အစိမ်းရောင်လမ်း
ထရိုင်ကိုဒါးမားမှိုက အပင်ရောဂါတွေကို ဘယ်လိုပုံစံနဲ့ ကာကွယ်ပေးနိုင်တာလဲ..

ထရိုင်ကိုဒါးမားမှိုက အပင်ရောဂါတွေကို ဘယ်လိုပုံစံနဲ့ ကာကွယ်ပေးနိုင်တာလဲ..

ထရိုင်ကိုဒါးမားမှိုကို မြေဆွေးအဖြစ်အသုံးပြုနိုင်သလို သီးနှံမြေဆောင်ရောဂါအချို့ကိုလည်း အလွန်ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်လို့ ရောဂါကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင် ပါတယ်။ နှစ်စဉ်ဆက်တိုက်အသုံးပြုပေးမယ်ဆိုရင် မြေဆောင်ရောဂါအချို့ကို မိမိရဲ့စိုက်ပျိုးမြေကနေ အပြီးတိုင်ကင်းစင်စေနိုင်ခြင်း၊ သီးနှံပင်ရဲ့အမြစ်ကြီးထွားမှုနဲ့ အားကောင်းစေခြင်း အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။ 

 

ဒီတော့ ထရိုင်ကိုဒါးမားမှိုက အပင်ရောဂါတွေကို ဘယ်လိုပုံစံတွေနဲ့ ကာကွယ်ပေးနိုင်တာလဲ??

 

ပထမအဆင့် မှာ အခြားမှိုမျှင် (ရောဂါ ဖြစ်စေသော မှို)များရှိနေမှုကို စတင်အာရုံခံပြီး ၎င်းမှိုမျှင်တွေရှိရာဘက်ကို ထိုးထွက်ကြီးထွားလာကြပါတယ်။ ထိုသို့ အာရုံခံနိုင်မှုမှာ ဆဲလ်နံရံတွေကို ဖျက်စီးနိုင်တဲ့ အင်ဇိုင်းကြောင့်ဖြစ်ပါတယ်။

ဒုတိယအဆင့် မှာ ထရိုင်ကိုဒါးမားမှိုက ရောဂါဖြစ်စေတဲ့ မှိုတွေနဲ့ ထိတွေ့တဲ့အခါ ၎င်းမှိုတွေကို ရစ်ပတ်ထားလိုက်ကြပါတယ်။

ရောဂါဖြစ်စေတဲ့ မှိုတွေကို ရစ်ပတ်ပြီး တတိယအဆင့်မှာ ကပ်ပါးပြုချေမှုန်းရန်အတွက် အင်ဇိုင်းများ ထုတ်လွှတ်ပြီး ပဋိဇီဝပစ္စည်း တစ်မျိုးကိုလည်း ထုတ်လွှတ်ပါတယ်။ ၎င်းပဋိဇီဝ ပစ္စည်းနဲ့ အင်ဇိုင်းမှိုတွေပေါင်း၍ ရောဂါဖြစ်စေတဲ့ မှိုရဲ့ အပြင်နံရံတွေကို ဖျက်စီးပစ်ပါတယ်။

စတုတ္ထအဆင့် မှာ ထရိုင်ကိုဒါးမားမှိုက မှိုမျှင်အသစ်တွေ ထပ်မံပေါက်ဖွား၍ ရောဂါဖြစ်စေတဲ့ မှိုမျှင်အတွင်း ၎င်းတို့ရဲ့ ပျက်စီးသွားတဲ့ ဆဲလ်နံရံအပေါက်တွေကတဆင့် တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ပါတယ်။

ထရိုင်ကိုဒါးမားရဲ့ အဓိက ဆောင်ရွက်ချက် နှစ်မျိုးမှာ အခြားမှိုတွေကို အဆိပ်သင့်စေတဲ့ ဒြပ်ပေါင်းတွေထုတ်လုပ်ခြင်းနဲ့ အခြားမှိုတွေကို အစာအဖြစ်စားသုံးပစ်ခြင်းဖြစ်ပါတယ်။

ထရိုင်ကိုဒါးမားမှိုနဲ့ ဓာတုမှိုသတ်ဆေးရဲ့ နှိုင်းယှဉ်သုံးသပ်ချက်

 

ထရိုင်ကိုဒါးမားမှိုက Scleroiorum ကြောင့်ဖြစ်တဲ့ ခါးရိရောဂါများ၊ Rhizoctioniကြောင့်ဖြစ်တဲ့ မြစ်ဆွေးရောဂါများ၊ Pythium ကြောင့်ဖြစ်တဲ့ ညှိုးသေရောဂါများ၊ Fusarium ကြောင့်ဖြစ်တဲ့ ညှိုးသေရောဂါများ၊  Aspergillus ကြောင့်ဖြစ်တဲ့ ပင်ရင်းပုပ်ရောဂါတွေကို ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။

ထရိုင်ကိုဒါးမားမှိုက ကောက်ရိုး၊ ပြောင်းရိုး၊ ကြံရွက်၊ ကြံကြိတ်ဖတ်၊ ပဲပင်နွယ်၊ မြက်နှင့်ပေါင်းပင်များကို လျှင်မြန်စွာဆွေးမြေ့စေနိုင်တဲ့ အစွမ်းသတ္တိလည်းရှိပါတယ်။ ၎င်းတို့ကို မူလ ရိုးရာနည်းဖြင့်မြေဆွေး ပြုလုပ်လျှင် ၃-လခန့် ကြာသော်လည်း ထရိုင်ကိုဒါးမားမှိုကို သုံးလျှင် ၃-၄ ပတ်ခန့်သာ ကြာပါတယ်။

 

ထရိုင်ခိုဒါးမားမှိုကို အများဆုံး အသုံးပြုနိုင်တဲ့နည်းတွေကတော့..

၁။ မျိုးစေ့နှင့် လူးနယ်ခြင်း

၂ ။ စပိုးဖျော်ရည်ထဲတွင် ပျိုးပင်အမြစ်ကို နှစ်စိမ်ခြင်း

၃။ စိုက်ချိန်တွင် မြေကြီးထဲသို့ထည့်ပေးခြင်း

၄။ မြေဆွေးလုပ်၍ အသုံးပြုခြင်း တို့ပဲ ဖြစ်ပါတယ်။

 

Ref: PC Myanmar မှ ထုတ်ဝေတဲ့ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

6
ကိုအောင်

ကိုအောင်

လွန်ခဲ့သော ၁ နှစ် က

ဘယ်မှာဝယ်ရမလည်းဗျ

ဦးဇေယျာထွန်း

ဦးဇေယျာထွန်း

လွန်ခဲ့သော ၄ နှစ် က

ဘယ်မှာဝယ်လို့ရလဲ

ဇော်ဇော်

ဇော်ဇော်

လွန်ခဲ့သော ၄ နှစ် က

ပြုလုပ်တဲ့နည်းလမ်းမျှဝေပေးရင်အများအကျိုးရှိစေမှာပါမျှဝေပေးစေချင်ပါတယ်

UYeMin

UYeMin

လွန်ခဲ့သော ၄ နှစ် က

ထရိုင်ကိုဒါးမားမှိုပြုလုပ်နည်းဆောင်းပါးလေးမတင်ပေးဘူးလားဆရာတို့ခင်ဗျာ

ဦးမြင့်အောင်

ဦးမြင့်အောင်

လွန်ခဲ့သော ၄ နှစ် က

ကြိုကိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် သာ၍ကောင်းပါသည်

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....