အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း (၁)
အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ရာတွင် မြေကိုကောင်းစွာပြုပြင်ဖို့လိုပါတယ်။ အပိုင်း ၁ မှာ မြေပြင်တဲ့နည်းလမ်းများနှင့် သဘာဝမြေသြဇာများထည့်နည်းများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁.၁ မြေကြီး၏ မူလဂုဏ်ဒြပ် မပျက်စီးအောင် မြေပြင်ခြင်း
မြေကြီးသည်အပင်အတွက် အာဟာရဓာတ်နှင့် ရေကိုထောက်ပံ့ပေးသည်။ မြေသဘာဝညံ့ပြီး ခြောက်သွေ့ချိန်တွင် ကျစ်လျစ်မာကျောသောနေခြင်း စိုစွတ်ချိန်တွင် ရေများစွာစုပ်ပြီး စေးထိုင်းနေပါက အပင်များ ပုံမှန်ကြီးထွားနိုင်မည် မဟုတ်ချေ။ မြေသားအခြေအနေတိုးတက်စေရန် သြဂဲနစ်ပစ္စည်းများကို အပင်မစိုက်ခင်ကြိုတင်ထည့်ပေးရမည်။ အစိုဓာတ်သင့်တင့်သောအချိန်တွင် မြေကိုပြင်ဆင်ရပါမည်။ ဓာတ်မြေသြဇာကိုလည်း ထည့်ပေးနိုင်ပါသည်။ သို့သော် သြဂဲနစ်လယ်ယာကိုဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါက သဘာဝမြေသြဇာဖြင့် မြေကိုထိန်းညှိပေးနိုင်ပါသည်။
၁.၂ သဘာဝမြေသြဇာများထည့်ခြင်း
စိုက်ခင်းမြေတွင် သဘာဝမြေသြဇာများကို တစ်ဧကလျှင် ၆-၈ တန်နှုန်းထည့်ပေးပြီး နှစ်ပတ်ကြိုတင် မြေပြင်ထားရပါမည်။ ပေါက်ပြားနှင့် ထွန်ခြစ်ကို အသုံးပြု၍ မြေကိုဦးစွာပြုပြင်ရမည်။ မြေဆီလွှာ မပျက်စီးစေရန် မြေ၌အစိုဓာတ်များနေချိန်တွင် မပြုပြင်သင့်ပါ။ မြေနေရာကိုရှင်းပြီး ဖြတ်ထားသောမြက်နှင့် ပေါင်းပင်များကို မြေဆွေးပြုလုပ်ရန်စုထားပါ။ (၆-၈) လက်မ မြေအနက်ရအောင် အနည်းဆုံးနှစ်ကြိမ်ခန့်တူးပေးပြီး ထွန်ခြစ်ဖြင့်ထွန်မွှေခြင်းနှင့် မြေစိုင်ခဲများ ချေပေးခြင်းများပြုလုပ်ပေးရမည်။ ၃ᳵ၃၀ ပေ တစ်ဘောင်လျှင် နွားချေး/မြေဆွေး ၃-၄ တင်းထည့်သင့်သည်။
၁.၃ သြဂဲနစ်ပစ္စည်းများထည့်ပြီး မြေပြင်ခြင်း
သြဂဲနစ်ပစ္စည်းများသည်မြေကြီးကို လေဝင်လေထွက်ကောင်းစေသည်။ အာဟာရဓာတ်များတိုးလာစေသည်။ ရေထိန်းစွမ်းအားမြင့်လာသည်။ ကောင်းစွာဆွေးမြည့်သော တိရစ္ဆာန်စွန့်ပစ်ပစ္စည်းအညစ်အကြေးများများ၊ မြေဆွေးများ၊ သစ်ရွက်များသည် သြဂဲနစ်ပစ္စည်းများဖြစ်သည်။ တိရစ္ဆာန် စွန့်ပစ်ပစ္စည်း အညစ်အကြေးဆွေး၊ မြေဆွေးများသည် သုံးစွဲရန်လွယ်ကူပြီး ပေါင်းစေ့ကင်းရှင်းသည်။
စိုက်ပျိုးချိန်မတိုင်မီကတည်းက ၂-၃ လက်မ အထူထည့်ပြီး စိုက်ခါနီးမြေပြင်ချိန်တွင် မြေတွင်း ၆ လက်မမှ ၁၂ လက်မအနက်ထိမြေနှင့် ရောမွှေပေးရသည်။ ရေစနစ်တကျလောင်းပေးခြင်းသည်အမြစ်ဆုံကို အန္တရာယ်ဖြစ်စေသော ဆားများကို မြေထဲသို့ပျော်ဝင်စေသည်။
၁.၄ အပင်မစိုက်မီ မြေကို စနစ်တကျ အထက်အောက် ပေါက်ပြားတစ်ပြန်စာ လှန်ပေးရသည်။
၁.၅ အစိုဓာတ်ခန့်မှန်းခြင်း
အစိုဓာတ်အရမ်းများချိန် မြေမပြင်ရ။ လက်နှင့်မြေကို ဆုပ်ကြည့်ပါက လက်ထဲတွင် မြေလုံးကွဲသွားပါက သင့်တင့်သောအစိုဓာတ်ဖြစ်သည်။ ထိုအချိန်တွင်မြေပြင်ဆင်သင့်သည်။ မြေပြင်ပြီးပါက ထွန်ခြစ်ဖြင့်မြေညီအောင်ညှိသည်။ အပင်ပေါက်များ ကြီးထွားလာချိန်တွင် သြဂဲနစ်မြေသြဇာကို သုံးလက်မ အထူထည့်ပေးခြင်းသည် အကျိုးရှိစေသည်။
၁.၆ မြေညံ့တွင်စိုက်ပျိုးခြင်း
စိုက်ပျိုးမြေက မြေညံ့ဖြစ်ပါက မြေကောင်းဖြည့်ပေးရမည်။ ရေစီးဆင်းမှုညံ့ပါက သဲဆန်သော စိုက်ပျိုးမြေကို ပိုထည့်ပေးရမည်။
၁.၇ မြေကိုထွန်ဖြင့်ကောင်းစွာပြုပြင်ပါ။
မျက်နှာပြင်ရေစီးကောင်းစေရန် (၆မှ၈)လက်မဘောင်ပြုလုပ်၍ မြေမျက်နှာပြင်ကို မြှင့်ပေးရမည်။ ထိုသို့ဘောင်များပြုလုပ်ပေးခြင်းဖြင့် အလုပ်လုပ်ရာတွင် သွားလာရလွယ်ကူသောလမ်းကြောင်းလည်း ဖြစ်စေသည်။ ရေဝပ်သောနေရာများတွင် ဘောင်များကို ပိုမိုမြှင့်တင်ပြီး ဘောင်မြင့်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။
နည်းပညာများကို ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း ၏ဆက်စပ်ဆောင်းပါးများကိုဖတ်ရှူလိုပါက "စိုက်ပျိုးဗဟုသုတ" ကဏ္ဍတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026