အိမ်နှင့်ကျောင်းဥယျာည်ခြံတည်ထောင်နည်း အပိုင်း(၄)
စိုက်ဘောင်များစနစ်တကျပြင်ဆင်ပြီးသော ဥယျာဉ်ခြံတွင်းစိုက်ပျိုးမည့်သီးပင်စားပင်များပြင်ဆင်ပြီးပါက ခြံစည်းရိုးပတ်ပတ်လည်တွင် အပင်ကြီးများစိုက်ဖို့ကိုလည်း လုပ်ထားသင့်သည်။
အုပ်စု (၁) ခြံစည်းရိုးပတ်ပတ်လည်တွင် ကင်ပွန်းချဉ်၊ ဆူးပုပ်၊ မန်ကျည်းရွက်၊ ကညွတ်(နှစ်ရှည်)၊ ရှောက်ပင်၊ ခွေးတောက်ရွက်။
အုပ်စု (၂) အိမ်၏ဘေးဘက်(သို့)နောက်ဘက်ကျနေအခြမ်းကို ငှက်ပျော၊ ဒန့်သလွန်၊ ပေါက်ပန်းဖြူ၊ သဘင်္ောပင်များ စိုက်ပျိုးနိုင်သည။
အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ရာတွင် အရေးကြီးတဲ့ စိုက်ပျိုးနည်းစနစ်တစ်ခုဖြစ်တဲ့ သီးလှည့် သီးညှပ်စိုက်ပျိုးခြင်းကိုလည်း မမေ့သင့်ပေ။
သီးလှည့် သီးညှပ်စိုက်ပျိုးခြင်း
သီးလှည့်စိုက်ပျိုးခြင်းဆိုသည်မှာ မတူညီသော မျိုးရင်းဝင် ဟင်းသီးဟင်းရွက်များကို တစ်ခုပြီးတစ်ခုစနစ်တကျဆက်တိုက် နှစ်နှစ် သုံးနှစ်အလှည့်ကျစိုက်ပျိုးခြင်းကို ဆိုလိုပါသည်။ ပဲပုပ်၊ ဗိုလ်စားပဲ၊ ပဲတောင့်ရှည်ကဲ့သို့သော ပဲမျိုးရင်းဝင် အပင်များနေရာတွင် ပဲမျိုးရင်းဝင်အပင်မဟုတ်သော ခရမ်းချဉ်၊ ခရမ်း၊ ရုံးပတီကဲ့သို့သော အပင်များနှင့် တစ်လှည့်စီစိုက်ပါ။ သီးလှည့်စိုက်ပျိုးခြင်းဖြင့် ဖျက်ပိုးများနှင့် ရောဂါပိုးများကိုကာကွယ်နိုင်ပြီး သင့်ဥယျာဉ်မြေကို မြေဆီသြဇာပိုမို ကောင်းမွန်စေသည်။
သီးလှည့်စိုက်ပျိုးရာတွင် နမူနာပြအနေဖြင့်
အုပ်စု(၁)။ ပဲမျိုးရင်းဝင်ပင်များ
အုပ်စု(၂)။ အမြစ်စားသီးနှံများ- မုန်လာဥနီ/ဖြူ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတစ်လုံးဥမျိုး၊ ကန်စွန်းဥ၊ သကြားမုန်လာ
အုပ်စု(၃)။ အရွက်စားသီးနှံများ- ဟင်းနုနွယ်၊ သကြားမုန်လာအရွက်၊ ကိုက်လန်၊ မုန်လာထုပ်၊ ပန်းမုံလာ၊ ပန်းမုံလာစိမ်း
အုပ်စု(၄)။ အသီးနှံပင်- ခရမ်းချဉ်သီး၊ ပြောင်း၊ သခွား၊ ခရမ်း၊ ဖရုံသီး၊ ဇူကီးနီ(ခေါ်)ဖရုံသခွား
စသည့် အုပ်စု (၄) စုကိုတစ်ရာသီပြီးတစ်ရာသီ အလှည့်ကျစိုက်ပျိုးနိုင်သည်။
သီးညှပ်စိုက်ပျိုးခြင်း
သီးညှပ်စိုက်ပျိုးခြင်းဆိုသည်မှာ သီးနှံနှစ်မျိုးကို မြေတကွက်ပေါ်တါင် အတူတကွ စိုက်ပျိုးထားခြင်းကိုခေါ်သည်။ ဥပမာ ဘူးနှင့် တရုတ်နံနံ၊ ဘူးနှင့် ဆလတ်၊ ပဲနှင့် ဂျူးမြစ်တို့ စိုက်ပျိုးခြင်းဖြစ်သည်။
အကျိုးကျေးဇူးများ
- စိုက်ပျိုးသောနေရာကို အကျိုးရှိရှိ အသုံးပြုနိုင်ခြင်း
- သီးနှံနှစ်မျိုးအတွက် စိုက်ထယ်ရေး၊ ထွန်ရေးကို တစ်ကြိမ်ပြုလုပ်ရုံဖြင့် ပြီးစီးနိုင်ခြင်း
- သီးနှံတစ်မျိးအတွက်ထည့်ပေးသော အာဟာရဓတ်များသည် သီးညှပ်စိုက်ပျိုးထားသော အပင်အတွက်ပါအကျိုးပြုခြင်း
- အကျိုးအမြတ် ပိုမိုရရှိခြင်း တို့ဖြစ်သည်။
မြေဖုံးပင်များစိုက်ပျိုးခြင်းဖြင့် မြေသားထိန်းသိမ်းခြင်း
သစ်ရွက်စိမ်းမြေသြဇာဆိုသည်မှာ သီးနှံပင်၏အာဟာရအတွက် သစ်ရွက်စိမ်းပင် ကြီးထွားအဆင့်တွင် ထွန်ဖြင့်မြေထဲသို့ ထိုးမြှုပ်ဖုံးအုပ်ပြီး ဆွေးမြည့်သောအခါထွန်ဖြင့်ထပ်မွှေပြီး မြေဖုံးအုပ်ပေးပါက မြေဆီသြဇာဓာတ်ကိုရရှိစေပြီး မြေသားထိန်းသိမ်းပြီးသာဖြစ်ပါမည်။
မြေကောင်းပြီး စိုက်ပျိုးရေးဧရိယာနှင့်ရေရရှိရေးအတွက် စနစ်တကျပြင်ဆင်ထားသော ဥယျာဉ်ခြံတစ်ခုဖြစ်ဖို့အတွက် အထက်ပါအချက်များသည်လည်းထည့်သွင်းရမည့် စိုက်နည်းစနစ်များပင်ဖြစ်သည်။
အရင်တစ်ပတ်က အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း (၃) ကိုအောက်ပါလင့်တွင်လေ့လာပါ။
အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်နည်း အပိုင်း(၃)
နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026