အေဇိုလာ အဇိုလာ
အေဇိုလာဆိုတာဘာလဲ?
ရေထဲမှာ ပေါက်ရောက်ကြတဲ့ အကိုင်းဖြာပြီးပေါ်နေတတ်တဲ့ အပင်လေးတွေပါ။ သူက တိရစ္ဆာန်တွေအတွက် အာဟာရတွေအများကြီးပါဝင်တာကြောင်မို့ နောက်ပိုင်းမှာ ခေတ်စားလာတဲ့ အပင်လေးတွေဖြစ်ပြီးတော့ တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ လယ်ခင်းထဲမှာပေါက်ရင်တောင် စပါးပင်တွေအတွက် နိုက်ထရိုဂျင်ကို ထောက်ပံ့ပေးနိုင်ပါသေးတယ်။ အဲ့လိုကြောင့် အေဇိုလာဆိုရင် စပါးခင်းထဲမှာ ဇီဝမြေသြဇာအဖြစ်တောင် ထည့်ကြတာဖြစ်ပါတယ်။ စိမ်းပြာရောင်ရှိတဲ့ အေဇိုလာလေးတွေက နိုက်ထရိုဂျင်ဖမ်းယူပေးတာကိုလည်း ကူညီပေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ။
ဘယ်နေရာတွေမှာ ပေါက်ကြလဲ?
ကန်တွေ၊ မြောင်းသွယ်လေးတွေ၊ စပါးခင်းရှိတဲ့ အပူချိန်နွေးနွေးနဲ့ သမပိုင်းနေရာတွေအထိ ပေါက်ရောက်စိုက်ပျိုးနိုင်ပါတယ်။
ဘယ်နေရာတွေမှာ သုံးလို့ရနိုင်မလဲဆိုတော့ ကျွဲ၊ နွား၊ ကြက်၊ ငါး စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေအတွက်လည်း အာဟာရပြည့်တဲ့အစာတွေအဖြစ် ထုတ်လုပ်ပေးနိုင်တာကြောင့်မို့ စိုက်ပျိုးကြတာဖြစ်ပါတယ်။
ဒါဆိုရင် အေဇိုလာကို သိပ္ပံနည်းကျဘယ်လိုခွဲခြမ်းထားသလဲဆိုတာကို လေ့လာကြည့်ရအောင်။
Family name – Salviniaceae
Botanical/Scientific Name – Azolla filiculoides
အေဇိုလာရဲ့ အကျိုးကျေးဇူးတွေ
(၁) နေရာဒေသသိပ်မရွေးပဲ စိုက်နိုင်ပျိုးနိုင်တဲ့အပြင်ကို ဖန်လုံအိမ် မှန်လုံအိမ်ထဲမှာတောင် စိုက်လို့ပျိုးလို့ရတဲ့ အမျိုးအစားဖြစ်ပါတယ်။
(၂) ပမာဏများများကို စိုက်ပျိုးလို့ရပြီးတော့ သုံးလို့ရတဲ့နေရာကလည်း များပါတယ်။
(၃) အေဇိုလာက လေထုထဲကကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင်ကို ကာဗွန်ဟိုက်ထရိတ်နဲ့ အမိုးနီးယားအဖြစ် ပြောင်းလဲပေးနိုင်တာကြောင့် အပင်တွေအတွက် သစ်စိမ်းမြေသြဇာ အဖြစ် အသုံးပြုပေးဖို့ သင့်တော်ပါတယ်။
(၄) အေဇိုလာကို အရည်ဖျော်ပြီးသုံးမယ်ဆိုရင်တော့ ဇင့်၊ အိုင်းယွန်းဓာတ်နဲ့ မဂ္ဂနိစ့် ကို စပါးအတွက် ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။
(၅) တစ်ချို့နိုင်ငံတွေရဲ့စပါးခင်းထဲမှာ အေဇိုလာတွေကိုသုံးပြီးတော့ ပေါင်းပင်တွေကိုနှိမ်နင်းဖို့အတွက် သုံးကြပါသေးတယ်။
(၆) သဘာဝအတိုင်းဆိုရင်တောင် အေဇိုလာက အပင်ကြီးထွားဖို့လိုအပ်တဲ့ ဗီတာမင်နဲ့ အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
(၇) အဲ့လိုလုပ်ပေးနိုင်တာကြောင့် သီးနှံအထွက်နဲ့ အရည်အသွေးကို ကောင်းမွန်စေပါတယ်။
(၈) အေဇိုလာနဲ့ ရေမျက်နှာပြင်ကို အကာအကွယ်လို လုပ်ထားပေးတာကြောင့် ရေငွေ့ပျံတာကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ အဲ့လိုဆိုတော့ အပင်တွေလည်း ရေငွေ့ခံရတာ သက်သာတာပေါ့။
(၉) နို့စားတိရိစ္ဆာန်လေးတွေကို ကျွေးတယ်ဆိုရင် နို့အထွက်တိုးအောင် ကူညီပေးနိုင်ပါသတဲ့။
ကဲ ဒါကတော့ အေဇိုလာနဲ့ ပတ်သက်တဲ့ဗဟုသုတကို ဖော်ပြပေးတာပါ။ အေဇိုလာစိုက်ပျိုးနည်းကိုတော့ နောက်ဆောင်းပါးမှာ ဆက်လက်စောင့်မျှော်ပေးကြပါဦး။
ထွန်းဝင်းကျော်
Ko Sai
လွန်ခဲ့သော ၂ နှစ် ကဘယ်မှာဝယ်လို့ရမလဲ
U Naing
လွန်ခဲ့သော ၃ နှစ် ကစပီရူလိုင်းနားနဲ့တူလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....