ရေပန်းစားလာသော ကန္တာရပင်များ
Succulents(ကန္တာရအပင်တွေ) ဟာ ဒီနေ့ခေတ်မှာ အိမ်တွင်းအလှစိုက်အပင်များအဖြစ် အစိုက်များလာကြတဲ့ အပင်မျိုးစိတ်တခုဖြစ်ပါတယ်။ အိမ်တွင်း/ အိမ်ပြင် အလှစိုက်အပင်များအနေနဲ့သာမက ဆေးဖက်ဝင် ပရဆေးဥယျာဉ်တွေမှာပါ တွင်ကျယ်စွာစိုက်ပျိုးလာကြတာကို တွေ့ရှိလာရပါတယ်။
မူရင်းဒေသနှင့်တွေ့ရှိပုံ
Succulents(ကန္တာရပင်တွေ) ဟာ လက်တင်ဘာသာစကား sucus မှဆင်းသက်လာပြီး ဖျော်ရည်(Juice)လို့ ခေါ်ကြပါတယ်။ အန္တာတိကတိုက်ကလွဲလို့ အခြားတိုက်တွေမှာ Succulents အပင်မျိုးစိတ်များကို တွေ့ရှိရပါတယ်။
များသောအားဖြင့် မိုးခေါင်ရေရှားခံနိုင်တဲ့ အပင်မျိုးစိတ်များဖြစ်ကြလို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ရဲ့ အဆိုအရ တောင်အာဖရိကဟာ Succulents အပင်မျိုးစိတ်တွေရဲ့ သုံးပုံတစ်ပုံရှင်သန်ပေါက်ရောက်ရာဖြစ်ကြောင်း မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။
Succulents အပင်များကို မျိုးစိတ်ပေါင်း ၆၀ နဲ့အထက်တွေ့ရှိရပြီး အများဆုံးတွေ့ရှိရတာဟာ Aizoaceae၊ Coctaceae၊ Crassulaceae မျိုးရင်းဝင်တို့ ဖြစ်ကြပါတယ်။
အထွေထွေအချက်အလက်များ
ပင်စည်ဟာ အရွက်ထက်ပိုပြီး နေ ရောင်ခြည်နဲ့ အစာချက်ခြင်း(Photosynthesis )လုပ်ကြတဲ့ အဓိကနေရာဖြစ်ကြောင်းကိုတွေ့ရှိရပြီး အရွက်နဲ့ပင်စည်တို့မှာ ရေသိုလှောင်ထားနိုင်စွမ်း 90-95% အထိ ရှိကြပါတယ်။
ဒါကြောင့် သဲကန္တာရလို အပူချိန်မြင့်မားပြီး ရေအရင်းမြစ်ရှားပါးတဲ့ ဂေဟစနစ်မှာလည်း ရှင်သန်ပေါက်ရောက်နိုင်စွမ်းရှိကြခြင်း ဖြစ်ပါတယ်။
Succulents အပင်တွေရဲ့ အောက်ရွက်ကိုဖြတ်ပေးခြင်းဖြင့်လည်း သူတို့ရဲ့ရှင်သန်ကြီးထွားမှူကို အထောက်အကူဖြစ်စေပါတယ်။ အောက်ရွက်ကိုမဖြတ်ပေးဘူးဆိုရင် အောက်ရွက်က အစိုဓာတ်ကိုအလွန်ကျွံစုပ်ယူလို့ ပင်ခြေပုပ်ခြင်းများကိုဖြစ်စေတာကြောင့် ဖြစ်ပါတယ်။
ရေအလွန်ကျွံလောင်းခြင်းနဲ့ ဆက်စပ်ပြီး ပိုးဝင်ခြင်းဟာ Succulents အပင်များသေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းတချက်ဖြစ်ပါတယ်။
အပင်မျိုးပွားနည်း
အဓိကအားဖြင့် အရွက်ခြွေမျိုးပွားနည်း (Leaf Propagation Method)ဖြင့် ပွားကြတာကို အများဆုံးတွေ့ရပါတယ်။
မျိုးပွားရန် အရွက်ခြွေခြင်း(Leaf propagatoin)
- အပင်တွေရဲ့ အောက်အရွက်ကနေစပြီး ခြွေပေးရပါမယ်။ (အောက်အရွက်တွေဟာ ပိုရင့်တာမို့ အပင်ပေါက်နိုင်ခြေပိုများသောကြောင့်ဖြစ်ပါတယ်)
- ခြွေတဲ့အခါ အရွက်ကိုအနည်းငယ်စောင်း၍ဖြစ်စေ/ လိမ်၍ဖြစ်စေ ခြွေပေးရပါမယ်။ ကြိုက်သလောက်ခြွေပေးနိုင်ပါတယ် အဓိကက ထိပ်မပဲ့စေဖို့ပါ။
Healing process(လေသလပ်ခံပေးခြင်း)
* အရွက်တွေခြွေပြီးရင် ခြွေပြီးပြီးချင်း လေသလပ်ခံပေးခြင်း (Healing Process) လုပ်ပေးရန်လိုအပ်ပါတယ်။
* မြေကြီးထဲတန်းထည့်ပါက မြေကြီးထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက အရွက်ထဲဝင်ပြီး အရွက်ပုပ်သွားတတ်သောကြောင့် ဖြစ်ပါတယ်။
* ဒါကြောင့် ပန်းကန် သို့မဟုတ် ဗန်းတစ်ခုထဲထည့်ပြီး အလင်းတိုက်ရိုက်မကျတဲ့ နေရာမျိုးမှာ ထားပေးရပါမယ်။
* အထက်ပါအခြေအနေတိုင်း ၃-၄ ရက်ထားပေးပြီး အညှောင့်သေးသေးလေးတွေစထွက်လာပါက စပျိုးပေးလို့ရပြီဖြစ်ပါတယ်။

စပ်မြေပြုလုပ်နည်း
Succulents အပင်များအတွက် ပျိုးမယ့်မြေဟာ ...
- ပွယောင်းယောင်းဖြစ်သောမြေဖြစ်ရပါမယ်။
- သိပ်သည်းဆနည်းရပါမယ်။
- ရေစီးဆင်းမှုကောင်းမွန်သောမြေဖြစ်ရပါမယ်။
- မြေထဲကို ဖွဲပြာ သို့မဟုတ် အုန်းဆံမှုန့်ထည့်ပေးနိုင်ပါတယ်။ ဖွဲပြာကို အထည့်များကြကြောင်းတွေ့ရှိရပါတယ်။
- အရင်ဆုံးဖွဲပြာကို မြေကြီးထဲမထည့်မီနေလှန်းပေးရပါမယ်။ (ပိုးတွေသေအောင်ဖြစ်ပါတယ်)။ တရက်လှန်းရင်ခြောက်ပါတယ်။
- ပြီးရင် ရေဖျန်းပေးပြီး ရေဝနေတဲ့ဖွဲပြာကို အပေါက်ပါတဲ့ခွက်ထဲ မြေနဲ့ရောပြီး ခပ်ပွပွထည့်ပေးရပါမယ်။
- ဖွဲပြာထည့်ထားတဲ့ခွက်ကို နေရောင်အသင့်အတင့်ရတဲ့နေရာမှာ ထားပေး၍ လေသလပ်ခံထားတဲ့ Succulents ရွက်လေးတွေကို စီစီရီရီလေးထည့်ပေးပါ။ ရေလောင်းပေးလို့ရပါပြီ။
- အပင်ပေါက်လေးတွေကရေကြိုက်တာမို့ နေ့တိုင်းပုံမှန်လေး လောင်းပေးပါ။ ရက်သတ္တပတ်အတွင်း အပင်လေးတွေပေါက်လာမှာဖြစ်ပါတယ် ။
Succulentsပင်များရဲ့ အကျိုးကျေးဇူးများ
တချိန်က နာမည်ကျော်ကြားခဲ့တဲ့ ရောမအတွေးအခေါ် ပညာရှင် ကက်စ်တီလီယပ််စ်စီရိုက "မင်းမှာ ဥယျာဥ်တခု၊ စာကြည့်တိုက်တခုရှိရင် မင်းမှာလိုအပ်တာအကုန်ရှိတယ်”လို့ ဆိုခဲ့သလိုပဲ စာကြည့်တိုက်က သင့်အတွက် ပညာဥာဏ်ရင့်သန်စေသလို သဘာဝအပင်လေးများကလည်း သင့်ရဲ့စိတ်ကို ကျန်းမာအောင်အစာကျွေးပေးနိုင်ပါတယ်။
သဘာဝSucculents အပင်လေးများကို စိုက်ပေးခြင်းဖြင့်..
- လေထုကိုသန့်စင်ပေးနိုင်ခြင်း၊
- လေထုစိုထိုင်းဆတိုးစေခြင်း၊
- ဆေးလိပ်ငွေ့၊ မီးခိုးငွေ့တွေရဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊
- စိတ်ကျန်းမာရေးကိုမြှင့်တင်ပေးခြင်း၊
- ဆေးဖက်ဝင်ခြင်း၊
- အောက်ဆီဂျင်ထုတ်ပေးခြင်း၊
- စိတ်အာရုံစူးစိုက်မှုကောင်းစေခြင်း
- ကျန်းမာရေးကောင်းမွန်စေခြင်းအစရှိသော အကျိုးကျေးဇူးများကိုရရှိစေပါတယ်။
ကန္တာရပင်လေးတွေဟာ ပတ်ဝန်းကျင်အခြေအနေနဲ့ လွန်စွာလိုက်လျောညီထွေရှိတဲ့ အပင်များဖြစ်ကြပြီး ကျန်းမာရေးနဲ့ညီညွတ်ရုံသာမက အိမ်တွင်းအခြေနေအမျိုးမျိုးမှာ ရှင်သန်ပေါက်ရောက်နိုင်စွမ်းရှိကြသလို အလွယ်တကူလည်း စိုက်ပျိုးလို့ရပါတယ်။
အခုနောက်ပိုင်းမှာတော့ ဒီအပင်လေးတွေဟာ အိမ်တွင်း/အိမ်ပြင်အလှစိုက်အပင်များအဖြစ် ရေပန်းလည်းစားလာတဲ့ အပင်များဖြစ်တာမို့ ဗဟုသုတရစေခြင်းငှာ ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးပဲ ကျန်းမာရွှန်းလန်းနိုင်ကြပါစေ။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဝေဟင်ထက်အောင်
လွန်ခဲ့သော ၄ နှစ် က☘️💖
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ