ဝါးပင်ကြီးထွားမှုကို အကျိုးပြုသော သဘာဝပတ်ဝန်းကျင်အခြေအနေများ
မိုးရွာသွန်းမှု
အထူးသဖြင့် မျှစ်ထွက်သောကာလနှင့် ဝါးပင်ကြီးထွားအားကောင်းသော ကာလများတွင် ရေလုံလောက်စွာရရှိရန် လိုအပ်ပါသည်။ ရေလုံလောက်မှသာ ဝါးပင်ကြီးထွားမှု ပုံမှန်ဖြစ်ပေါ်သည်။
မြေတွင်းအစိုဓာတ်
မြေအတွင်းအစိုဓာတ်လိုအပ်ချက်မှာ ဝါးပင်အမျိုးအလိုက် ကွဲပြားသည်။ ခြောက်သွေ့သော ရာသီတွင် ဝါးရုံပတ်လည် အစိုဓာတ်လုံလောက်စွာရရှိစေရန် သစ်ရွက်ခြောက်/သစ်ကိုင်းခြောက်များကို အပင်ခြေတွင် ဖုံးပေးရန်လိုပါသည်။
ရေထုတ်ကောင်းခြင်း
ဝါးရုံပတ်လည်မြေအတွင်း အစိုဓာတ် လွန်ကဲခြင်း၊ ရေဝပ်ခြင်း၊ တို့သည် ဝါးပင်ရှင်သန်မှုကို ထိခိုက်စေပြီး မှိုရောဂါလည်း ကျရောက်တတ်သည်။ ထိုအခြေအနေဖြစ်ပါက ရေထုတ်ကောင်းအောင် အရေးတကြီး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
အပူချိန်
အပူပိုင်းဒေသများတွင် အပူချိန်ကြောင့် ပြဿနာမရှိနိုင်ပါ။ သမပိုင်း/အအေးပိုင်းဒေသများတွင် အပူပိုင်းထက် အပူချိန်ကြောင့် ပိုမိုထိခိုက်နိုင်သည်။
အလင်းရောင်
အလင်းရောင်လိုအပ်ချက်မှာ ဝါးရုံ၏သိပ်သည်းမှု ဝါးတောအတွင်း အခြားပင်များ တည်ရှိမှုအပေါ်မူတည်သည်။ မတ်စောက်သော ကုန်းမြေရှိ ဝါးပင်များသည် ပို၍ ဖြောင်းတန်းမြင့်မားသည်။ နေရာလုံလောက်စွာ ရရန်အတွက်လည်း ဖြစ်သည်။
မြေအမျိုးအစား
မြေအမျိုးအစား အမျိုးမျိုးမှာပင် ဖြစ်ထွန်းနိုင်သည်။ သို့သော် သစ်ကောင်းရရှိလိုပါက မြေစေး၍ သြဂဲနစ်ပစ္စည်းကြွယ်ဝသော မြေမှာ စိုက်ပျိုးရမည်။
မြေအနေအထားအမျိုးမျိုး
မြေအနေအထားအမျိုးမျိုးတွင် ဝါးပင်ကြီးထွားမှု ပုံစံအမျိုးမျိုးဖြစ်သည်။ မြစ်ဝကျွန်းပေါ်လယ်မြေတွင် ဖြစ်ထွန်းသော ဝါးပင်တွင် ရေဓာတ်ပါဝင်မှုမြင့်သည်။ ဥပမာ ဝါးနက် အချို့ဝါးများသည် ရေစီး ရေထုတ်ကောင်းသော ကုန်းစောင်းမြေများတွင် ပို၍ ဖြစ်ထွန်းသည်။ ဥပမာ ဝါးဘိုးမျိုးနှင့် ကြသောင်းဝါးမျိုး ဝါးဖြူကြီးမျိုးများကို တောင်စောင်းမြေတွင် စိုက်ပါက ဝါးပင်ဖြောင့်မတ်ပြီး ဝါးသားအရည်အသွေး အလွန်ကောင်းသည်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ပေါက်ရောက်သော ဝါးအချို့မျိုးစိတ်များမှာ ခြောက်သွေ့၍ ကျစ်လစ်မာကြောပြီး ဝါးလုံးအခေါင်းပေါက်ကျဉ်းသည်။ အချို့ပူပြင်းခြောက်သွေ့၍ ကျစ်လစ်မာကြောပြီး ဝါးပင်များသည် အပင်ပုပြီး ဆူးပုံသဏ္ဍာန်အတက်များကို တွေ့ရသည်။ ပူပြင်းခြောက်သွေ့ဒဏ်ခံနိုင်ရန်ဖြစ်သည်။
လူတို့၏ စီမံပြုပြင်မှု
လူတို့၏ စီမံပြုပြင်မှုသည် ဝါးပင်ကြီးထွားသန်စွမ်းမှုအတွက် များစွာလိုအပ်သည်။ ဝါး၏ တန်ဖိုးနှင့် ဝါးတောပတ်ဝန်းကျင်အကျိုးပြုပုံကို နားလည်သိရှိမှုအပေါ်မူတည်၍ လူတို့၏ စီမံခန့်ခွဲမှုအမျိုးမျိုး ကွဲပြားနိုင်ပါသည်။ လူတို့၏ စီမံပြုပြင်မှုကောင်းလျှင် ကောင်းသလိုအကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။
ဂေဟဗေဒစက်ဝိုင်း
သဘာဝဝါးတောနှင့် ဝါးပင်၏ ပတ်ဝန်းကျင်တို့သည် သက်ရှိသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်အမျိုးမျိုး ကွဲပြားဖြစ်ပေါ်ခြင်း အပေါ်မူတည်သည်။ သဘာဝပတ်ဝန်းကျင်အမျိုးမျိုး ကွဲပြားဖြစ်ပေါ်ခြင်းအပေါ်မူတည်သည်။ သဘာဝပတ်ဝန်းကျင်ကွဲပြားခြားနားမှုတွင် အလျင်အမြန် ပြောင်းလဲခြင်းသည် ပိုးမွှား၊ တိရစ္ဆာန်၊ စသည့် သက်ရှိသတ္တဝါများကြောင့် ဖြစ်ပေါ်ရပြီး အနှေးပြောင်းလဲခြင်းသည် ရေ၊ ကာဗွန်၊ နိုက်ထရိုဂျင်၊ ဖော့စဖိတ်စသည့် သက်မဲ့ဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်ရသည်။
ရတနာစိုး (ဂေဟဗေဒ စနစ်ဖြင့် ဝါးပင်များ ရှင်သန်ဖွံ့ဖြိုးစေဖို့)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....