မကွေးဒေသအနီးတစ်ဝိုက်က နှမ်းစိုက်တောင်သူတွေနဲ့ ဖြန့်ဖြူးထုတ်လုပ်ရောင်းချသူ၊ စားသုံးသူများအတွက် သတင်းကောင်း
မကွေးတိုင်းဒေသကြီးရဲ့ အဓိကထွက်ကုန်တစ်ခုဖြစ်တဲ့ နှမ်းသီးနှံနဲ့ပတ်သက်သမျှ ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ဖြည့်ဆည်းပေးဖို့အတွက် MySFA ရှိပါတယ်။ မကွေးမြို့နယ်မှာဖွင့်လှစ်ထားတဲ့ မြန်မာ့နှမ်းစိုက်တောင်သူများအသင်း - MySFA ရဲ့ နှမ်းကုန်ချောထုတ်စက်ရုံမှာ ရယူနိုင်မယ့်ဝန်ဆောင်မှုတွေကတော့ -
“တောင်သူများအတွက်” စိုက်ပျိုးချိန်အမီ မိမိတို့မြေယာတွေကို အကောင်းဆုံးပြုပြင်နိုင်ဖို့ အတွက် ထွန်စက်ဝန်ဆောင်မှုနဲ့ နှမ်းရိတ်သိမ်းချိန်မှာ အဆင်ပြေဆုံးဖြစ်စေဖို့ နှမ်းရိတ်စက်ဝန်ဆောင်မှုတို့အပြင် သွင်းအားစုတွေဝယ်ယူတဲ့အခါမှာဖြစ်ဖြစ်၊ သီးနှံတွေ ရောင်းချတဲ့အခါပဲဖြစ်ဖြစ် သယ်ယူပို့ဆောင်ရေးအဆင်ပြေစေမယ့် ကုန်ကားအငှားဝန်ဆောင်မှုကိုလည်း ရရှိနိုင်မှာပါ။
“နှမ်းတောင်သူတွေနဲ့ နှမ်းသီးနှံစေ့၊ မျိုးစေ့ ဖြန့်ဖြူးထုတ်လုပ်ရောင်းချသူတွေအတွက်” အရည်အသွေးကောင်းထုတ်ကုန်တွေ ရောင်းချနိုင်ဖို့အတွက်လည်း အရေးကြီးတဲ့ တန်ဖိုးမြှင့်ထုတ်ကုန် (Value added) ဝန်ဆောင်မှုအနေနဲ့ နှမ်းမျိုးစေ့သန့်စင်စက်၊ အရောင်ခွဲစက်စတဲ့ အဆင့်မြင့်ခေတ်မီစက်တွေကို အသုံးပြုပြီးတော့ လူကြီးမင်းတို့ရဲ့ နှမ်းသီးနှံစေ့၊ မျိုးစေ့များအတွက် အရောအနှောကင်းစင်အောင် အကောင်းဆုံးခွဲခြားသန့်စင်ပေးတဲ့ ဝန်ဆောင်မှုကိုလည်း ရယူနိုင်ပါတယ်။
“နှမ်းသီးနှံစေ့နဲ့ မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေ” ရဲ့ထုတ်ကုန်တွေကို လုံခြုံစိတ်ချစွာ သိုလှောင်နိုင်ဖို့အတွက်လည်း သီးသန့်ဝန်ဆောင်မှုအဖြစ် MySFA ရဲ့ သိုလှောင်ရုံမှာ အရည်အသွေးမပျက် စနစ်တကျသိမ်းဆည်းမှုတွေနဲ့ လူကြီးမင်းတို့ရဲ့ ထုတ်ကုန်များကို ထိန်းသိမ်းပေးမယ့်ဝန်ဆောင်မှုကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
အရောအနှောကင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နှမ်းဆီကောင်းကောင်းကိုမှ ရယူလိုတဲ့ “စားသုံးသူမိဘပြည်သူများအတွက်” တော့ အထူးဝန်ဆောင်မှုအနေနဲ့ GAP နှမ်းစိုက်တောင်သူတွေနဲ့ချိတ်ဆက်ပြီး နှမ်းကုန်ကြမ်းကနေ နှမ်းဆီရရှိတဲ့အထိ ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။ မိမိတို့ယာကထွက်တဲ့နှမ်းကို ဆီကြိတ်ယူလိုတဲ့ တောင်သူတွေအတွက်လည်း MySFA က ဝန်ဆောင်မှုပေးဦးမှာပါ။
ဒီဝန်ဆောင်မှုတွေကို ရယူဖို့အတွက်ဆိုရင်တော့ ဖုန်းနံပါတ် 09-40165 9397, 09-76076 8886 တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာလိုသူများအနေနဲ့ မြန်မာ့နှမ်းစိုက်တောင်သူများအသင်း MySFA တည်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။
MySFA ၏ ယခုကြော်ငြာအစီအစဉ်ကို GIZ-SAFI ပရောဂျက်မှ ပံ့ပိုးကူညီပါသည်။
အောင်ကျော်ဇော
လွန်ခဲ့သော ၅ နှစ် ကရပ်စောက်မှာစိုက်လိုရလာနှမ်း
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကနှမ်းဘရ်စျေးရှိpလဲဗျ
ko myo
လွန်ခဲ့သော ၅ နှစ် ကနှမ်းပင်မကောင်လို့ဘာလုတ်ရမလည်း
အားဖူ
လွန်ခဲ့သော ၅ နှစ် ကနှမ်းမည်းမျိုးက တနှစ်စိုက်ပြီး မျိုးအဖြစ်ပြန်သုံးလို့ရသလားခင်ဗျာ
Mg Ko Oo
လွန်ခဲ့သော ၅ နှစ် ကနှမ်းအထွက်တိုအောင်ဘယ်မျိုးလှပ်ရမလဲအကို
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026