အပင်တွေရဲ့ အရေးကြီးဆုံးလုပ်ငန်းဖြစ်တဲ့ ပင်တည်းနဲ့ ပင်ခြား ဝတ်မှုန်ကူးခြင်းအကြောင်း
ဝတ်မှုန်ကူးခြင်းသည် အပင်အစေ့အဆံများဖြစ်ပေါ်မှုအတွက် အရေးအကြီးဆုံးသော လုပ်ငန်းဖြစ်သည်။ အပင်၏အဖိုအင်္ဂါမှ ဝတ်မှုန်များ အမအင်္ဂါ၏ဝတ်မှုန်ခံပေါ်သို့ ရောက်ရှိခြင်းကို ဝတ်မှုန်ကူးခြင်း ဟုခေါ်ပါသည်။
ယေဘုယျအားဖြင့် ဝတ်မှုန်ကူးခြင်း နှစ်မျိုးတွေ့ရသည်။ ယင်းတို့မှာ
- (၁) ပင်တည်းဝတ်မှုန်ကူးခြင်းနှင့်
- (၂) ပင်ခြားဝတ်မှုန်ကူးခြင်းတို့ဖြစ်သည်။
ပင်တည်းဝတ်မှုန်ကူးခြင်း
ပန်းပွင့်တစ်ပွင့်၌ရှိသော ဝတ်မှုန်တို့သည် ထိုအပွင့်ရှိ ဝတ်မှုန်ခံပေါ်သို့ ကျရောက်ခြင်းနှင့် တစ်ပင်တည်း၌ရှိသော အခြားအပွင့်များ၏ ဝတ်မှုန်ခံပေါ်သို့ ကျရောက်ခြင်းတို့ကို ပင်တည်းဝတ်မှုန်ကူးခြင်း ဟုခေါ်ပါသည်။
ပင်ခြားဝတ်မှုန်ကူးခြင်း
အပင်တစ်ပင်မှ ဝတ်မှုန်တို့သည် အခြားမျိုးတူအပင်၏ အမဝတ်မှုန်ခံပေါ်သို့ ကျရောက်သွားခြင်းကို ပင်ခြားဝတ်မှုန်ကူးခြင်း ဟုခေါ်သည်။
အပင်တစ်ပင်တည်း၌ အဖိုပွင့်နှင့်အမပွင့်သီးခြားစီရှိသောပင်တည်းလိင်စုံအပင်များ(ဥပမာ- ဘူး၊ ဖရုံ၊ သခွားမျိုးနွယ်ပင်များ) နှင့် နှစ်ပင်ပေါင်းလိင်စုံသည့် အဖိုပင်နှင့် အမပင်သီးခြားရှိသော အပင်များ (ဥပမာ-သင်္ဘောပင်)၊ ပင်တည်းလိင်စုံဖြစ်သော်လည်း အဖိုနှင့်အမမျိုးပွားအင်္ဂါတို့ အရွယ်ရောက်မှု မတူညီသောအပင်များ (ပြောင်းဖူးပင်)၊ အဖို၀တ်မှုန်တိုင်နှင့် အမ၀တ်မှုန်ခံတိုင်တို့ အနိမ့်အမြင့် မတူညီသော အပွင့်မျိုး၊ အဖိုမြုံသော အပင်များနှင့် ပင်တည်းဝတ်မှုန်ကူးမှုရှိသော်လည်း မျိုးရိုးဗီဇအရ ဝတ်မှုန်ပြွန်ပေါက်ရန် အခြေအနေမပေးသည့်အပင်များတို့တွင် ပင်ခြားဝတ်မှုန်ကူးခြင်းဖြ င့် သန္ဓေအာင်ခြင်းကိုဖြစ်ပေါ်စေပါသည်။ ပင်ခြား၀တ်မှုန်ကူးမှုကို အားပေးသော အကြောင်းအရာများမှာ ရေ၊ လေ၊ ပျား၊ ပိတုန်းနှင့် လိပ်ပြာဖလံတို့ ဖြ စ်ကြပါသည်။ အချို့အပင်များတွင် အင်းဆက်ပိုးမွှားများနှင့်လင်းနို့များဖြင့်လည်း ပင်ခြားဝတ်မှုန်ကူးခြင်းပြုနိုင်ကြသည်။
ပင်တည်းနှင့် ပင်ခြား၀တ်မှုန်ကူးမှု အနည်းအများအပေါ် မူတည်၍ အပင်များကိုအုပ်စုထပ်မံ ခွဲခြားခြ င်း
အပင်များ၏ ပင်တည်းနှင့် ပင်ခြား၀တ်မှုန်ကူးခြင်း အခြေအနေ အနည်းအများအပေါ်မူတည်၍ အောက်ပါအတိုင်း အုပ်စုများ ထပ်မံခွဲထားပါသည်။
- (က) သဘာဝအလျောက် ပင်တည်းဝတ်မှုန်ကူးသောအပင်များ
- (ခ) သဘာဝအလျောက် ပင်ခြားဝတ်မှုန်ကူးသောအပင်များ
- (ဂ) မကြာခဏ ပင်ခြားဝတ်မှုန်ကူးသောအပင်များ
(က) သဘာဝအလျောက် ပင်တည်းဝတ်မှုန်ကူးသောအပင်များ
ဤအုပ်စုတွင် ပင်တည်း၀တ်မှုန်ကူးသော အပင်အမျိုးအစားများပါဝင်ပြီး၊ ယေဘုယျအားဖြင့် ပင်ခြားဝတ်မှုန်ကူးခြင်း ၄% ထက်လျော့နည်းသော အပင်အမျိုးအစားများ ပါ၀င်ပါသည်။ (ဥပမာ-စပါး၊ ပဲ၊ ဂျုံ၊ နှမ်း၊ မြေပဲ)

(ခ) သဘာဝအလျောက် ပင်ခြားဝတ်မှုန်ကူးသောအပင်များ
ဤအုပ်စုတွင် ပင်ခြား၀တ်မှုန်ကူးသော အပင်အမျိုးအစားများပါဝင်ပြီး ယေဘုယျအားဖြင့်ပင်တည်း၀တ်မှုန်ကူးခြင်း ၄% ထက် လျော့နည်းသော အပင်အမျိုးအစားများ ပါ၀င်ပါသည်။ (ဥပမာ-ပြောင်းဖူး၊ နေကြာ)

(ဂ) မကြာခဏ ပင်ခြားဝတ်မှုန်ကူးသောအပင်များ
ဤအုပ်စုတွင် ပင်တည်း၀တ်မှုန်ကူးမှုများပြီး၊ ပင်ခြား၀တ်မှုန်ကူးမှုလည်း သဘာဝအရလွတ်လပ်စွာဖြစ်ပေါ်နိုင်သော အပင်အမျိုးအစားများ ပါ၀င်ပါသည်။ (ဥပမာ- ဝါ၊ ပဲစင်းငုံ၊)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သီဟကျော် မာလာမြိုင်
လွန်ခဲ့သော ၃ နှစ် ကပိုတက်မြေဆီကျွေးပေးပါ အဖျင်းထွက်တာသက်သာပါတယ်
Nyan. Lin
လွန်ခဲ့သော ၃ နှစ် ကစပါးအဖျင်းတအားထွက်လို့အဖျင်းမထွက်အောင်ဘာလိုလုပ်သင့်လဲဗျ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026