လယ်သမားတို့ ညီညွတ်လျှင် စပါးဈေးကွက်တိုးချဲ့နိုင်မည်
မြန်မာ့ဆန်ဈေးကွက် မျက်နှာပန်းလှစေရေးအတွက် သင့်လျော်သည့် မျိုးစပါးသုံးကြရန် လိုသည်ဟု မြစ်ဝကျွန်း ပေါ်မှ လယ်သမားတစ်ဦးက တိုက်တွန်းလိုက်သည်။
ဘိုကလေး — ဆန်ဈေးကွက် တိုးချဲ့ထိုးဖောက်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်း၊ လယ်သမား အချင်းချင်း စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ လိုအပ်သည်ဟု မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားတစ်ဦးက ပြောသည်။
နည်းပညာပေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော ဘိုကလေးမြို့နယ် အောက်မကျီးကျောင်း ကျေး ရွာသား ကိုမင်းနောင်နှင့် မကြာသေးမီက တွေ့ဆုံစဉ် ၎င်းက မျိုးစပါး ထုတ်လုပ်မှု၊ အရည်အသွေး၊ ထွက်နှုန်း၊ ဈေးကွက်၊ လယ်သမားတို့၏ အခက်အခဲအကြောင်း ပြောပြထားသည်။
မေး။ ။ မျိုးစပါးထုတ်လုပ်တဲ့အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ၂ဝ၁၂ လောက်မှာ သေချာ စထုတ်ဖြစ်တယ်။ ရတနာဧရာဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းပြီး ထုတ်တယ်။ ထုတ်လုပ်စိုက်ပျိုးတဲ့ နည်းစနစ်ကတော့ သူတို့က ထောက်ပံ့ပေးတယ်။ စပါးပင်တွေကို ၁ဝ လက်မ ပတ်လည်နဲ့ ခြောက်တန်း တစ်တန်းခြားပြီး စိုက်တာပေါ့။ ဟိုးအရင်က စိုက်တုန်းကတော့ ဒီအတိုင်းပက်ကြဲပြီး စိုက်လိုက် တာ။ ခြောက်တန်း တစ်တန်းတွေ ရှိတာမဟုတ်ဘူး။ မျိုးဆိုတာ သီးသန့်ရှိတာ မဟုတ်ဘူး၊ လယ်ထဲကနေ ကိုယ် ကြိုက်တဲ့နေရာကို ရိတ်ယူပြီး မျိုးအဖြစ် ပြန်သုံးတာမျိုးပဲရှိတာ။ အခုတော့ မျိုးသန့်တွေ စိုက်လာကြပြီ။ ထွက် လာတဲ့ မျိုးတွေကိုလည်း ရတနာဧရာကလုပ်တဲ့ မျိုးစပါးရောင်းပွဲမှာ ပြန်ရောင်းတယ်။ ကျွန်တော်တို့ စိုက်ဖို့ဖယ် ပြီး ကျန်တဲ့မျိုးတွေ အကုန်ပြန်ရောင်းတယ်။
မေး။ ။ ဒေသမျိုးတွေနဲ့ စိုက်တုန်းက အခြေအနေနဲ့ ဘာတွေကွာခြားလာလဲ။
ဖြေ။ ။ စပါးအရည်အသွေးနဲ့ ထွက်နှုန်းတွေကအစ ကွာတယ်။ ဆန်စက်ရောက်ရင်လည်း ဆန်အထွက်နှုန်း ကောင်းလာတယ်။ ဆန်အကျိုးအကြေတွေလည်း ကင်းစင်လာတယ်။ ဆန်အရည်အသွေးလည်း မြင့်လာတယ်။ စပါးအထွက်နှုန်း မြင့်လာတာနဲ့ ဝင်ငွေလည်း မြင့်လာတယ်။ အရင်ကဆို တစ်ဧကမှ တင်း ၉ဝ လောက်ပဲ ထွက် တယ်။ အခုစိုက်တဲ့ မျိုးသန့်တွေက ၁၃ဝ ဝန်းကျင်လောက်ကို ထွက်တယ်။ အရင်က ရောင်းရတဲ့ ဈေးတွေက လည်း မကောင်းဘူး၊ တစ်ဧကကို တစ်သိန်းဝန်းကျင်လောက်ပဲ မြတ်တယ်။ ထွက်နှုန်းမကောင်းလို့ ဆုံးရှုံးသွားတဲ့ သူတွေလည်းရှိတယ်။ အကြွေးတင်သွားတာတွေလည်း ရှိတယ်။ အခုကတော့ ကျွန်တော်တို့ဆီက မျိုးတွေတော့ အသန့်ဆုံး ဖြစ်နေတာပေါ့။ တစ်ဧကကို စိုက်ပျိုးစားရိတ် သုံးသိန်းခွဲလောက် ကုန်ပေမယ့် ပြန်ရောင်းရင် တစ် ဧကကို ခြောက်သိန်းဝန်းကျင်လောက် မြတ်တယ်။
မေး။ ။ မျိုးသန့်မစိုက်သေးတဲ့ သူတွေကို ဘယ်လို အကြံပေးချင်လဲ။
ဖြေ။ ။ မျိုးသန့်တွေ များများစိုက်မှ လူတိုင်း မျိုးသန့်တွေ သုံးနိုင်မှသာလျှင် ဆန်စပါးဈေးကွက်လည်း ပို ကောင်းလာမယ်။ လုပ်အားကြောင့် မစိုက်နိုင်တဲ့ သူတွေကလည်း ဒီမျိုးတွေကို ဝယ်သုံးစေချင်တယ်။ အရင်က တစ်ဧကကို မျိုးစပါး ၄ တင်း လောက်အထိ သုံးကြတယ်။ မျိုးသန့်ကို သုံးတဲ့အခါမှာ တစ်ဧက ကို ၂ တင်းအထိပဲ သုံးတယ်။ ဒါတောင် ကြဲပက်စနစ်နဲ့ သုံးတာနော်။ အဲဒီတော့ ခေါက်ချိုးလောက်ကို ကွာနေတယ်။
မေး။ ။ မျိုးကောင်းမျိုးသန့်မစိုက်တဲ့ တောင်သူတွေက ဘယ်လိုအခက်အခဲတွေ ရှိနေလို့လဲ။
ဖြေ။ ။ တချို့ကတော့ တစိုက်မတ်မတ် မလုပ်နိုင်တာလည်း ပါမှာပေါ့နော်။ စိတ်ဝင်စားမှုလည်း နည်းလို့ ဖြစ်မှာပေါ့။ စိုက်ပျိုးရေးဆိုတာကလည်း စိတ်ပါဝင်စားပြီး တကယ်လုပ်နိုင်မှ။ ကျွန်တော်တို့က ငယ်ငယ်က တည်းက စိုက်ပျိုးရေးကို စိတ်ဝင်စားတယ်။ ငှက်ပျောဆိုရင်လည်း ဧက အများကြီး စိုက်ခဲ့ဖူးတယ်။ သခွား ဆို ရင်လည်း အများကြီး စိုက်တာ။ ကွမ်းဆိုရင်လည်း စိုက်ခဲ့ဖူးတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားအရ ကျွန်တော် တို့က မြေကြီးပဲ ပေါတာလေ၊ စိုက်ပျိုးရေးကို ထွန်းထွန်းပေါက်ပေါက် လုပ်နိုင်မှ စီပွားဖြစ်မယ်။ ကျွန်တော်က တော့ အဲဒီလိုပဲယူဆတယ်။ မြေ တစ်ဧကလောက်ရှိရင် ထမင်းစားလို့ရပြီ။
ကျန်တဲ့သူတွေ မစိုက်ကြတာလည်း အလုပ်သမားကလည်း ရှားပါးတယ်၊ ဒီလိုစိုက်ရင် ကွင်းထဲက အမြဲတမ်း ဆင်းနေရတယ်၊ မျိုးကွဲဖယ်ရတာတို့၊ ကန်သင်းတွေရှင်းရတာတို့ကို သူတို့မလုပ်နိုင်ဘူး။ စိုက်တဲ့အခါမှာလည်း ပက်ကြဲရင်တောင် အနည်းဆုံး ၄ တင်း၊ ၅ တင်း ကြဲတယ်။ ဒီကထွက်လာတဲ့မျိုးသန့်က တစ်တင်းကို တစ် သောင်း ဖြစ်နေပြီ၊ နှစ်တင်းလောက်ပဲ ကြဲရမယ်ဆိုရင်တောင် သူတို့က စမ်းပြီး မကြဲနိုင်ကြဘူး။ သူတို့လောက် ကောင်းပါ့မလား၊ သူတို့က ငွေရှိလို့၊ လုပ်နိုင်လို့ ဆိုပြီး ထင်သွားကြတာ။ မျိုးဈေးကလည်း နည်းနည်းကွာသွား တယ်။ အဲဒီတော့ သူတို့မှာရှိတဲ့ မျိုးကိုပဲ ပြန်သုံးကြတာများတယ်။ ကျွန်တော်တို့လည်း စမ်းတုန်းက ကြောက် တာပဲ။ အခုလည်း အဲဒီလိုပဲ။ ဒီကမျိုးက အထွက်ကောင်းမှန်း သူတို့သိတယ်။ သူတို့ မလုပ်နိုင်ကြဘူး။ အလုပ်သ မားကလည်း ရှားပါးတယ်။ နည်းပညာက သိတော့သိတယ်၊ နည်းသေးတယ်ပေါ့။
မေး။ ။ ဒီရွာက တောင်သူတွေက အခုစိုက်နေတဲ့မျိုးကိုရော စိတ်ဝင်စားမှု များသလား။
ဖြေ။ ။ ဒီနှစ်ဆိုရင်တော့ စိတ်ဝင်စားမှုရှိတဲ့သူ ပိုပြီးများလာတယ်။ ဒီမျိုးကို ပြန်ယူပြီးစိုက်တဲ့သူ ဒီရွာမှာပဲ ၇ ယောက်၊ ၈ ယောက်လောက်အထိကို ရှိလာတယ်။ ကျွန်တော် စထုတ်တုန်းကဆိုရင် ရွာမှာ မရောင်းခဲ့ရဘူး၊ တခြားရွာကိုပဲ ချိတ်ဆက်ပြီးရောင်းခဲ့ရတာ။ ကျွန်တော် ပိုက်ဆံသုံးနိုင်လို့လုပ်တာလို့ပဲ ထင်ကြတာ။ အခုတော့ ကျွန်တော့်ဆီက ပြန်ဝယ်လာကြပြီ။ တစ်ယောက်ကို တစ်ဧက၊ နှစ်ဧက စမ်းစိုက်လာကြတာပေါ့။
မေး။ ။ အပြောင်းအလဲ လုပ်ကြအောင် သေချာစည်းရုံးဖြစ်သေးလား။
ဖြေ။ ။ ကျွန်တော်တို့ဆိုရင် ဒါက ရွာအတွက် လုပ်တာပဲလေ။ တစ်အိမ်တက်ဆင်းကို လိုက်စည်းရုံးတာ။ လေး ငါးကြိမ်လောက်ကို လုပ်ပြီးပြီ။ ဘယ်လိုလုပ်မလဲဆိုတော့ ကျွန်တော်တို့ဆီမှာတော့ မျိုးကတော့ ရှိပြီ၊ စပါး တစ်မျိုးတည်းကိုပဲ အစုအဖွဲ့နဲ့ ထုတ်မယ်။ သူတို့စိတ်ပါသွားအောင်လည်း တစ်ခါလောက်တော့ လုပ်ပြမယ်။ ထွက်လာမယ့်စပါးက မျိုးသန့်ဖြစ်တဲ့အတွက် အရည်အသွေးကောင်းမှာတော့ သေချာတယ်။
အစုအဖွဲ့နဲ့ထုတ်ပြီးတော့ ထွက်လာတဲ့စပါးကို တစ်နေရာတည်းကနေ ရောင်းမယ်၊ သယ်တဲ့အခါမှာလည်း တစ်နေ ရာတည်းကို လာသယ်ရမှာဖြစ်တဲ့အတွက် ဝန်ဆောင်ခ မပေးရဘူး။ ဈေးလည်း ပိုရလာမယ်။ စက်ကိုပေးတဲ့ နေရာမှာလည်း သူတို့စက်က တစ်နေ့ကို တင်းသုံးထောင်လောက် ကြိတ်ရတယ်ဆိုရင် သုံးထောင်ပြည့်အောင်ပေးမှ ရမယ်။ တင်း ၁ဝဝ လောက်နဲ့ ဆိုရင် သူတို့ မကိုက်ဘူးလေ။ အဲဒီတော့ သူတို့လည်း ရည်မှန်းချက် ပြည့်မှီအောင် ဆိုပြီး ကျွန်တော်တို့က ဧက ၅ဝ လောက် မှန်းလိုက်တယ်။ ဒါပေမဲ့ လူက မရခဲ့ဘူး၊ အစကတော့ ပါဝင်မယ် ဆိုပြီး တကယ်လုပ်မယ် ဆိုတော့မှ မဝင်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ လေးငါးဆယ်ယောက်လောက်နဲ့ပဲ လုပ် လိုက်ရတယ်။ အဲဒီတော့ ဧကလည်း နည်းပြီးတော့ ကျွန်တော်တို့ရည်မှန်းချက်က မမှီတော့ဘူး။ အထွက်နှုန်း မလျော့စေရဘူးလို့ အာမခံထားတာ၊ ဒါပေမဲ့ စိတ်ပါတဲ့သူက နည်းနေသေးတယ်။
လူတိုင်းကိုလည်း အထွက်နှုန်းတွေကောင်းကြောင်း အမြဲတမ်းပြောပါတယ်။ သူငယ်ချင်းက သတိပေးတယ် … သိပ်ကောင်းကြောင်းမပြောနဲ့၊ ကိုယ်က မျိုးရောင်းချင်လို့ ထင်လိမ့်မယ်ပေါ့နော်။ မျိုးကောင်းမျိုးသန့် စိုက်ပျိုး ခြင်းကြောင့် ခံစားရတာက ကျွန်တော်တို့ချည်းပဲ မဟုတ်ဘူး၊ အဆင့်ဆင့် သွားတာ။ လယ်သမားတိုင်း မျိုးသန့် စိုက်မယ်ဆိုရင် အခြားနိုင်ငံတွေရဲ့ ဈေးကွက်ကို မှီမယ်။ ဆန်စက်ပိုင်တွေကလည်း စပါး တင်း လေးငါးထောင် လောက်ရမှ၊ တစ်ရာ၊ နှစ်ရာဆိုရင် သူတို့က ထည့်စဉ်းစားမှာ မဟုတ်ဘူးလေ။ လေးငါးထောင်ရဖို့ကို ကျွန်တော်တို့ က လုပ်ချင်တယ်။ လုပ်လို့သာရမယ်ဆိုရင် စပါးဈေးကွက်ကလည်း မြင့်လာဦးမှာ။ အဓိကက အစုအဖွဲ့နဲ့ ယုံကြည်မှု အင်အားတွေက ကျွန်တော်တို့လူမျိုးတွေကြားမှာ နည်းနေသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံ ကြည်ပြီး စုပေါင်းလုပ်မှပဲ အောင်မြင်နိုင်မယ်။ ဥပမာ - ကျွန်တော့်ရွာမှာ ဆိုရင်လည်း ကျွန်တော်တစ်ယောက် တည်း လုပ်လို့လည်း မဖြစ်နိုင်ဘူး။ တစ်ရွာလုံးသာ ဝိုင်းပြီး စိုက်ပျိုး ထုတ်လုပ်ကြမယ်ဆိုရင် မျိုးစပါး တစ်မျိုး တည်းကိုပဲ အများကြီး ထုတ်နိုင်တဲ့အတွက် ဈေးကွက် ပိုပြီး ကောင်းလာမှာ အသေအချာပဲ။ ။
အောင်ငြိမ်းချမ်း/Myanmar Now
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....