရာပြတင်းပေါက်အနီးမှာ ပင်စိမ်းပင်တွေစိုက်ထားတာက ခုလိုအချိန်ကာလအတွက် ကောင်းမွန်စေမှာ အမှန်ပါပဲ။ မြေကျယ်ကျယ်မရှိသူတွေကလည်း ပင်စိမ်းပင်ကို အိုးလေးနဲ့စိုက်ပြီး အိပ်ရာနားမှာထားနိုင်ပါတယ်။
၄။ရှားစောင်း(Aloe Vera)

ရှားစောင်းကတော့ အသားအရေထိန်းသိမ်းမှုတွေအတွက် နာမည်ကြီးတဲ့အပင်ပါ။ ဒီအပင်ကလည်း ညဘက်မှာ အောက်စီဂျင်တွေထုတ်ပေးနိုင်ပါတယ်တဲ့ အမျိုးတို့ရေ။ ညဘက်တွေကောင်းကောင်းအိပ်မပျော်ရင် ရှားစောင်ပင်ကို အိပ်ခန်းထဲထည့်စိုက်ထားသင့်ပါတယ်နော်။ ရေအမြဲလောင်းပေးနေစရာလည်း မလိုသလို၊ ခြောက်ခြောက်သွေ့သွေ့အခြေအနေက ရှားစောင်းပင်ကြီးထွားဖို့ အကောင်းဆုံးပါ။ မြေလုံးဝခြောက်နေပြီဆိုမှသာ ရေလောင်းပေးရပါတယ်။
၅။ပိန်းပန်း (Peace Lily)

ဒေသအခေါ်အဝေါ်တွေကွဲပြားကြပေမယ့် အတော်များများမြင်ဖူးမယ့် ပန်းပင်လေးပါ။ ညဘက်မှာအောက်ဆီဂျင်ထုတ်ပေးတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အိမ်တွင်းအလှစိုက်ပင်တွေထဲ နာမည်ကြီးပါတယ်။ benzene,formaldehyde,toluene,carbon monoxide,နဲ့ xylene လို ဓာတ်ငွေ့တွေကို သန့်စင်ပေးပါတယ်။ ဒီပိန်းပန်းပင်လေးက အခန်းတွင်းရဲ့ စိုထိုင်းစကို ၅ ရာခိုင်နှုန်းတိုးစေပါတယ်။ ဒါက အိပ်ပျော်နေတဲ့အချိန် ကောင်းမွန်တဲ့ အသက်ရှုနှုန်းကို ရဖို့အတွက် အများကြီးအထောက်အကူပြုစေပါတယ်။ စိုက်ပျိုးပြုစုမှုကလည်း တိုက်ရိုက်နေရောင်မဟုတ်ရင်တောင် အဆင်ပြေပါတယ်။ အမြဲရေလောင်းပေးစရာမလိုသလို အိုးထဲကမြေခြောက်မှသာ ရေလောင်းပေးရုံပါပဲ။
၆။ ပင့်ကူဂမုန်း(spider plant)

နာမည်အတိုင်း အရွက်တွေက ပင့်ကူလက်တံတွေလို သွယ်သွယ်မျှင်မျှင်လေးတွေနဲ့ အတော်လေး လှတဲ့ အိမ်တွင်းအလှစိုက်ပင်ပါ။ အစိမ်းနဲ့အဖြူကြားလေးက ကြည့်လို့လည်းလှသလို ညဘက်အောက်ဆီဂျင်ထုတ်ပေးတဲ့ အပင်မို့ အိပ်ခန်းထဲထားဖို့ သင့်တော်တဲ့အပင်လေးပါ။ညနေခင်းအချိန်တွေဟာ မြို့ပြမှာဆို လေထုအညစ်ညမ်းဆုံးအချိန်တွေပါ။ ပင့်ကူဂမုန်းတွေ အခန်းထဲ၊ အိမ်ထဲမှာရှိမယ်ဆို လေထုညစ်ညမ်းလို့ အသက်ရှုရခက်တဲ့ ဒါဏ်တွေကို သက်သာစေမှာပါ။ ပင့်ကူဂမုန်းတွေက ရေဆင်းကောင်းတဲ့ မြေတွေမှာဆို ကောင်းကောင်းရှင်သန်ပါတယ်။ရေအများကြီးမလောင်းမိဖို့ ၊အမြစ်တွေမပုတ်ဖို့တော့ ဂရုစိုက်ပေးပါနော်။
ဒီလိုအပင်လေးတွေသိပြီဖြစ်လို့ ကိုယ့်အနီးအနားမှာထားပြီး သဘာဝက ထုတ်ပေးတဲ့ အောက်ဆီဂျင်ကို ရယူနိုင်ပါပြီ။
ref:Apeksha Rawat Published: 11th November, 2019:https://www.fnp.com/article/do-you-know-which-plants-release-oxygen-at-night
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကနဂါးစက်ကို အရွက်ကနေ ဘယ်လိုမျိုးပွားလဲ သိချင်ပါတယ်
အောင်ကိုကို၀င်း
လွန်ခဲ့သော ၅ နှစ် ကနဂါးစက်ပင်ကမျိုးကွဲတွေရှိသေးလားဗျညဘက်အိပ်စက်နေစဉ်ကိုယ့်အနီးနားမှာထားရင်အန္တရာယ်ရှိနိုင်သလားဗျ
Bo Bo
လွန်ခဲ့သော ၅ နှစ် ကအမှန်က ဟင်းထဲထည့်ချက်တဲ့ပင်စိမ်းပင်မဟုတ်ပါဘူး။ ပင်စိမ်းပင်နဲ့တူတဲ့ ပင်စိမ်းနွယ်ဝင်တစ်မျိုးပါ။ Tulsi လို့ခေါ်ပါတယ်။
လီဗြောင်ဟွန်း
လွန်ခဲ့သော ၅ နှစ် ကရှားစောင်းကအာ့ဆို ကာဗွန်ဒိုင်အောက်ဆိုဒ်ပြန်မထုတ်လွှတ်ဘူးလား သိချင်လိုဘာ
U Kyaw
လွန်ခဲ့သော ၅ နှစ် ကကျွန်တော်လည်းစိုက်ထားတယ်ဗျ ကျွန်တော်သိချင်တာက ရှားစောင်းရောပင်စိမ်းရောကိုကျွန်တော်ကအိပ်ယာနားကခုံလေးပေါ်မှာတင်ထားပါတယ်ခင်ဗျ ကျွန်တော်မေးချင်တာကအာ့လိုအိပ်ယာနားမှာနေ့ရောညရောထားတာမှန်ရဲ့လား နေ့ဘက်ဆိုနေရောင်ခြည်အောက်မှာပြန်ထားပေးရမလား အပြင်ထုတ်ထားပေးရမလားပေါ့နော် မသိနားမလည်လို့မေးမိတာပါခင်ဗျ ပြောစကားဆိုစကားမှားရင်လည်းခွင့်လွှတ်ပေးကြပါခင်ဗျ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026