အစိမ်းရောင်လမ်း
ဆောင်းရာသီမှာပေါတဲ့ တောင်အော်ရွက်

ဆောင်းရာသီမှာပေါတဲ့ တောင်အော်ရွက်

ဆောင်းရာသီမှာသာရတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ တောင်အော်ရွက်လည်းပါတယ်။ နာမည်ကဆန်းပါတယ်။ တောင်အော်ရွက်နဲ့ ဆူးပန်းပေါင်းပြီး မန်ကျည်းမှဲ့လေးရောပြီး ချဥ်ဟင်းလေးချက်စားရင် အလွန်ကောင်းပါတယ်၊ အများအားဖြင့် ထမင်းဆိုင်တွေမှာ ရေစင်စင်ဆေးပြီး အတို့အမြှုပ်အနေနဲ့ထားပေးပါတယ်။ 

ဟော့ပေါ့ထဲ ထည့်စားရင်လည်း အလွန်လိုက်ဖက်ညီတယ်၊ သုပ်စားရင်လည်းရတယ်၊ အချို့က ရှာရှာဖွေဖွေ ကြော်စားတယ်၊ စွတ်ပြုတ်ထဲထည့်တယ်၊ ထူးခြားတာက သူ့ရနံ့ပါ၊ အနည်းငယ်စူးရှပြီး အရွက်က ကြွပ်ဆတ်တယ်၊ ဒီရနံ့ကြောင့်လည်း လူတွေ သဘောကြ နှစ်ခြိုက်ကြတာဖြစ်မယ်။ စားသုံးရင် လတ်လတ်ဆတ်ဆတ် စားသုံးသင့်ပါတယ်၊ ခဏနဲ့ ညှိုးလွယ်ပြီး အရွက်အရသာ ဆုံးရှုံးနိုင်ပါတယ်။ 

အရွက်က ဂန္ဓမာအရွက်နဲ့ဆင်တူတယ်၊ အရွက်တွေက အဝိုက်တွေပါသော bipinnately lobed leaves အမျိုးအစားဖြစ်ပြီး ရနံ aromatic ရှိကြတယ်။ တနှစ်ခံပင်ပျော့လေးဖြစ်တယ်၊ အရွက်ကိုသာစားရတာမို့ အချို့က "အရွက်စား ဂန္ဓမာ" လို့ခေါ်တယ်၊ အပင်အရွယ် တစ်ပေမကျော်ခင်မှာ အရွက်နဲ့ အရိုးနုကို ရောင်းချရန် ရိတ်သိမ်းကြရတယ်။ အရွက်အပါ အရိုးနုကိုဖြတ်ပြီး အစည်းလေးတွေစည်းရောင်းကြတယ်၊ အပွင့်ပွင့်သည်အထိမစောင့်ကြ၊ အစည်းထဲမှာ အဖူးနုလေးတွေသာပါတယ်၊ သူ့ရဲ့အပွင့်က အဝါရောင် နဲ့ အဖြူရောင်ဖြစ်တယ်၊ ဒီအပင်ကို ရှမ်းလို ဖတ်ချိဝိုး လို့ခေါ်ပြီး အေးမြသော ရာသီရှိသည့် ရှမ်းတောင်ပေါ်မှာ စိုက်ကြတယ်။ အရွက်ကို တရုတ် ဂျပန် ကိုရီးယား ထိုင်း ဟင်းလျာတွေမှာ ထည့်သွင်းစားကြတယ်၊ အလွန်လူသိများသော အရွက်ဖြစ်တယ်။ 

စားသင့်သောအပင် 

အပင်မှာ သတ္ထုဓာတ် ၊ ဗီတာမင် များ၊ နှင့် ပိုတက်စီယမ်ဓာတ်များကြွယ်ဝစွာပါတယ်။ သူ့မှာ လူသားတွေ ကျန်းမာရေးအတွက် ရေရှည်အကျိုးရှိစေသော အမျိုးမျိုးသော အန်တီအောက်စီဒင့် various antioxidants တွေကို အရွက် ပင်စည် အမြစ်တွေမှာပါတယ်။ ကိုယ်အလေးချိန်လျော့နည်းစေပြီး ကျောက်ကပ်၊ အဆုတ်၊ နှလုံးသွေးကြောနှင့် ပတ်သက်သောရောဂါများကို ကာကွယ်ပေးပါတယ်။ ခေါင်းကိုက် ခေါင်းမူးခြင်းကို သက်သာစေခြင်းအပြင် အမျိုးသမီးများတွင် အရေပြားချိုင့်ခြင်း၊ ဗိုက်ဖောင်းကာခြင်း၊ အရိုးဆုံးရှုံးခြင်း စသည့် ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ 

Ref:Wikipedia

ကိုသက်နိုင်ဦး

ဟုမ္မလင်း

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....