ထန်းတောပေါတဲ့ အညာမြေရဲ့ဒေသစာ ထန်းပင်မြစ်
ထန်းတောတွေ ပေါတဲ့ အထက်အညာဒေသရဲ့ ဒေသစာ ထန်းပင်မြစ် အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။
ထန်းပင်မြစ်ဆိုတာ ဆောင်းရာသီနဲ့ အင်မတန်လိုက်ဖက်လှပြီး အညာဒေသရဲ့ မပါမဖြစ် ရာသီစာ အစားအစာတစ်မျိုးဖြစ်ပါတယ်။
ထန်းပင်မြစ်ဆိုတော့ တချို့မသိသေးသူတွေက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ ထင်နေကြပါလိမ့်မယ်။ တကယ်တော့ ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွားစာကျွေးဖို့အတွက် မြက်တွေထည့်တဲ့ခွက်ကြီး (နွားစာကျင်း) တွေတောင် ထွင်းလို့ရပါတယ်။
စားလို့ရတဲ့ ထန်းပင်မြစ်ဆိုတာက ထန်းသီးတွေဟာ ဝါဆိုလမှာ ရင့်မှည့်ပြီး ဝါခေါင်-တော်သလင်းလ တွေမှာ ကြွေကျပါတယ်။ အဲ့ဒီ ထန်းသီးအမှည့်တွေကို အနက် ၁တောင်ခန့် တူးထားတဲ့ မြေကျင်းထဲမှာထည့်ပြီး မြေပြန်ဖိထားရာကနေ ၃လခန့်အကြာမှာ အပင်ပေါက်လေးတွေ ရရှိလာပါတယ်။ အဲ့ဒီ ထန်းပင်ပေါက်လေးတွေကို ထန်းပင်မြစ်(ထန်းမြစ်) လို့ ခေါ်ကြတာပါ။
သူ့အရသာက နုလွန်းရင် ခါးသက်သက်ဖြစ်တတ်ပြီး ရောင်းတန်းဝင်အရွယ်လောက်ဆိုရင်တော့ စားပီးရင်း စားချင်စရာကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုးလေးကို ခံစားရစေမှာပါ။
ထန်းပင်မြစ်ကို မီးဖုတ်ပြီး စားကြသလို ဆီ၊ ဆား နှင့်လည်း တို့စားကြပါတယ်။ ထန်းမြစ်ကို မီးဖုတ်စားရင် အနံ့ပိုပြီးမွှေးတာကြောင့် ထန်းမြစ်မီးဖုတ်နဲ့ ရေနွေးကြမ်းက တကယ်ကို လိုက်ဖက်လှပါပေတယ်။

ထန်းပင်မြစ်ကို ဘယ်လိုစားရလဲဆိုတော့-
ထန်းပင်မြစ်မီးဖုတ်(သို့)ထန်းပင်မြစ်ပြုတ်ကို အခွံခွာပီးရင် ထန်းမြစ်ဖွေးဖွေးလေး တွေ့ပါလိမ့်မယ်။ အဲ့ဒီထန်းမြစ်လေးရဲ့အပေါ်ယံအမျှင်ပါးလေးကို နောက်တစ်ကြိမ်ထပ်ခွာပါ။ ပြီးရင် အလယ်ကနေခြမ်းကာ အထဲကအူတိုင်အနှံလေးကို ဖယ်ပီး စိတ်ကြိုက်စားလို့ရပါပြီ။
တစ်ချို့ကလည်း ထန်းမြစ်ကို ထန်းမြစ်ကြော်၊ ထန်းမြစ်နှမ်းထောင်း စသဖြင့် အမျိုးမျိုးပြုလုပ်စားလေ့ ရှိကြပါတယ်။ ပဲဆီပေါပေါများများရနိုင်တဲ့ အညာဒေသမှာ ထန်းပင်မြစ်ကို ပြုတ်ကာ ထောင်းပြီးကြော်ထားသော ထန်းပင်မြစ်ကြော်ကို ခလေး၊ လူကြီးမရွေး နှစ်သက်ကြတယ်လို့ သိရပါတယ်။

ထန်းပင်မြစ်ကို ဆောင်းရာသီမှာ ပေါပေါများများရရှိနိုင်ပြီး ခန္ဓာကိုယ်တွင်းအပူဓာတ်ကို လျော့ချပေးနိုင်တဲ့ ရာသီစာ ဆေးဘက်ဝင်အစားအစာတစ်မျိုးလည်း ဖြစ်ကြပါတယ်။ အရွယ် ၃ပါးမရွေး စားသုံးသင့်ပြီး ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်တယ်လို့ မှတ်သားရဖူးပါတယ်။
ဒါ့ကြောင့် အညာဒေသကို အလည်သွားရင် အညာစာတစ်မျိုးဖြစ်တဲ့ စေးစေးဆိမ့်ဆိမ့်အရသာရှိပြီး ဆေးဘက်လည်းဝင်တဲ့ ထန်းပင်မြစ်ကို စားကြည့်ဖို့ မမေ့ကြပါနဲ့နော်။
ရေးသားသူ - ပင်လယ်ပြာ(ငါးဦးစီး)
မှီငြမ်း- ယာတောသူ၏ "အညာမြေမှ ထန်းပင်မြစ်" အကြောင်း။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....