အစိမ်းရောင်လမ်း
နာနိုနည်းပညာ

နာနိုနည်းပညာ

    နာနိုမြေသြဇာသည် စိုက်ပျိုးရေးတွင် သီးနှံအထွက်နှုန်းတိုးတက်စေရန်နှင့် အာဟာရဓာတ်များအား ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် အရေးကြီးပါသည်။ ထို့ပြင် ဓာတုမြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကိုလည်း လျော့ချပေးနိုင်ပါသည်။ သို့သော် နာနိုမြေသြဇာကို သတ်မှတ်နှုန်းထားထက် ပိုမိုသုံးစွဲမှုမပြုသင့်ပါ။

    နာနိုမြေသြဇာသည် မည်သည့်ထုတ်ကုန်နှင့်မဆို နာနိုနည်းပညာကိုသုံးပြီး အာဟာရဓာတ်ကို ထိရောက်စွာအသုံးချနိုင်စေရန် ပြုလုပ်ထားပါသည်။

    နာနိုနည်ပညာသည် စိုက်ပျိုးရေးထွက်ကုန်များကို ပိုမိုထွက်ရှိစေပြီး ၎င်း၏အသုံးပြုမှုတွင် သီးနှံများ၏အရည်အသွေး ပိုမိုကောင်းစေသည်။

    နာနိုမြေသြဇာများသည် ပမာဏသေးငယ်ပြီး အကျိုးသက်ရောက်မှုကောင်းမွန်သဖြင့် ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်ကို သက်သာစေပါသည်။

    ယနေ့ခတ်သည် ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်ကို လိုအပ်ပါသည်။ သဘာဝသဟဇာတဖြစ်မှုအတွက် မှန်ကန်ကောင်းမွန်သော ချဉ်းကပ်မှုဖြစ်စေရန် လိုအပ်သည်။ မြေယာထွန်ယက်မှုနည်းစနစ်သည် ရေရှည်တွင် မြေကြီးအားထိခိုက်စေသည်။ အလွန်အကျွံမြေကို ထွန်ယက်ခြင်းသည် မြေဆီလွှာအားတိုက်စားစေသည်။ မြေအငံပေါက်စေသည်။

    ယခုသုံးစွဲနေသော ပမာဏကြီးမားသည့် မြေသြဇာများသည် ထုတ်လုပ်သူများအတွက် ဈေးကြီးရုံသာမက လူသားများနှင့် သဘာဝပတ်ဝန်းကျင်အားထိခိုက်စေပါသည်။

    နာနိုမြေသြဇာ၏ သမားရိုးကျ ဓာတုမြေသြဇာများထက် အရေးပါသော အကျိုးကျေးဇူးများမှာ-

၁။ နာနိုနည်းပညာဖြင့်ထုတ်လုပ်ထားသော မြေသြဇာများကို သီးနှံပင်များမှ သီးနှံပင်၏ သက်တမ်းတစ်လျောက်တွင် အာဟာရမျှတအောင် လိုအပ်သလို ပုံမှန်စုပ်ယူစားသုံးနိုင်ခြင်း၊ ထိုသို့ သီးနှံပင်များမှ လိုအပ်သလို ပုံမှန်စုပ်ယူစားသုံးနိုင်ခြင်းသည် နာနိုပစ္စည်းများဖြင့် မြေသြဇာများအား ကာကွယ်ပေးထားခြင်းကြောင့်ဖြစ်ပေသည်။ ထို့ကြောင့် နာနိုနည်းပညာသုံး အာဟာရမြေသြဇာများကိုအသုံးပြုထားသော သီးနှံများ၏ ကြီးထွားမှုနှုန်းသည် အခြားမြေဆီများထက် သာလွန်ကောင်းမွန်သော ကောင်းကျိုးကို ပေးစွမ်းနိုင်ပါသည်။ ဥပမာအားဖြင့် သာမာန်မြေသြဇာများသည် ၄ ရက်မှ ၁၀ ရက်အတွင်း အကျိုးအာနိသင်ကုန်သွားသော်လည်း နာနိုနည်းပညာသုံးမြေသြဇာများသည် ရက်ပေါင်း ၄၀ မှ ၅၀ ကျော် သက်တမ်းအထိ သီးနှံပင်များမှ အာဟာရများကို စားသုံးနိုင်ပေသည်။

၂။ အခြားကောင်းကျိုးအနေဖြင့် နာနိုနည်းပညာသုံးမြေသြဇာများသည် သီးနှံပင်အတွက်လိုအပ်သောပမာဏသည် နည်းသောကြောင့် သယ်ယူပို့ဆောင်စရိတ်နှင့် ကွင်းတွင်းအသုံးချမှု ကုန်ကျစရိတ်အား များစွာလျော့ချနိုင်ပေသည်။

၃။ အဓိကအားသာချက်အနေဖြင့် ဆားပေါက်မြေဆီလွှာများကို နာနိုနည်းပညာသုံးမြေသြဇာ ပမာဏနည်းနည်းအသုံးပြုပြီး သမမျှတသော မြေဆီလွှာဖြစ်အောင် ပြုပြင်နိုင်ပေသည်။

၄။ အခြားအားသာချက်အနေဖြင့် နာနိုနည်းပညာသုံးမြေသြဇာများကို ဇီဝနည်းပညာများဖြင့် တွဲဖက်အသုံးပြု ဖန်တီးထားသောကြောင့် မည်သို့သော မြေဆီလွှာ၏အခြေအနေ၊ သီးနှံပင်၏ ကြီးထွားမှုအဆင့်နှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများတွင်မဆို သီးနှံပင်များ၏ အာဟာရလိုအပ်သလို ပုံမှန်စုပ်ယူစားသုံးနိုင်အောင် ထောက်ပံ့ပေးနိုင်ပေသည်။

၅။ နာနိုနည်းပညာသုံးမြေသြဇာသည် အရွယ်အစားသေးငယ်ပြီး ဇီဝနည်းပညာများဖြင့် တွဲဖက်အသုံးပြု ဖန်တီးထားသောကြောင့် အာဟာရထောက်ပံ့ပေးနိုင်မှုစွမ်းရည်ကောင်းမွန်ပြီး ဇီဝအာဟာရရှိနိုင်မှုကို တိုးတက်စေပါသည်။

၆။ သီးနှံပင်သက်တမ်းတစ်လျောက် အာဟာရမျှတအောင် ပုံမှန်ထောက်ပံ့ပေးနိုင်သောကြောင့် သီးနှံပင်များအား သက်ရှိ၊ သက်မဲ့ကြောင့်ဖြစ်တတ်သော ရောဂါပိုးမွှားများကို ကောင်းစွာဟန့်တားကာကွယ်ပေးနိုင်ပေသည်။

ဒေါ်ထွေးထွေးအောင်

5
Ma Jue Jue Kyaw

Ma Jue Jue Kyaw

လွန်ခဲ့သော ၃ နှစ် က

နာနိုနည်းပညာနဲ့ပြုလုပ်ထားတဲ့သဘာဝမြေဩဇာဝယ်ယူလိုပါက

Min Lawinon

Min Lawinon

လွန်ခဲ့သော ၄ နှစ် က

နာနိုမြေဩဇာ ဝယ်လိုပါက Viber 09451869769

ShanLay

ShanLay

လွန်ခဲ့သော ၅ နှစ် က

လားရှိူးမြို့တွင်းဝယ်လို့ရပါသလား

ပဒေသာ

ပဒေသာ

လွန်ခဲ့သော ၅ နှစ် က

အစိမ်း​ရောင်လမ်းရဲ့စျေးတန်းကြီးထဲက ရှမ်းမောမြေဆိုင် မှာရှိပါတယ်

ရသ(သတို့သား)

ရသ(သတို့သား)

လွန်ခဲ့သော ၅ နှစ် က

ဘယ်မှာဝယ်ရမလည်းဗျ

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....