ကန်ထဲကရေ ကြည်ဖို့အတွက် အပင်လေးတွေထည့်မယ်
ရေကန်တွေရှိနေရင်တော့ ရေကြည်နေဖို့ကို ဘာတွေထည့်ရမလဲဆိုတာ ခေါင်းခဲနေသလား။
သိပ်မသုံးချင်ဘူး။ မိုးရေလေးပဲလှောင်ထားတာမျိုး၊ ဘုန်းကြီးကျောင်းက ရေကန်ကြီးမို့ လှလှကြည်ကြည်လေးဖြစ်ချင်နေတာမျိုး၊ အိမ်ရှေ့က ရေမြောင်းက ခြင်ကိုက်ပြီးတော့ ရေတွေ သိပ်မကောင်းချင်လို့ဆိုတာမျိုးဆိုရင် ဘာတွေစိုက်ထည့်ကြမလဲဆိုတာကို သိကြရမှာပါ။
အကောင်းဆုံး အပင်(လွယ်လွယ်နဲ့ ရနိုင်တဲ့အပင်) တွေကတော့ (၃)မျိုးရှိပါတယ်။
(၁) Hornwort
(၂) Water Lettuce (ရေဆလပ်)
(၃) Water Hyacinth (ဗေဒါ)
အဲ့ အပင်တွေအပြင်ကို ဘာတွေထပ်ရှိဦးမလဲဆိုတာကတော့ ဆက်ပြီးတော့ ကြည့်လိုက်ပါဦး
(၁) Hornwort 
အဲ့အပင်တွေကို ဘယ်လိုခေါ်မလဲဆိုတာတော့ ရေထဲအလှစိုက်တဲ့ ငါးကန်ထဲထည့်တဲ့အပင်သေးသေးလေးတွေပါပဲ။ သူက ဘယ်လိုလုပ်ပေးလဲဆိုတော့ ရေကန်ထဲ စစ်ထုတ်ဖို့ကို တာဝန်ယူပေးပါတယ်။ ဘာတွေကောင်းသလဲဆိုတော့ အကြီးမြန်တယ်။ ပြီးတော့ အစားကြီးတယ်။ ရေကန်တစ်ကန်လုံးကိုသန့်စင်ဖို့အတွက် အချိန်အရမ်းမြန်ပါတယ်။ အစားကြီးတာကိုး။
အရမ်းအကြီးမြန်လို့ မကြာခဏဖြတ်တောက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး။ တစ်လကို တစ်ခါလောက်ပဲ ဖြတ်တောက်ပေးဖို့ လိုအပ်ပါတယ်။ အဲ့ အပင်တွေက ဘာမှသိပ်လုပ်ပေးစရာမလိုပဲ ထည့်ထားပေးလိုက်ရုံနဲ့တင် ရေကန်ကိုသန့်စင်စေနိုင်တဲ့ အကျိုးအာနိသင်ရှိပါတယ်။ နေရောင်လေးကောင်းကောင်းရနိုင်မယ်။ ရေထဲမှာ အာဟာရနည်းနည်းလေးရှိရုံနဲ့ ကောင်းကောင်းရှင်သန်ကြီးထွားနိုင်တာကြောင့် ဖြစ်ပါတယ်။
ထိန်းသိမ်းရတာလည်း နည်းနည်းလေးပဲလိုအပ်တာကြောင့် အကောင်းဆုံးတွေထဲပါဝင်တဲ့ အပင်လေးပဲဖြစ်ပါတယ်။
(၂) ရေဆလပ် (Water Lettuce) 
ရေဆလပ်ပင် ဝိုင်းဝိုင်းလေးတွေမျောနေတဲ့ ရေကန်ထဲကရေလေးတွေဆို သန့်စင်နေတတ်ပါတယ်လေ။
ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ အပင်ဝိုင်းလေးတွေက ကြီးမားပြီးတော့ ကြီးထွားမြန်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ရေကန်သန့်ရှင်းရေးနဲ့ သန့်စင်ရေးအတွက်ဆိုရင်တော့ ကောင်းမွန်တဲ့ အပင်မျိုးဖြစ်ပါလိမ့်မယ်။ ကြာပန်းတွေကြား ရေဆလပ်ပင်လေးတွေကိုထည့်ထားပေးရင်ရော ရေကန်ကြီးက လှပနေမှာပေါ့လေ။
ငါးတွေမွေးထားတယ်ဆိုရင်တောင် ငါးတွေအတွက် အရိပ်ကိုတောင် ဖန်တီးပေးနိုင်တဲ့ အပင်မျိုးတွေဖြစ်ပါတယ်။ ငါးကန်နေပူလွန်းတယ်ဆိုရင် ရေဆလပ်လေးတွေနဲ့ အရိပ်ပေးလို့ရပါပြီ။ အရမ်းများပွားလာတယ်ဆိုရင် ဘေးကို ဖယ်ချပေးလို့ ရပါတယ်။ ပြန်ပြီးတော့ ထိန်းသိမ်းတဲ့အခါမှာလည်း လွယ်ကူပါတယ်။ အာဟာရစုပ်တာ နည်းနည်းရှိပါတယ်။ နေရောင်ကိုလည်း ကြိုက်ပါတယ်။ အဲ့တော့ ရေကန်ရှင်းဖို့သန့်ဖို့ဆိုရင် ရေဆလပ်ကို စိုက်ပျိုးပေးနိုင်ပါတယ်။
(၃) ဗေဒါ (Water Hyacinth) 
မဗေဒါက ဇာတ်လိုက်ကျော်ပါနော်။ ရေမြုပ်လေးတွေပါဝင်ပြီးတော့ ရေပေါ် ပေါက်တဲ့ အပင်လေးတွေဖြစ်ပါတယ်။ ရေကိုလည်း သန့်ပေးတယ်။ မြေသြဇာလည်း ပြန်လုပ်ပြီး သုံးလို့ရတယ်။ ပြီးတော့ တစ်ချို့တွေက ပန်းကန်ပြားတွေ ဘာတွေ ထုတ်လုပ်ပြီးတော့ သုံးနေကြတယ်။ ရေကိုလည်း သန့်စင်ပေးတယ်။ သိပ်ရင်းနှီးတဲ့ အပင်တွေဆိုတော့ ရှင်းမယ်ဆိုရင် ကြည့်ပြီးတော့ နည်းနည်းလေးချန်ပြီးတော့ ရှင်းပါ။ ပန်းလေးတွေလည်း ပွင့်တယ်လေ။
ငါးတွေက ကြိုက်တယ်တဲ့။ ဘာလို့လဲဆိုတော့ ရေမြုပ်လုံးလေးတွေမှာ တင်နေတတ်တဲ့အကောင်လေးတွေကို သူတို့ ဖမ်းစားနိုင်လို့ဖြစ်ပါတယ်တဲ့။ ပြီးတော့ အရိပ်လေးတွေလည်း ရတယ်လေ။ ကောင်းကောင်းထားနိုင်ရင် အကျိုးများတဲ့အပင်လေးပဲဖြစ်ပါတယ်။ နိုင်နင်းဖို့ တော့ လိုတယ်။ မဗေဒါကတော့ သန်စွမ်းတယ်လေ။
ကဲ့ ဒီလောက်ဆိုရင်တော့ ရေကန်အတွက် ထားနိုင်တဲ့ သန်စင်နိုင်အားကောင်းတဲ့ အပင် (၃) ပင်ကို ဖော်ပြထားတာဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတော့ သင့်တော်ရာ သုံးနိုင်ကြပါစေလို့..
ထွန်းဝင်းကျော်
Source - https://www.aquascapeaddiction.com/articles/best-pond-plants-to-keep-water-clear
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....