“ပေါင်းရော ပြောင်းရော သေနေတာ” - ပေါင်းသတ်ဆေးအလွဲများနှင့် မြေဆီလွှာ ချဉ်းကပ်နည်းအသစ်
ပြောင်းစိုက်တောင်သူတွေကြားထဲမှာ လက်ရှိ အဖြစ်အများဆုံးနဲ့ အပြောအများဆုံး ဒုက္ခတစ်ခုကတော့ "ပေါင်းသတ်ဆေး ဖျန်းလိုက်တာ ပေါင်းလည်းသေ၊ ပြောင်းလည်းကြွေ" ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး စိုက်ခင်းထဲမှာ မိမိသီးနှံပါ ထိခိုက်သေဆုံး လာတဲ့အခါ တောင်သူအများစုက “ဆေးအတုမိလို့ပဲ” ဒါမှမဟုတ် “ဆေးက ပြင်းလွန်းလို့ပဲ” လို့ အလွယ်တကူ ကောက်ချက်ချတတ်ကြပါတယ်။
တကယ်တော့ အပင်တွေ သေကုန်ရတဲ့နောက်ကွယ်မှာ တရားခံက တစ်ဦးတည်းမဟုတ်ပါဘူး။ သိပ္ပံနည်းကျ အကြောင်းရင်းများစွာ ရှိနေပါတယ်။
ဓာတ်ခွဲခန်းအမြင်ဖြင့် ကြည့်ခြင်း- ပြောင်းခင်းကို ဒုက္ခပေးနေသည့် အဓိကအချက် (၄) ချက်
(၁) ဆေးမှုန့်များ လေလွင့်မျောပါခြင်း (Spray Drift)
ဒါက အဖြစ်အများဆုံးအချက်ပါ။ တောင်သူတွေအနေနဲ့ Glyphosate၊ Paraquat နဲ့ 2,4-D တို့လို ပေါင်းသတ်ဆေးတွေကို ဖျန်းတဲ့အခါ လေတိုက်နှုန်းကို သတိမထားမိတတ်ကြပါဘူး။ လေအနည်းငယ်တိုက်ရုံနဲ့တင် ဆေးအမှုန်လေးတွေက လွင့်ပါသွားပြီး ပြောင်းရွက်ပေါ် ကျရောက်ကာ အပင်ကို သေစေနိုင်ပါတယ်။
အထူးသဖြင့် 2,4-D လို ဆေးမျိုးက အငွေ့ပျံလွယ်တဲ့ (Volatilization) သဘာဝရှိတာကြောင့် ဆေးဖျန်းတဲ့နေရာတင်မကဘဲ လေအောက်ဘက် မီတာရာချီဝေးတဲ့ သီးနှံခင်းတွေအထိပါ ပျက်စီးသွားစေနိုင်ပါတယ်။

(၂) ဆေးဖျန်းပုံးအတွင်း ဆေးအကြွင်းအကျန်များခြင်း (Tank Contamination)
ဒါကတော့ တောင်သူတွေ မကြာခဏဆိုသလို ပေါ့ဆမိတတ်တဲ့ အချက်ကြီးပါ။ ပေါင်းသတ်ဆေးဖျန်းထားတဲ့ ဆေးပုံးကို ရေစင်စင်မဆေးဘဲ အဲဒီပုံးထဲမှာတင် ရွက်ဖြန်းမြေဩဇာ ဒါမှမဟုတ် ပိုးသတ်ဆေးတွေ ထည့်ပြီး ပြောင်းခင်းကို ထပ်ဖျန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ပုံးထဲမှာ ကျန်နေတဲ့ ဆေးပမာဏ အနည်းငယ်လေးကတောင် နုပျိုတဲ့ ပြောင်းပင်ပေါက်လေးတွေကို အလွယ်တကူ လောင်ကျွမ်း သေဆုံးစေနိုင်ပါတယ်။
#ပေါင်းပြီးမှမပိုးနဲ့တော့ (မှတ်သားစရာ တက္ကသိုလ်အတွေ့အကြုံ)
ကျမ တက္ကသိုလ်မှာ ဆရာမလုပ်စဉ်က စပါးခင်းကြီးတစ်ခုလုံး အကွက်လိုက် သေဖူးတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ အဖြစ်ကတော့... လူကြီးလာမှာမို့ အမြင်ရှင်းအောင်လို့ ဆိုပြီး အလုပ်သမားတစ်ယောက်က စိမ်းစိမ်းမှန်သမျှ အကုန်သေစေတဲ့ (Non-selective) ရွေးချယ်မဲ့ပေါင်းသတ်ဆေးကို လမ်းဘေးမြောင်းဘေးတွေမှာ လိုက်ဖျန်းပြီး ဆေးပုံးကို ထားခဲ့တယ်။
နောက်အလုပ်သမားတစ်ယောက်က စပါးခင်းမှာ ပိုးကျလို့ဆိုပြီး အဲဒီဆေးပုံးကို မဆေးဘဲ ပိုးသတ်ဆေးထည့်ကာ စပါးခင်းထဲ သွားဖျန်းလိုက်တာ။ နောက်ရက်လည်းကျရော စပါးခင်းတစ်ခုလုံး အကုန်သေပါလေရော။ တာဝန်ခံဆရာမခမျာ ပင်ပန်းခဲ့ရတာရော၊ လူကြီးအလာမှာ ရှက်စရာဖြစ်သွားတာရောမို့ မျက်ရည်ပါကျပြီး အဆူခံခဲ့ရပါတယ်။ ဒါကြောင့် သတိပေးချင်တာက... ပေါင်းသတ်ဆေးထည့်သုံးပြီးရင် ဆေးပုံးကို သေသေချာချာ သန့်စင်ပါ၊ မဟုတ်ရင်တော့ "ပေါင်းပြီးမှ မပိုးပါနဲ့တော့"။
(၃) ဆေးနှုန်းထား မှားယွင်းခြင်း (Dose Error)
"ပေါင်းမြန်မြန်သေ၊ သေချာသေစေချင်ဇော" နဲ့ ကုမ္ပဏီက ညွှန်ကြားထားတဲ့ အချိုးအစားထက် ပိုထည့်တာမျိုး ဖြစ်ပါတယ်။ ပေါင်းသတ်ဆေးတွေမှာ ပြောင်းပင်ကိုမသေစေဘဲ ပေါင်းမြက်ကိုပဲ သေစေတဲ့ "ရွေးချယ်သ-တ်ဖြတ်နိုင်စွမ်း (Selectivity)" ရှိသော်လည်း ဆေးနှုန်းထား လွန်ကဲသွားတဲ့အခါမှာတော့ အဲဒီစွမ်းရည် ပျက်ပြယ်သွားပြီး ပြောင်းပင်ပါ ရောသမမွှေ သေဆုံးသွားရော့တာပါပဲ။
(၄) မြေဆီလွှာအတွင်း ဆေးအကြွင်းအကျန် သက်ရောက်မှု (Herbicide Carry-over)
ဒါကတော့ မြေဆီလွှာအရေး စိတ်ဝင်စားသူတွေ သတိထားရမယ့်အချက်ပါ။ ရှေ့ရာသီ (သို့) အရင်သီးနှံမှာ Metsulfuron-methyl လိုမျိုး မြေဆီလွှာထဲမှာ ကြာရှည်ကျန်တတ်တဲ့ (Residual herbicide) တွေကို သုံးစွဲခဲ့ရင် နောက်ရာသီ ပြောင်းစိုက်တဲ့အခါ ပြောင်းပင်တွေက အမြစ်မဖွံ့ဖြိုးတော့ဘဲ ရွက်ဝါတာ၊ ကြီးထွားမှုရပ်တန့်တာတွေ ကြုံရတတ်ပါတယ်။
မျက်စိရှေ့တင်သေတာထက် ပိုကြောက်ရတဲ့ "တရွေ့ရွေ့ကျလာတဲ့ အထွက်နှုန်း"
မြေဆီလွှာသိပ္ပံပညာရှင် တစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်ရင် ပေါင်းသတ်ဆေးကြောင့် ပြောင်းပင်တွေ ချက်ချင်းသေသွားတာထက် "အပင်မသေဘဲ တဖြည်းဖြည်း အထွက်နှုန်းကျလာတဲ့ စိုက်ခင်းတွေ" က ပိုလို့တောင် စိုးရိမ်စရာကောင်းပါတယ်။
တောင်သူတွေက အထွက်နှုန်းကျလာတော့ မြေဩဇာလိုတယ်အထင်နဲ့ နိုက်ထရိုဂျင် (N)၊ ဖော့စ်ဖရပ် (P)၊ ပိုတက်စီယမ် (K) တွေကို တိုးပြီးကျွေးကြပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကျွေးကျွေး အထွက်နှုန်းက တက်မလာတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြဿနာက အာဟာရ မရှိလို့မဟုတ်ဘဲ ပေါင်းသတ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် မြေဆီလွှာဇီဝဗေဒ (မြေကြီးဂေဟစနစ်) ပျက်စီးသွားလို့ ဖြစ်ပါတယ်။
အနာဂတ် မြေဆီလွှာစီမံခန့်ခွဲမှုပုံစံသစ်
လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က မြေဆီလွှာကောင်းမွန်မှုကို အဟာရပါဝင်မှု (Soil Fertility = NPK) လို့ပဲ ရိုးရိုးရှင်းရှင်း မြင်ခဲ့ကြပေမဲ့ ယနေ့ခေတ်မှာတော့ မြေဆီလွှာအဟာရဗေဒရဲ့ အဓိပ္ပာယ်က ပြောင်းလဲသွားပါပြီ။

မြေဆီလွှာ ရေရှည်တည်တံ့ဖို့အတွက် အောက်ပါအချက်တွေကို ပိုမိုအာရုံစိုက်လာကြရပါတယ် -
- Soil Organic Carbon (မြေဆီလွှာ ကာဗွန်ဓာတ်): မြေဆီလွှာရဲ့ ဖွဲ့စည်းပုံကို ကောင်းမွန်စေသည်။
- Microbial Biomass Carbon (ဇီဝအကျိုးပြု ကာဗွန်ပမာဏ) : မြေဆီလွှာထဲရှိ အကျိုးပြုဇီတွေရဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးသည်။
- Rhizosphere Biology: အမြစ်ဝန်းကျင်ဇီဝဗေဒနှင့် အပင်အမြစ်တို့၏ ဆက်ဆံရေး။
- Mycorrhiza (မိုက်ကိုရိုင်ဇာ): အပင်အမြစ်တွေ အာဟာရနှင့် ရေကို ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးသည့် အကျိုးပြုမှို။
- အနာဂတ်စိုက်ပျိုးရေးမှာ "NPK ဓာတ်မြေဩဇာတွေကို ဘယ်လောက်ထည့်မလဲ" ဆိုတာထက် "NPK တွေကို မြေဆီလွှာထဲက အကျိုးပြုအဏုဇီဝသက်ရှိ (Microbial activity) တွေနဲ့ ဘယ်လိုပေါင်းစပ်မလဲ" ဆိုတာက အဓိက သော့ချက်ဖြစ်လာပါလိမ့်မယ်။
စနစ်သစ်တွင် တွဲဖက်သုံးစွဲရမည့် နည်းလမ်းများ -
- P-solubilizing bacteria: မြေကြီးထဲတွင် ခဲနေသော ဖော့စ်ဖရပ်ကို ပျော်ဝင်စေသည့် ဗက်တီးရီးယား။
- K-mobilizing bacteria: ပိုတက်စီယမ်ကို အပင်စုပ်ယူရလွယ်အောင် ပြောင်းလဲပေးသည့် ဗက်တီးရီးယား။
- Humic substances & Amino acids: မြေဆီလွှာဖွဲ့စည်းပုံကို ပြုပြင်ပေးပြီး အပင်၏ ရောဂါဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်း။
ဓာတ်မြေဩဇာ (NPK) တစ်မျိုးတည်းကိုပဲ ဇွတ်တိုးကျွေးပြီး မြေဆီလွှာကို ပေါင်းသတ်ဆေးများဖြင့် ဒုက္ခပေးနေမည့်အစား မြေဆီလွှာသက်ရှိများကို ပြန်လည်မွေးမြူခြင်းကသာ တောင်သူဦးကြီးများအတွက် ရေရှည်အကျိုးအမြတ်ကို သေချာစေမှာ ဖြစ်ပါတယ်။
ကိုအညာသား
လွန်ခဲ့သော ၁ ပတ် ကဒါဆို အပေါ်က ပျောင်းတွေသေရတဲ့ပျက်သနာက ဆေးမတာကြောင့်မဟုတ်ပဲ ဆေးသုံးတဲ့တောင်သူတွေရဲ့ အမှားကြောင့်လို့ ပြောချင်တာလား
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....