နေရောင်ခြည်စွမ်းအင်သုံး အအေးခန်း
ကြိုတင်အအေးခံခြင်း နည်းလမ်းအမျိုးမျိုးရှိသည့် အနက်မှ နေရောင်ခြည် စွမ်းအင်သုံး အအေးခန်းအကြောင်းကို မိတ်ဆက်တင်ပြလိုက်ပါသည်။
Pre Cooling System နှင့် Solar Cold Room
Ecofrost Technologies ၏ နေရောင်ခြည်သုံး အအေးခန်းများသည် ယနေ့ မြန်မာနိုင်ငံတွင်လိုအပ်နေသော အအေးခန်းကွင်းဆက်၏ အခြေခံအဆောင်အအုံအဖြစ် ထိရောက်စွာ ပြောင်းလဲပေးနိုင်ပြီး နယ်ပယ်စုံတွင် အသုံးပြုနိုင်သော အအေးခန်းများဖြစ်သည်။
ထို့ပြင် ဆန်းသစ်တီထွင်သော နည်းပညာအသစ်လည်းဖြစ်သည်။ ကြိုတင်ခန့်မှန်းနိုင်သည့် ပြုပြင်ထိန်းသိန်းရေးနည်းပညာကြောင့် အအေးခန်းရပ်ထားရခြင်း ပျက်နေခြင်းမရှိပါ။ သစ်သီးဝလံ၊ ပန်းမန်များနှင့် အခြားသော ကုန်ပစ္စည်းများ လတ်ဆတ်စွာသိုလှောင်ထားနိုင်ရန် အအေးခန်းအတွင်း လိုအပ်သော အအေးခန်းအပူချိန်နှင့် စိုထိုင်းစ အတိုင်းအတာများ ထားရှိနိုင်သည်။
လက်ကိုင်ဖုန်းဖြင့် အအေးခန်းအတွင်း လိုအပ်သော အအေးခန်းအပူချိန်နှင့် စိုထိုင်းစများအား အချိန်တိုအတွင်း သိရှိနိုင် ထိန်းချုပ်နိုင်သည်။ ထို့အပြင် လက်ကိုင်ဖုန်းဖြင့် သိုလှောင်ထားသော ကုန်ပစ္စည်းများ၏ အခြေအနေကို သိရှိနိုင်အောင် တီထွင်ထားသည်။
Ecofrost နေရောင်ခြည်သုံး အအေးခန်းများကို ဘာလို့သုံးသင့်ပါသလဲ?
• နေမသာသော နေ့ရက်များတွင် ဆန်းသစ်တီထွင်ထားသော Thermal Energy Storage နည်းပညာဖြင့် အအေးခန်းအား ဆက်လက်အေးအောင်ထားနိုင်ခြင်း။
• သစ်သီးဝလံ၊ ပန်းမန်များနှင့် အခြားသောကုန်ပစ္စည်းများအား လတ်ဆတ်စွာ သိုလှောင်ထားနိုင်ခြင်း။
• အချိန်မှန် ဈေးကွက်တင်ပို့နိုင်မှုကြောင့် ဝင်ငွေရရှိခြင်း။
• အခြားသူများ၏ အအေးခန်းအား မမှီခိုရခြင်း။
• သစ်သီးဝလံ၊ ပန်းမန်များနှင့် အခြားသောကုန်ပစ္စည်းများ ပျက်စီးခြင်း အလေအလွင့်မရှိခြင်းကြောင့် ထုတ်ကုန်မြင့်မားခြင်း။
• စွမ်းအင်သုံးစွဲမှုမရှိခြင်း သို့မဟုတ် စွမ်းအင်သုံးစွဲမှုပမာဏ အနည်းငယ်သာသုံးစွဲရခြင်း။
• လတ်ဆတ်စွာ ရောင်းချနိုင်ခြင်းကြောင့် ဈေးပိုမိုရရှိခြင်း။
• စွမ်းအင် ၆ နာရီမှ ၈ နာရီ ရရှိရုံမျှဖြင့် Ecofrost အား နာရီ ၃၀ ကျော်အောင် ဆက်လက် အေးအောင်ထားနိုင်ခြင်း။
• နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုခြင်းကြောင့် လျှပ်စစ်နှင့် အခြားစွမ်းအင် ကုန်ကျစရိတ်များကို လျော့ချနိုင်ခြင်း။
• အပူချိန် ၄ - ၁၀ ဒီဂရီစင်တီဂရိတ် ကြား ထိန်ထားနိုင်ခြင်း။
• စိုထိုင်းဆ ၈၀ - ၉၅ % ရှိခြင်း။
• တစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ ရွေ့ပြောင်းနိုင်ခြင်း။
• နေရောင်ခြည်စွမ်းအင် မရှိခဲ့ပါက အိမ်သုံးလျှပ်စစ်မီး (သို့မဟုတ်) မီးစက်ဖြင့် လည်း အသုံးပြုနိုင်ခြင်း။
• လက်ကိုင်ဖုန်းဖြင့် အအေးခန်းအတွင်း အပူချိန်နှင့် စိုထိုင်းဆကို လိုသလို အဝေးမှ ထိန်းချုပ်နိုင်သည့်အပြင် ဟင်းသီးဟင်းရွက်နှင့် သီးနှံအမျိုးပေါင်း (၂၀၀) ကျော်၏ ကြိုတင်အအေးခံခြင်းအတွက် သင့်တော်သော အပူချိန်နှင့် စိုထိုင်းဆအချက်အလက်များပါရှိသောကြောင့် အသုံးပြုမည့် သီးနှံအတွက် အဆင့်သင့် ရွေးချယ်အသုံးနိုင်သည်။
ထို့ကြောင့် Ecofrost နည်းပညာသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသုံးပြုသင့်သော နည်းပညာတစ်ခုဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များအတွက် ကြိုတင်အအေးခံခြင်းနှင့် ယာယီအအေးခံသိုလှောင်ခြင်းအတွက် များစွာ အထောက်အကူဖြစ်ခြင်းနှင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် များစွာ လိုက်လျောညီထွေဖြစ်စေမည်ဖြစ်သည်။ လျှပ်စစ်နှင့် အခြားစွမ်းအင်သုံးစွဲမှုကိုလည်း လျော့ချပေးသောကြောင့် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနိုင်မည့် Ecofrost ၏ နည်းပညာတစ်ခုဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး အအေးခန်း (Solar Cold Room) အကြောင်းကို အကြံပြုမိတ်ဆက်တင်ပြပေးလိုက်ပါတယ်ခင်ဗျား။ ။
Tin Htut Khaung (B.Agr.Sc)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ