အစိမ်းရောင်လမ်း
နွေစပါးသီးထပ်အဖြစ် စိုက်ပျိုးရန်သင့်တော်သည့် သက်တမ်းတို၍ အထွက်နှုန်းကောင်းသော ရွှေရီတိုးစပါး

နွေစပါးသီးထပ်အဖြစ် စိုက်ပျိုးရန်သင့်တော်သည့် သက်တမ်းတို၍ အထွက်နှုန်းကောင်းသော ရွှေရီတိုးစပါး

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR- ရေဆင်း)၊ ဇီဝနည်းပညာ သုတေသနဌာနစုအနေဖြင့် အပင်တစ်သျှူးနည်းပညာ၊ မော်လီကျူလာနည်းပညာနှင့် အပင်တစ်သျှူးနှင့် မော်လီကျူလာနည်းပညာ ပေါင်းစပ်သုတေသနပြု စမ်းသပ်ခြင်းများအသုံးပြု၍ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် စပါးမျိုးများ၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် စပါးမျိုးများ၊ အရည်အသွေးကောင်းနှင့် အထွက်ကောင်း စပါးမျိုးများ၊ သက်တမ်းတို စပါးမျိုးများကို ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

ဇီဝနည်းပညာ သုတေသနဌာနစုအနေဖြင့် မြန်မာနိုင်ငံ စပါးစိုက်ပျိုးမြေများတွင် အများဆုံးစိုက်ပျိုးသည့် မနောသုခ စပါးမျိုးအား နွေစပါးသီးထပ် စိုက်ပျိုးကြသည့် တောင်သူလယ်သမားများအတွက် ရည်ရွယ်၍ မနောသုခနှင့် အထွက်နှုန်း၊ ဆန်အရည်အသွေး၊ စားသုံးမှုတူညီပြီး သက်တမ်းတိုသည့် စပါးမျိုးရရှိရန်အတွက် မနောသုခစပါးမျိုးအား အဖိုဝတ်မှုန်အိတ် မွေးမြူနည်း (Rice Anther Culture) ကို အသုံးပြုမွေးမြူခြင်း သုတေသနလုပ်ငန်းကို ၂၀၁၅- ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ရရှိလာသည့် မနောသုခ (Double Haploid, DH) မျိုးလိုင်းများထဲမှ ဗီဇတည်ငြိမ်ပြီး၊ မိဘ မနောသုခမျိုးထက် သက်တမ်းတိုသည့် မျိုးလိုင်းများအား ရွေးချယ်၍ အထွက်နှုန်းတည်ငြိမ်မှု၊ ရေ၊ မြေ၊ ဒေသ အခြေအနေပေါ်မူတည် ဖြစ်ထွန်းနိုင်မှု၊ ဗီဇနှင့် ပတ်ဝန်းကျင်တို့ အပြန်အလှန် တုံ့ပြန်မှုတွင် အထွက်နှင့် အထွက်မိတ်ဖက်များကို ဒေသစံထားမျိုးများနှင့် နှိုင်းယှဉ်ခြင်းများ အဆင့်ဆင့်စမ်းသပ်စစ်ဆေးပြီး၊ အကောင်းဆုံး မျိုးလိုင်းတစ်လိုင်းဖြစ်သည့် မနောသုခ (MDH 9-1-17) မျိုးလိုင်းသစ်ကို ရွေးချယ်ခဲ့ပါသည်။ 

အဆိုပါ အဆင့်ဆင့် ရွေးချယ်ရရှိလာသော အလားအလာကောင်းသည့် မနောသုခ (MDH 9-1-17) မျိုးလိုင်းအား ၂၀၁၆ ခုနှစ်၊ မိုးရာသီနှင့် ၂၀၁၇ ခုနှစ်၊ နွေရာသီတို့တွင် ရေဆင်း၊ ကျောက်တံတားနှင့် ကျိုင်းတုံဒေသတို့၌ တောင်သူများ ပူးပေါင်းပါဝင်သည့် သရုပ်ပြစမ်းသပ်ကွက်များ စမ်းသပ်ဆောင် ရွက်ခဲ့ပြီး၊ သက်တမ်းတိုခြင်း၊ အထွက်နှုန်းတည်ငြိမ်ခြင်း၊ တောင်သူများ ကြိုက်နှစ်သက်ခြင်း၊ ဆန်အရည်အသွေးနှင့် စားသုံးမှုကောင်းခြင်းစသည့် လက္ခဏာများ တွေ့ရှိခဲ့ရခြင်းကြောင့်၊ မနောသုခ အဖိုဝတ်မှုန်အိတ် မွေးမြူနည်းဖြင့် ရရှိလာသည့် မနောသုခ (MDH 9-1-17) မျိုးလိုင်းသစ်အား၊ ရွှေရီတိုးစပါးမျိုးအဖြစ် အမည်ပေးကာ မျိုးသစ်အဖြစ် အသိအမှတ်ပြုရန် ၂၀၁၉ ခုနှစ်၊ မတ်လက မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ (TSC) သို့ မှတ်ပုံတင်  လျောက်ထားပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဇီဝနည်းပညာသုတေသနဌာနစု၏ တောင်သူအကျိုးပြု သုတေသနရလဒ်အဖြစ် တင်ပြအပ်ပါသည်။

ရွှေရီတိုးစပါး၏ အရည်အချင်းလက္ခဏာများ

အသက်ရက်- ၁၁၅ ရက်

အပင်အမြင့်- ၈၉.၆ စင်တီမီတာ

အောင်စေ့ရာခိုင်နှုန်း- ၉၃.၇၇%

အစေ့(၁၀၀၀) အလေးချိန်- ၁၆.၃၀ ဂရမ်

အမိုင်းလို့စ်ရာခိုင်နှုန်း - ၂၆.၇၄%

ဆန်ရည်ဆန်သား- ကြည်

ဆန်ထွက်ရာခိုင်နှုန်း- ၇၃%

အထွက်နှုန်း - ၉၅- ၁၀၀ တင်း/ဧက

စိုက်ပျိုးသင့်သော ဒေသများ- မိုးရေသောက်၊ ဆည်ရေသောက် ဒေသများ

ထူးခြားချက်- အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်း၊ ဆန်သားကြည်ခြင်း၊ စားသုံးရာတွင် နူးညံ့ခြင်း၊ နွေစပါးအဖြစ်စိုက်ပျိုးနိုင်ခြင်း။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR)

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ချမ်းပြည့်အောင်

ချမ်းပြည့်အောင်

လွန်ခဲ့သော ၅ နှစ် က

စပါးနမူနာပုံပြကြည့်ပေးပါ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....