စပါးခွံကို အဆောက်အဦကုန်ကြမ်းပစ္စည်းအဖြစ်သုံးခြင်း
စက်ဖွဲပြာ RHA တွင်ပါဝင်သော ဆီလီကာဒြပ်ပေါင်း ( amorphous silica ) သည် အရာဝတ္ထုများ ကို တောင့်တင်းခိုင်မာစေရန် အထောက်အကူပြုသည်။ ကွန်ကရစ်ကန်ကြီးများတွင် လွန်ခဲ့သောနှစ် ပေါင်း ၁၅ နှစ် ကာလထဲက စတင်ထည့်သွင်း အသုံးပြုလာကြသည်။ သုတေသန စမ်းသပ်တွေ့ရှိ ချက်များအရ ဆီလီကာဓါတ်ကြွယ်ဝသော ပစ္စည်းများကို ထည့်သွင်းအသုံးပြုခြင်း နည်းလမ်းများစွာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဆီလီကာကြွယ်ဝသော ပစ္စည်းများကို အကျိုးရှိစွာအသုံးချခြင်း နည်းပညာကို ဂျပန်နှင့်ထိုင်းနိုင်ငံတို့မှ နည်းပညာများ ရယူဆောင်ရွက်လျှက်ရှိ သည်။
စပါးခွံကို ရေနွေးငွေ့အင်ဂျင်လည်ပတ်ရန်အတွက် လောင်စာအဖြစ် အသုံးပြုပြီး ဆန်စက်များကို တဆင့်လည်ပတ်ရန်၊ လျှပ်စစ်ထုတ်လုပ်မှုကို လျှပ်စစ်မီးအားလိုင်းများ မရရှိနိုင်သောဒေသများတွင် သုံးစွဲကြသည်။ စပါးခွံသည် ရေနွေးငွေ့စွမ်းအားရရှိစေပြီး ၁၀-၂၀၀ ကီလိုဝပ်ရှိသည့် အင်ဂျင်မှတ ဆင့် ဂျနရယ်ပါဝါကို လည်ပတ်စေနိုင်သည်အထိ အကောင်းဆုံးလောင်စာအဖြစ် စွမ်းအင်ကို ရရှိစေ သည်။ လျှပ်စစ်စွမ်းအင် ၂၀ ရာခိုင်နှုန်းသာရရှိသော တိုင်းပြည်များအတွက် ကျေးလက်မီးလင်းရေး အတွက် စပါးခွံလောင်စာဖြင့် ရေနွေးငွေ့စွမ်းအင်သုံး စက်များသုံး၍ မီးလင်းရေးဆောင်ရွက်နိုင် သည်။
ထိုင်းနိုင်ငံမှ နည်းပညာနှင့် ကျွမ်းကျင်သူများအကူအညီဖြင့် စပါးခွံကိုအသုံးပြု၍ လျှပ်စစ်မီးထုတ် နိုင်ခဲ့ကြသည်။ ရန်ကုန်မြို့မှ ၅၀ ကီလိုမီတာဝေးသော အိမ်ခြေ ၃၀၀ နှင့်လူဦးရေ ၁၅၀၀ ကျော်နေထိုင်သည့် ကျေးရွာများတွင် မီးထွန်းခြင်း၊ ပန်ကာ ဖွင့်ခြင်း၊ ရုပ်မြင် သံကြားကြည့် ခြင်းစသည့် အခြေခံ လျှပ်စစ်လိုအပ်ချက်များကို ထောက်ပံ့နိုင်ခဲ့သည်။ ယင်းကျေးရွာရှိ ဆန်စက် (၃) လုံးမှ ထွက်ရှိလာသော စပါးခွံများကို အခြားနေရာများသို့ ရွှေပြောင်းခြင်းမလိုအပ်သကဲ့သို့ လူအ များအကျိုးအတွက်လည်း အထောက်အကူဖြစ်စေခဲ့ပါသည်။
မြန်မာနိုင်ငံသည် လောင်စာထုတ်လုပ်ခြင်းအတွက် နည်းပညာ အကူအညီ နှင့် အထောက်အပံ့ကို ဂျပန်နိုင်ငံမှ ရရှိခဲ့သည်။ စပါးခွံကို မီသိန်းဓါတ်ငွေ့လောင်စာဆီသို့ ပြောင်းလဲရန် biomass gasifier အကူအညီဖြင့် အသုံးပြုရာတွင် ထွက်ရှိလာသော စက်ဖွဲပြာများ ရေထွက်ပေါက်တွင် ပိတ်ဆို့မှုမဖြစ် စေရန် စက်၏ clogs များကို အသုံးပြုကြသည်။ ဂျပန် NGO တစ်ခုဖြစ်သော New Energy and Industrial Technology Development Organization ( NEDO) ကူညီထောက်ပံ့မှုဖြင့် စပါးခွံအသုံးပြုခြင်းနှင့် gasifier အကြား အဆင်ပြေစွာဆက်စပ်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတ ညီမျှစေလျှက် စပါးခွံကို ပြောင်းလဲလောင်စာအဖြစ် ပြုလုပ်သုံးစွဲနိုင်ခဲ့သည်။ စပါခွံမီးသွေးတောင့် နှင့် မီးသွေးတုံးတို့သည် စပါးခွံတိုက်ရိုက်သုံးစွဲခြင်းထက် ပိုမို၍ စွမ်းအင်ကိုပြည့်ဝစေသည်။ မြန်မာ နိုင်ငံတွင် ပတ်ဝန်းကျင်နှင့် စွမ်းအင်ထုတ်လုပ်ခြင်း ပရောဂျက် ၁၁ ခု ကို လက်ရှိ NEDO မှ ပြုလုပ် လျှက်ရှိသည်။
ဆန်စက်ကြီးတစ်ခု လည်ပတ်ရန်အတွက် ကီလိုဝပ် ၁၀၀၀ ရှိသော biomass gasifier စက်တစ်ခု ကို တပ်ဆင်နိုင်ပါသည်။ ထိုကဲ့သို့ တပ်ဆင်ခြင်းဖြင့် နီးစပ်ရာ လျှပ်စစ်မီးမရရှိသော နေရာဒေသများ အတွက် အခြေခံ လျှပ်စစ်မီးလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ အခြေခံအားဖြင့် 1 MWh ရှိ ပါဝါဂျနယ်ရေတာကို လည်ပတ်နိုင်ရန် (၁) မက်ထရစ်တန် ပမာဏရှိသော စပါးခွံလိုအပ် ပါသည်။ လွန်စွာရိုးရှင်းလွယ်ကူသော လုပ်ဆောင်ချက်ဖြင့် ကြီးမားသောလျှပ်စစ်ပမာဏကို စပါးခွံ မီလီယန်တန်အနည်းငယ်ကို အသုံးပြုထုတ်လုပ်ရယူနိုင်မှာ ဖြစ်ပါသည်။
Aye Thanda Soe ( B.Agr.Sc – 1998)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးခွံ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....