အစိမ်းရောင်လမ်း
အီးအမ်ဖြင့်ပေါင်းနှိမ်နင်းခြင်း

အီးအမ်ဖြင့်ပေါင်းနှိမ်နင်းခြင်း

အီးအမ်သည် ပေါင်းပင်ကိုမသေစေပါ။ အီးအမ်သည် ပေါင်းမျိုးစေ့များနှင့် ပင်ပိုင်းမျိုးပွားအင်္ဂါများကို ငုပ်လျှိုးကာလ (Dormancy) ပျက်ပျယ်စေပြီး လျှင်မြန်စွာအပင်ပေါက်စေသည်။ ဤအချက်ကို ပေါင်းနှိမ်နင်းရာတွင် အသုံးပြုနိုင်ပါသည်။ စပါးစိုက်ရန် မြေပြင်ရာတွင် ထယ်မထိုးမီ (၁၅) ရက်ခန့်ကြိုတင်၍ အီးအမ်ဖျန်းပါ။ အီးအမ်ဖျန်းခြင်းဖြင့် ပေါင်းမျိုးစေ့များအားလုံး ငုပ်လျှိုးကာလပျက်ပြီး အပင်ပေါက်လာမည်။ ထိုအခါမှ ထယ်ထိုးခြင်းဖြင့် ပေါင်းပင်များ အားလုံးမြေမြှုပ်ပြီးဖြစ်ပါမည်။

ပေါင်းပင်များအားလုံး ပုပ်ဆွေးပြီးမှ စပါးစိုက်ခြင်းအားဖြင့် စပါးခင်းတွင် ပေါင်းပေါက်မှု သက်သာစေမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ပေါင်းမျိုးစေ့များသည် ငုပ်လျှိုးကာလ အမျိုးမျိုးရှိသဖြင့် ငုပ်လျှိုးကာလအလိုက် ပေါင်းပင်များ အကြိမ်ကြိမ်ထွက်ရှိနေမည်ဖြစ်သဖြင့် ပေါင်းကို အကြိမ်ကြိမ် လိုက်နေရပါမည်။ ဥပမာ - ငုပ်လျှိုးကာလတစ်လရှိသော ပေါင်းပင်သည် ပထမထယ်ထိုးစဉ်က အပင်မပေါက်သေး၍ ထယ်ထိုးမွှေးစဉ်မသေဘဲ စပါးစိုက်ပြီးမှ ပေါက်လာပါမည်။ ထိုပေါင်းပင်ကို ရှင်းပြီးသောအခါတွင် ငုပ်လျှိုးကာလနှစ်လရှိသော ပေါင်းပင်ထပ်ပေါက်ပါမည်။

ဤသို့ဖြင့် ပေါင်းကိုအကြိမ်ကြိမ်ရှင်းနေရပါမည်။ ထယ်မထိုးမှီ အီးအမ်ဖျန်းထားပါက ပေါင်းမျိုးစေ့များ ငုပ်လျှိုးကာလပျောက်ပြီး အပင်ပေါက်သဖြင့် ထယ်ထိုးမွှေသောအခါ ပေါင်းပင်အားလုံးသေပြီးဖြစ်ပါမည်။ ထိုအခါပေါင်းအကြိမ်ကြိမ် ထပ်မပေါက်နိုင်သောကြောင့် ပေါင်းနှိမ်နင်းပြီးဖြစ်ပါသည်။

ပါမောက္ခ ဒေါက်တာမြင့်လွင်ရေးသားသော 'အကျိုးပြုအဏုဇီဝသက်ရှိများ 'စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

2
ကျော်ဇင်ဦး

ကျော်ဇင်ဦး

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပြုပြီး အီးအမ် ကိုဘယ်လောက်နူန်းထားသုံးရမလဲခမျာ

NICKY

NICKY

လွန်ခဲ့သော ၃ နှစ် က

emဘယ်လောက်ပမာဏ သုံးသင့်လဲတစ်ဧက ဆေးဖြန်းဘယ်နှဗုံး ဆေးတစ်ဗုံးမှာဘယ်လောက်ထည့်သင့် ရှင်းပြပေးပါ

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....