ရာသီဥတုပြောင်းလဲခြင်းက သီးနှံဖျက်ပိုးနဲ့ ရောဂါများအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ
ရာသီဥတုပြောင်းလဲခြင်းကြောင့် သီးနှံရောဂါများနှင့် အင်းဆက်ဖျက်ပိုးပျံ့နှံ့ခြင်းအားဟာ လျင်မြန်စွာပြောင်းလဲနေပါတယ်။ ဒါ့ကြောင့် ၄င်းတို့ကို ကာကွယ်နှိမ်နင်းရတာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။
ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အပူချိန်တွေမြင့်မားခြင်းဟာ သီးနှံတွေမှာ ကျရောက်တဲ့ အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ သက်ရောက်မှု အားလုံးဟာ ဆိုးကျိူးရှိမှာလား၊ ကောင်းကျိုးရှိမှာလားဆိုတဲ့ မေးခွန်းကတော့ ဖြေဖို့လိုနေသေးတဲ့ မေးခွန်းပါပဲ။
မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဟာ အရွက်တွေမှာ ရိုးရှင်းတဲ့ သကြားဓါတ်အဆင့်နဲ့ နိုက်ထရိုဂျင်ဓါတ်ပါဝင်မှုကို လျော့နည်းစေပါတယ်။ အဲဒီလိုဖြစ်ခြင်းဟာ များစွာသောအင်းဆက်တွေရဲ့ ဖျက်ဆီးမှုကို တိုးစေပါတယ်။ အင်းဆက်တွေဟာ ၄င်းတို့ရဲ့ ဇီဝကမ္မလိုအပ်ချက်ဖြစ်တဲ့ နိုက်ထရိုဂျင်ဓါတ်ကို ကာမိစေဖို့ အရွက်တွေကို ပိုစားပါတယ်။ ဒါ့ကြောင့် အင်းဆက်တွေရဲ့ဖျက်ဆီးမှုတိုင်းဟာ ပိုပြီးဆိုးဝါးပြင်းထန်ပါတယ်။ အဓိကအားဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်မြင့်တက်မှုရဲ့ အကျိုးဆက်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် အပူချိန်မြင့်မားခြင်းဟာ ပိုများတဲ့ ဖျက်ပိုးအရေအတွက်ကို ဆောင်းရာသီမှာ အသက်ရှင်သန်နိုင်တယ်လို့ ဆိုလိုတာပါ။ မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဟာ ရောဂါတွေရဲ့ ဆောင်းခိုခြင်းကို ပိုမိုလွယ်ကူစေပြီး အပူချိန်မြင့်တက်ခြင်းဟာ အပူကြိုက်မှိုတွေကို ရှင်သန်ဖို့အခွင့်အရေး ပေးပါတယ်။ အပူချိန်မြင့်တက်ခြင်းဟာ ကမ္ဘာဖက်ခြမ်း နှစ်ဖက်စလုံးတို့မှာ များစွာသော အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေကို ဝင်ရိုးစွန်းဖက်သို့ ပျံ့နှံ့စေပါတယ်။ ဒီလိုဖြစ်တာဟာ သမပိုင်းရာသီဥတုရှိတဲ့ ဇုံမှာ အချိန်ကာလပိုမိုရှည်ကြာစွာနဲ့ ပိုမိုတိုက်ခိုက်ခြင်းခံရပါတယ်။
ရာသီဥတုပြောင်းလဲခြင်းရဲ့ အခြားဖြစ်နိုင်တဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တစ်ဖက်မှာ ပိုမိုမြင့်တက်လာတဲ့ အပူချိန်ဟာ အချို့ပိုးသတ်ဆေးတွေရဲ့ ထိရောက်မှုကို နိမ့်ကျစေပေမဲ့ အခြားတစ်ဖက်မှာ များစွာသောရောဂါတွေရဲ့ သယ်ဆောင်ဖြန့်ဖြူးပေးတဲ့ အင်းဆက်တွေနဲ့ အင်းဆက်ဖျက်ပိုးတွေ၊ ရောဂါတွေရဲ့ သဘာဝသားရဲတိရစ္ဆာန်တွေကို အခွင့်အရေးပေးပါတယ်။ ဒါ့ကြောင့်မို့ အင်းဆက်ဖျက်ပိုးနဲ့ ရောဂါတို့အပေါ်မူတည်ပြီး မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဟာ အပူချိန်ပိုမိုမြင့်တက်လာတာနဲ့အတူ ကောင်းကျိုးရှိနိုင်သလို ဆိုးကျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုအပြန်အလှန် ဆက်နွယ်မှုတွေဟာ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ကနဦးကာကွယ်နှိမ်နင်းဖို့အတွက် အင်းဆက်ဖျက်ပိုး ဒါမှမဟုတ် ရောဂါတွေရဲ့ မျက်စိနဲ့မြင်နိုင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့လိုပါတယ်။
မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အပူချိန်တွေဟာ အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေရဲ့ ဖျက်ဆီးနိုင်တဲ့အဆင့်ကာလကို ပြောင်းလဲမြဲ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့သလို မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အပူချိန်တွေဟာ သက် ဆိုင်ရာ အင်းဆက်ဖျက်ပိုးနဲ့ ရောဂါတို့အပေါ်မူတည်ပြီး ကောင်းကျိုး ဒါမှမဟုတ် ဆိုးကျိုး ရှိနိုင်ပါတယ်။ ဒီပြောင်းလဲခြင်းတွေရဲ့ အကျိုးရလဒ်ကို ကြိုတင်သိမြင်နိုင်မှုမရှိဘဲ ကာကွယ်နှိမ်နင်းမှုကို စတင်ဖို့ အင်းဆက်ဖျက်ပိုး ဒါမှမဟုတ် ရောဂါရဲ့လက္ခဏာကို စောင့်ကြည့်ခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပါတယ်။ အဓိကသီးနှံအင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေကို လက်နဲ့ စစ်တမ်းကောက်ယူပြီး စုစည်းတာဟာ ကုန်ကျစရိတ်များပြီး မဖြစ်နိုင်သလောက်နီးပါးရှိပါတယ်။
ဒီအခြေအနေတွေအောက်မှာ မှိုစပိုးတွေနဲ့ အင်းဆက်ထောင်ချောက်ဒေတာတွေဟာ အင်းဆက်ဖျက်ပိုးနဲ့ ရောဂါတွေရဲ့ ကျရောက်မှုကို ကြိုတင်ခန့်မှန်းရာမှာ အကူအညီရစေပါတယ်။ ဆည်ရေသောက်နဲ့ မိုးရေသောက်သီးနှံအားလုံးကို လွှမ်းခြုံနိုင်ဖို့ ရောဂါကွန်ယက်နဲ့ အင်းဆက်ထောင်ချောက် ဗဟိုဌာနတွေကို တည်ထောင်ဖို့လိုပါတယ်။ ကွန်ယက်ဟာ အနည်းဆုံး စခန်းတွေနဲ့အတူ အဓိက ဆည်ရေသောက်သီးနှံတွေကို လွှမ်းခြုံနိုင်မှုကို သေချာစေဖို့အတွက် မိုးရွာသွန်းမှုညီညာသည့်ဇုံ ပုံကြမ်းနဲ့ သီးနှံ − ရာသီဥတုဇုံတွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
ကာကွယ်နှိမ်နင်းမှု လုပ်ဆောင်ချက်ကုန်ကျစရိတ်ကျော်လွန်မှုမှ သီးနှံဆုံးရှုံးမှုကိုကာကွယ်ဖို့ စီးပွားရေးအရ ထိခိုက်နိုင်မှုအဆင့် (ETL) ကို တိုင်းတာဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ စီးပွားရေးထိခိုက်နိုင်မှု အဆင့်ဆိုတာ သီးနှံဆုံးရှုံးမှုဟာ ကာကွယ်နှိမ်နင်းမှု ကုန်ကျစရိတ်ထက်ပိုတဲ့ အင်းဆက်အရေအတွက်ကို ဆိုလိုတာဖြစ်ပြီး ဒါဟာ ဖျက်ပိုး၊ သီးနှံ၊ ၄င်းတို့ရဲ့ ကြီးထွားမှုအဆင့်တွေအပေါ် မူတည်ပြီး ပြောင်းလဲပါတယ်။
ဒီလိုပဲ ရောဂါတွေမှာဆို အရေးကြီးတဲ့ ရောဂါအဆင့် (CDL) ဆိုတာ အဲဒီအဆင့်မရောက်ခင်မှာ မှိုသတ်ဆေး သုံးစွဲစရာမလိုဘဲ အဲဒီအဆင့်ကိုကျော်တာနဲ့ မှိုသတ်ဆေး သုံးစွဲရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မှိုစပိုးနဲ့ အင်းဆက်ထောင်ချောက်ဒေတာတွေကို အသုံးပြုကာ အင်းဆက်ဖျက်ပိုးတွေနဲ့ ရောဂါတွေကို ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းဖို့အတွက် အရေးကြီးသီးနှံ၊ အင်းဆက်ဖျက်ပိုးများနဲ့ ရောဂါတွေအတွက် စီးပွားရေးအရ ထိခိုက်နိုင်မှုအဆင့်နဲ့ အရေးကြီးတဲ့ရောဂါအဆင့်တို့ကို သတ်မှတ်ထားဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ရပေသည်။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020