မျိုးစေ့ငုတ်ခြင်းအကြောင်း တစေ့တစောင်း
အားလုံးပဲမင်္ဂလာပါ။ ဒီတစ်ခေါက်ရဲ့ ဆောင်းပါးမှာတော့ စိုက်ပျိုးရေးလောကရဲ့ ပင်ရင်းကွင်းဆက်ဖြစ်တဲ့ မျိုးစေ့များရဲ့အရေးကြီးပုံနဲ့ မျိုးစေ့ဆိုင်ရာ ငုတ်လျှိုးခြင်းဖြစ်စဉ်ကို ရေးသားဖေါ်ပြသွားပါ့မယ်။
မျိုးစေ့ငုတ်တယ်ဆိုတာ?
မျိုးစေ့ကနေ အပင်ပေါက်ရင် အခြေအနေများစွာရှိနေပေမယ့် အပင်ပေါက်မလာနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ မျိုးစေ့ငုတ်ခြင်းမှာ နားနေသည့်အဆင့်၊ မူလအစေ့ငုတ်ခြင်း၊ ထပ်ဆင့်အစေ့ငုတ်ခြင်းနဲ့ အချိန်လွန်အစေ့ငုတ်ခြင်းတို့ ပါဝင်နေပါတယ်။
မျိုးစေ့တစ်စေ့ဟာ နားနေတဲ့အဆင့်ဆိုတာရှိပါတယ်။ ပတ်၀န်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် အပင်ပေါက်ဖို့မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ မျိုးစေ့ငုတ်လျှိုးခြင်း ဖြစ်ပေါ်ပါတယ်။ အဓိကဖြစ်ပေါ်ရခြင်းကတော့ လုံလောက်တဲ့အစိုဓာတ် မရရှိခြင်းဘဲဖြစ်ပါတယ်။ အဲ့အခြေအနေကနေ ပြန်လည်လွတ်မြောက်ရန် လုံလောက်တဲ့အပူချိန်နဲ့ အောက်ဆီဂျင်ရရှိဖို့ရန် လိုအပ်ပါတယ်။ သဘာ၀အတိုင်းငုတ်လျိူးတာကတော့ မိခင်အပင်ရဲ့ မျိုးရိုးဗီဇလက္ခဏာများမှာ အစေ့ငုတ်စေနိုင်တဲ့အကြောင်းအရာများ ပါ၀င်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထပ်ဆင့်အစေ့ငုတ်ခြင်းဆိုတာကတော့ မျိုးစေ့ကို မိမိရဲ့ ထိန်းသိမ်းမှုအားနည်းချက်များကြောင့် မျိုးစေ့ငုတ်ခြင်း ဖြစ်ပေါ်လာရတာမျိုးလည်းရှိပါတယ်။ ဥပမာ -ရေစိမ့်၀င်မှုများတာမျိုး အပူချိန်အလွန်မြင့်မားတာမျိုးတွေကြောင့် ကြုံတွေ့ရတတ်ပါတယ်။
မျိုးစေ့ငုတ်ခြင်းကြောင့်
မျိုးစေ့ထိန်းသိမ်းခြင်းလုပ်ငန်းမှာ များစွာအထောက်အကူပြုစေနိုင်ပါတယ်။ ဒါ့အပြင် အပင်အလေ့ကျပေါက်ခြင်းကိုလည်း ဟန့်တားနိုင်တဲ့အတွက် အချို့သော နှစ်ရှည်ပင်မျိုးများအတွက် အပင်သားခွဲရခြင်းလုပ်ငန်းမှာ အနှောက်အယှက်ဖြစ်ခြင်းကို ဟန့်တားစေနိုင်ပါတယ်။ အချို့သောစားကျက်များမှာ အလေ့ကျပေါက်ခြင်းကိုဖြစ်စေတဲ့ အားသာချက်များပဲဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း မျိုးစေ့ငုတ်ခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးခြင်းလုပ်ငန်းမှာ များစွာ အနှောက်အယှက်ဖြစ်စေပါတယ်။ မျိုးစေ့မကောင်းတာကြောင့် အပင်ပေါက်နှုန်းကျဆင်းတတ်သလို မျိုးစေ့ငုတ်လျိုးခြင်းကြောင့် လိုအပ်သော အပင်ဦးရေပမာဏ မရရှိခြင်းများလည်း ကြုံတွေ့ရနိုင်ပါတယ်။
မျိုးစေ့ငုတ်ခြင်းပြသနာကို ဘယ်လိုကုစားကြမလဲ?
၁။ ဓာတုဆေးများအသုံးပြု၍ဖယ်ရှားခြင်း
၂။ အစေ့ခွံကို ပွန်းပဲ့ ဒဏ်ရာပေးခြင်း
၃။ ယမ်းစိမ်းကိုအသုံးပြု၍ ဖယ်ရှားခြင်း
၄။ အအေးခံခြင်း
၅။ ရေစိမ်ခြင်း/အပူချိန်အမြင့်တွင် သိုလှောင်ခြင်း
၆။ ဟော်မုန်းများအသုံးပြုခြင်း
၇။ အခြားသောနည်းလမ်းများအသုံးပြုခြင်းတို့ ပါ၀င်ပါတယ်။
သို့ရာတွင် မျိုးစေ့ရဲ့ ဗီဇလက္ခဏာညံ့ဖျင်းမှုကြောင့် အစေ့မှ အပင်မပေါက်ခြင်းများလည်းရှိသလို အစေ့တွင်းစာကုန်ခမ်းသွားမှုကြောင့် အပင်မပေါက်တော့တာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် မျိုးစေ့ရဲ့ ရုပ်သွင်ပြင်လက္ခဏာကြောင့် မျိုးစေ့မပေါက်နိုင်ခြင်းမျိုးလည်း ဖြစ်နိုင်တဲ့အတွက် အခွံမာအစေ့အဆံများမှာဆိုရင် မျိုးစေ့ကို ဒဏ်ရာပေးပြီး အပင်ပေါက်လာစေရန် လုပ်ဆောင်နိုင်ပါတယ်။ အထက်ဖေါ်ပြပါတွေကို လိုက်နာပြီး ဆောင်ရွက်မယ်ဆိုရင် မျိုးစေ့ငုတ်ခြင်းပြသနာကို ထိုက်သင့်သလောက်
ဖြေရှင်းနိုင်မယ်လို့ စာရေးသူအနေနဲ့ ယုံကြည်မိပါတယ်။ မျိုးစေ့ငုတ်ခြင်းဆိုင်ရာ ဗဟုသုတကို ရန်ကုန်-မျိုးစေ့သုတေသနရဲ့ ကောက်နုတ်ချက်အချို့ကို ကိုးကား၍ ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ တောင်သူဦးကြီးများ အကျိုးစီးပွားဖြစ်ထွန်းကြပါစေလို့ ဆန္ဒပြုလျှက်။
ပြည့်ဖြိုးသော် (B.Agr.Sc )
Soil and Water Science
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ပြည့်ဖြိုးသော်
အားလုံး