ဟင်းသီးဟင်းရွက် အရေးကြီးပုံ
ဟင်းသီးဟင်းရွက်သည် နေ့စဉ်စားသောက်နေရပြီး ကျန်းမာရေးအတွက် အရေးကြီး လှပါသည်။ ယနေ့ ကျန်းမာရေးဆိုင်ရာ မဂ္ဂဇင်း၊ စာစောင်များတွင် နုပျိုစွာ အသက်ရှည် ကျန်းမာ နေလိုကြ ပါလျှင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို များများ စားသုံးကြရန်နှင့် ၎င်းတို့ အထဲတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ပါဝင်သည့် အတွက် ခန္ဓာကိုယ် တစ်ရှူးဆဲလ်၏ နေရာတိုင်းတွင် ဓာတ်တိုးခြင်း ကြောင့် အိုမင်းရင့်ရော် ဖြစ်ပေါ်မှုကို ဟင်းသီးဟင်းရွက်တွင် ပါဝင်သော အကြို ဗီတာမင် A, B, C, E တို့က ဓာတ်တိုးမှုကို နှောင့်နှေးစေသည့်အတွက် လူသားများကို နုပျိုကျန်းမာစေသည်ဟု ဆိုကြပါသည်။
ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် အာဟာရဓာတ်များ တိုးတက် ရရှိစေသည်ကို ဖော်ပြ ရမည် ဆိုလျှင် -
(၁)ဟင်းသီးဟင်းရွက်သည် ဗီတာမင် A ဓာတ်ရရှိစေမည့် အကြောင်းတစ်ခု ဖြစ်သည့် β-Carotene ဘီတာ ကယ်ရိုတင်း မြောက်မြားစွာ ပါဝင်သည်။
ဥပမာ - ဟင်းနုနွယ်၊ မုန်လာဥနီ၊ ငရုတ်ရွက်၊ ဒန့်သလွန်ရွက်၊ မုန်ညင်းရွက်၊ ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး အရွက်နုများ၊ ဖရုံသီး။
(၂) ဟင်းသီးဟင်းရွက်သည် ဗီတာမင် B ဓာတ်ရရှိစေမည့် သိုင်ယာမင် (Thiamine)၊ ရိုင်ဗိုဖလေဗင် (Riboflavin)၊ နိုင်ယာစင် (Niacin) မြောက်မြားစွာ ပါဝင်ပါသည်။
ဥပမာ - ဒန့်သလွန်ရွက်၊ ပဲတောင့်ရှည်၊ အာလူး၊ ဗိုလ်စားပဲ၊ ပိန်းရိုးရွက်၊ ပြုတ်ပြီးသား ငရုတ်ရွက်။
(၃) ဟင်းသီးဟင်းရွက်သည် ဗီတာမင် C ဓာတ်ရရှိစေမည့် Ascrobic Acid အက်စ်ကော့ဗစ် အက်ဆစ် မြောက်မြားစွာ ပါဝင်ပါသည်။
ဥပမာ - ပြုတ်ပြီးသား ဒန့်သလွန်ရွက်၊ ဟင်းနုနယ်၊ မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ကိုက်လန်၊ နိုကို၊ ငရုတ်သီး အစိမ်းတောင့်။
(၄) ဟင်းသီးဟင်းရွက်သည် သံဓာတ် မြောက်မြားစွာ ပါဝင်ပါသည်။
ဥပမာ - ပြုတ်ပြီးသား ဟင်းနုနယ်၊ ငရုတ်ရွက်၊ ကိုက်လန်၊ ဒန့်သလွန်ရွက်။
(၅) ကြက်သွန်နီ၊ ရုံးပတီသီး၊ ကညွတ်များမှာ အိုင်အိုဒင်းဓာတ် များစွာ ပါဝင်သည်။
(၆) ပြောင်းဖူး၊ ပဲပင်ပေါက်၊ ကန်စွန်းဥ၊ သခွား၊ သခွားမွှေးတွင် ဗီတာမင် E မြောက်မြားစွာ ပါဝင်ပါသည်။
(၇) ဟင်းနုနယ်၊ ဘရိုကိုလီ၊ ကိုက်လန်တို့တွင် သွေးတိတ်စေရန် အားပေးသော ဗီတာမင် K ပါဝင်ပါသည်။
(၈) အရေးကြီးသည့် အချက်မှာ ဟင်းသီးဟင်းရွက်တွင် အမျှင်ဓာတ် ပေါများစွာ ပါဝင်ခြင်း ဖြစ်သည်။
ဥပမာ - မျှစ်၊ ပဲမြစ်၊ ပဲစင်းငုံ၊ ကန်စွန်းဥရွက်နု၊ ပဲနှောက်၊ ဒန့်သလွန်ရွက်၊ ငရုတ်သီး အစိမ်း။
ဟင်းသီးဟင်းရွက်မှ ရရှိသော အာဟာရဓာတ်များသည် အောက်ဖော်ပြပါ အကျိုးကျေးဇူး များကို ရရှိစေပါသည်။
ဗီတာမင် အေ (A) - ကြီးထွားမှုကို အားပေးသည်၊ ညမမြင်ရသော ကြက်မျက်သင့် ရောဂါကို ကာကွယ်ပေးသည်။
ဗီတာမင် ဘီ (B) - ကာဗိုဟိုက်ဒြိတ်နှင့် ပရိုတင်း တည်ဆောက်ရာတွင် အသုံးချပြီး အင်အားကို ဖြစ်စေပါသည်။ သွေးအားနည်းခြင်းကို ကာကွယ် ပေးသည်။
ဗီတာမင် စီ (C) - ခံတွင်းကောင်းခြင်း၊ အစာကြေခြင်း၊ အာရုံကြော ကောင်းမွန်ခြင်း တို့အပြင် အအေးမိ၊ နှာစေးခြင်းကို ကာကွယ်ပေးသည်။ သံဓာတ် စုပ်ယူ ရရှိမှုကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးသည်။
ဗီတာမင် အီး (E) - မှတ်ဉာဏ် ချို့ယွင်းမှုကို ဟန့်တားပြီး နုပျို အရွယ်တင်စေသည်။
သံဓာတ် (Iron) - အာဟာရကြောင့်ဖြစ်သော သွေးအားနည်းရောဂါကို ကာကွယ် ပေးသည်။
အိုင်အိုဒင်း (Iodine) - လည်ပင်းကြီး ရောဂါကို ကာကွယ် ပေးသည်။
အမျှင်ဓာတ် (Fibre) - ဝမ်းကို မှန်စေပြီး အစာချေစနစ် ပိုမိုကောင်းစေသည်။ အစာအိမ်၊ အူမကြီး ကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်ပေးသည်။
ဆေးဝါး ဓာတ်စာ - ဟင်းသီးဟင်းရွက်ကို ဆေးဝါးဓာတ်စာ အနေဖြင့်လည်း စားသုံး နိုင်သည်။ ဥပမာ-ကြက်သွန်ဖြူကို သွေးတိုးကျစေရန်နှင့် အကိုက်အခဲ ပျောက်ကင်း စေရန် သုံးစွဲနိုင်သည်။
ဟင်းသီးဟင်းရွက်သည် တစ်ဖက်က ကျန်းမာရေးအတွက် စားသုံးရန် မရှိမဖြစ်လိုအပ်သကဲ့သို့ စီးပွားရေး လုပ်ငန်းသဘောမျိုး အဆင့်မြင့်စွာ တွေးတောပါက -
(၁) ဟင်းသီးဟင်းရွက်ကို ၎င်းအတိုင်း (သို့) ချက်ပြုတ်ရသည်မှာ လွယ်ကူသည့်အတွက် ထင်း၊ မီးသွေး၊ လောင်စာများလည်း သက်သာစေပါသည်။
(၂) စိုက်ပျိုးထုတ်လုပ်မှုကို အဓိက သီးနှံ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံတွင် သာမကပဲ ဟင်းသီးဟင်းရွက်ကိုပါ တိုးချဲ့ စိုက်ပျိုးပါက လုပ်အားတိုးတက် ရရှိလာမည်။
(၃) လယ်သမား၊ ယာသမားများအတွက် အပိုဝင်ငွေ အဖြစ် ဝင်ငွေ တိုးတက် ရရှိ လာစေသည်။
(၄) ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် လိုအပ်သော မြေသြဇာ၊ ဆေးဝါး၊ ပစ္စည်း ကိရိယာများ အတွက်လည်း လုပ်ငန်းများ ရရှိလာမည်။
(၅) ဟင်းသီးဟင်းရွက်ကို တဆင့်ခံ ရောင်းချသူများလည်း အလုပ်အကိုင်များ ရရှိ လာမည်။
မင်းဝင်းထိန် (ဦး) – (၂၀၀၇) အိမ်ခြံဝင်း ဟင်းခင်းပဒေသာ အခြေခံ လက်တွေ့ စိုက်ပျိုးနည်းစနစ်၊ ပထမ အကြိမ်၊ ရန်ကုန် (၁၀၅ စာမျက်နှာ)။
ကောင်းမြတ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026