သတ်မှတ်ထားတဲ့ မြေဩဇာဥပဒေတွေ
ဥပဒေဆိုတာကတော့ စားသုံးသူရော ထုတ်လုပ်သူကိုရော အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။ ဆိုတော့ မြေသြဇာ ဥပဒေက တားမြစ်ချက်တွေကို လေ့လာကြည့်ရအောင်ခင်ဗျ
တားမြစ်ချက်တွေရဲ့ ပထမဆုံးအချက်ဖြစ်တဲ့
အပိုဒ် (၃၁) မှာ မှတ်ပုံတင်လက်မှတ်မရှိဘဲ မြေသြဇာတွေကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း နှင့် တင်သွင်းခြင်း၊ တင်ပို့ခြင်းများ ပြုလုပ်ခွင့်မရှိပါလို့ ဆိုပါတယ်။
အပိုဒ် (၃၂) လိုင်စင်မရှိပဲ မြေသြဇာတွေကို စီးပွားရေးအလို့ငှာ သိုလှောင်ခြင်း (သို့) ဖြန့်ဖြူးရောင်းချခွင့်မရှိပါ။
အပိုဒ် (၃၃) မြေသြဇာအတုကိုဖြစ်စေ၊ မူလစံချိန်စံညွှန်း နှင့် ကိုက်ညီခြင်းမရှိသော မြေသြဇာကိုထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရ။
အထက်ပါ အချက်တွေထဲက တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ် (၃) နှစ် အထိ ဖြစ်စေ၊ ငွေဒဏ် (၁၀)သိန်းအထိဖြစ်စေ၊ ဒဏ် (၂)ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဒါ့အပြင်ကို ပြစ်မှု နဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းကို သိမ်းဆည်းမှာဖြစ်ပါတယ်။ ပြီးရင် စိုက်ပျိုးရေးဦးစီးဌာနက လွှဲပြောင်းလက်ခံရယူမှာဖြစ်ပါတယ်။
နောက်တစ်ခုက
အပိုဒ် (၃၅) မည်သူမျှ မြေသြဇာကို စိုက်ပျိုးရေးလုပ်ငန်းမှ အပ အခြားနည်း သုံးစွဲခြင်း မပြုရ ဆိုတဲ့ အချက်ပါ။
ဒီအချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေကျပ် (၅)သိန်းအထိဖြစ်စေ၊ ပြစ်ဒဏ် (၂)ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒါကတော့ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ပြန်လည်ပြင်ဆင်ထားတဲ့ မြေသြဇာဥပဒေပါ တားမြစ်ချက်နဲ့ ပြစ်ဒဏ်တွေပဲဖြစ်ပါတယ်။
ဆိုတော့ ဈေးကွက်ထဲမှာရှိနေတဲ့ မြေသြဇာတွေက တရားဝင် ရောင်းနေတာလား တရားမဝင်ရောင်းနေတာလားကို ဘယ်လို သိနိုင်မလဲဆိုရင်
မှတ်ပုံတင် နံပါတ်ကို အိတ်ခွံ၊ ဘူးခွံတွေမှာ ရှာကြည့်ပါ။
ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ မြေသြဇာတွေဆိုရင် ထလ နဲ့ မှတ်ပုံတင်နံပါတ် ထုတ်ပေးပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ မြေသြဇာတွေကို တသ နဲ့ မှတ်ပုံတင် နံပါတ် ထုတ်ပေးပါတယ်။
ဥပမာ - ထလ တသ
ဒါတွေ မပါရင် မှတ်ပုံတင်ပြီး ရောင်းချနေတဲ့ မြေသြဇာတွေ မဟုတ်ဘူးဆိုတာ လုံးဝ သေချာပါတယ်။ တစ်ချို့က ပုံမှားရိုက်ကြပါသေးတယ်။ ဓာတ်ခွဲတဲ့ အဆင့်မှာ ပေးတဲ့ ဓခ စာအမှတ်ကို ခပ်တည်တည်နဲ့ ရိုက်ထည့်ထားတတ်ကြပါတယ်။
အညွှန်းကိုဖတ်ကြည့်ပါ။ မြေအသုံးချရေးဌာနခွဲက မှတ်ပုံတင်တဲ့အချိန်မှာ အညွှန်းစာကို အသေးစိပ်ကြည့်ပါတယ်။
ထုတ်လုပ် သို့ တင်သွင်းတဲ့ကုမ္ပဏီရဲ့ အမည်နဲ့လိပ်စာ ပါကို ပါရပါတယ်။
အသုံးပြုပုံ နည်းစနစ်တွေဟာ အားလုံး မြန်မာလိုပဲဖြစ်ရပါတယ်။ ဘာစာမှမပါဘူး၊ စာတော့ပါပါတယ်။ မြန်မာဘာသာမဟုတ်တဲ့ တစ်ခြားဘာသာစကားတွေဖြစ်နေတယ်ဆိုရင် သုံးစွဲဖို့ စဉ်းစားပါ။
ပြီးတော့ အင်တာနက်ဖွင့်ပြီး ဒီlinkမှာလည်း စစ်ဆေးကြည့်လို့ရပါတယ်။ https://landusedivision.doa.gov.mm/
မှတ်ပုံတင်ခြင်းကနေ တင်သွင်းလား ထုတ်လုပ်လားကနေ ရှာကြည့်လို့ရပါတယ်။

ဘာလို့ မှတ်ပုံတင်ထားတဲ့ မြေသြဇာတွေကို သုံးခိုင်းတာလဲ ဆိုတော့
- အရည်အသွေး စိတ်ချရတယ်။
- ဓာတ်ခွဲ၊ အပင်မှာစမ်းသပ်ပြီးမှ မှတ်ပုံတင်လက်မှတ်ထုတ်လုပ်ပေးထားတာမို့ ဘာမှန်းမသိတဲ့ မြေသြဇာတွေနဲ့တော့ မတူတာ အမှန်ပါပဲ။
- တာဝန်ယူမှု တာဝန်ခံမှု အကြောင်း ပြောနိုင်တယ်။
- တရားဝင် တင်သွင်းရောင်းချတာမို့ တာဝန်ယူတာ တာဝန်ခံတာ တွေ ရှိနိုင်ပါတယ်။
မှတ်ပုံမတင်ထားတဲ့ မြေသြဇာတွေက အခြားနိုင်ငံတွေကနေ ဈေးပေါပေါနဲ့ တင်သွင်းလာပြီး ဒီဖက်မှာ ဈေးကြီးကြီးနဲ့ရောင်းရလို့ဖြစ်ဖြစ် ကိုယ့်ကျိုးစီးပွားအတွက် လုပ်ကြတာမျိုးက ပိုများပါတယ်။
အရည်အသွေးပိုင်းကတော့ အထူးတလယ်ကြီး ကောင်းမွန်တယ်ဆိုတာမျိုး မရှိနိုင်ပါဘူး၊ ဘာပါလဲ ဆိုတာလည်း အိတ်ခွံပေါ်က ဂဏာန်းသက်သက်သာဖြစ်နိုင်ပါတယ်။ သူတို့ကို ဘယ်လိုမှ လိုက်ပြီးတော့ ဝာာဝန်ယူခိုင်း တာဝန်ခံခိုင်းဖို့ကတော့ မဖြစ်နိုင်ပါဘူး။ မြေသြဇာဥပဒေပါ အထက်ဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း တိုင်ကြားလို့ရနိုင်ပါကြောင်းပါခင်ဗျာ။
ဒါကတော့ မှတ်ပုံတင်ထားတဲ့ မြေသြဇာတွေရော မှတ်ပုံမတင်ထားတဲ့ မြေသြဇာတွေအတွက်ရော အကျုံးဝင်ပါကြောင်း..
Reference https://www.mlis.gov.mm/lsScPop.do?lawordSn=6792
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026