မျိုးစေ့တွေကို ဘာလို့နိုင်ငံဖြတ်ကျော်ခွင့်မပြုကြတာလဲ..?
တစ်ခြားနိုင်ငံတစ်ခုကနေ တစ်ခြားနိုင်ငံတစ်ခုကို မျိုးစေ့တင်သွင်းလာတယ်ဆိုရင် တရားဝင်မှတ်ပုံတင်ပြီး စမ်းသပ်စိုက်ပျိုးတာတွေ အကုန်လုံးလုပ်ပြီးတော့မှ မျိုးစေ့အနေနဲ့ တင်သွင်းရောင်းချလို့ရသလို
မျိုးစေ့တင်သွင်းမယ်ဆိုရင်လည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထောက်ခံချက်တွေ၊ မျိုးရိုးဗီဇကိုပြောင်းလဲထား/ မထား စစ်ဆေးချက်တွေ စတဲ့ အချက်အလက်တွေ စုံပြီ။ သေချာစစ်ဆေးပြီးလို့ မှ စိတ်ချရတယ်ဆိုရင် တင်သွင်းခွင့်ပြုပါတယ်။
အဲ့လိုမဟုတ်ပါဘူး။ စိုက်ဖို့ပျိုးဖို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် သယ်လာရင် စစ်ဆေးတာကို ခံရမှာပါ။ သယ်ခွင့်လည်း မပေးထားပါဘူး။ အဲ့ဒါဟာ ဘာလို့လဲဆိုတာကို ဒီနေ့မှာ လေ့လာကြည့်ရအောင်လားခင်ဗျာ
ဒေသမျိုးတွေကို ကာကွယ်ချင်လို့
မျိုးစေ့တွေကနေ ကပ်ပြီးတော့ ပါလာနိုင်တဲ့ မျိုးစေ့ဆောင်ရောဂါတွေလိုမျိုးနဲ့ ပိုးမွှားတွေဟာ ဒေသတွင်းမှာ နဂိုအစမူလပထမ ရှိပြီးသားမျိုးတွေနဲ့ သတ္တဝါမျိုးစိတ်တွေကို တိုက်ခိုက်နိုင်တာကြောင့် တားမြစ်ထားခြင်းပါ။
မျိုးရိုးဗီဇတွေကို ထိန်းသိမ်းချင်လို့
မျိုးအသစ်က ဗီဇတွေက ဒေသမျိုးတွေနဲ့ ရောပြီးတော့ နဂိုမူရင်းမျိုးရိုးဗီဇတွေပျောက်ပျက်သွားမှာစိုးလို့ တားမြစ်ကြပါတယ်။
ပိုးမွှားနဲ့ ရောဂါတွေကို ကာကွယ်ချင်လို့
မျိုးစေ့ဆောင်ရောဂါတွေ၊ မျိုးစေ့ကနေတစ်ဆင့် ကပ်တွယ်လာနိုင်တဲ့ ပိုးမွှားတွေကသာ ဒီမှာ မျိုးစိတ်အသစ်ဖြစ်နေခဲ့ပြီးတော့ အသစ်အသစ်သော ပိုးမွှားနဲ့ရောဂါတွေ ဝင်လာတယ်ဆိုတဲ့ အဖြစ်ကိုရှောင်ရှားနိုင်အောင်လို့ တားမြစ်ကြတာဖြစ်ပါတယ်။
ဒါဆိုရင် မျိုးစေ့ တစ်မျိုးလောက်ကိုများ သွင်းလာချင်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဗဟုသုတအနေနဲ့ပြောပြပါရစေ။
ကွာရန်တင်း ဝင်ရပါမယ်။
ကွာရန်တင်းက သိပ်စိမ်းလှတဲ့ စကားလုံးတော့မဟုတ်တော့ဘူးထင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါဖြစ်တုန်းက ဒီစကားလုံးနဲ့ ထိန်းသိမ်းခဲ့တယ်လို့တောင် ဆိုလို့ရပါတယ်နော်။
ရောဂါပျံ့ပွားမှုကို ထိန်းချုပ်နိုင်အောင် ခဏသီးခြားထိန်းသိမ်းထားတာပါ။

အဆင့်လိုက်အနေနဲ့ဆိုရင် ဘာတွေလုပ်ရမလဲဆိုတော့
၁) ပထမအဆင့်အနေနဲ့ မျိုးစေ့အတွက် ဖော်ပြချက် အသေးစိတ်ကို စာရွက်စာတမ်းတွေအရ စစ်ဆေးပါတယ်။ မျိုးစေ့မှာ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်တွေ၊ မူလမျိုးစိတ်အချက်အလက်တွေနဲ့ မျိုးစေ့ကျန်းမာရေးထောက်ခံချက်တွေစတဲ့ အချက်အလက်တွေကို တစ်ခါတည်းတောင်းယူပြီးတော့ စစ်ဆေးပါတယ်။ စာရွက်စာတမ်းပေါ်မှာ စစ်ဆေးတဲ့ အဆင့်ပါ။
၂) စမ်းသပ်မှုတွေလုပ်တယ်။ မှိုသတ်တာ၊ အပူနဲ့ ဒါမှမဟုတ် ဓာတုဆေးသုံးပြီးတော့ ကာကွယ်ကုသမှုတွေလုပ်ပါတယ်။ ဘာလို့ အဲ့လိုလုပ်တာလဲဆိုတော့ အတူတကွ ပါဝင်လာနိုင်တဲ့ ပိုးမွှားနဲ့ ရောဂါတွေကို ကိုယ်တိုင်ဖယ်ထုတ်ချင်တာမို့ပါ။ မျိုးစေ့တိုင်းမှာတော့ မလုပ်ပါဘူး။ လိုအပ်တယ် ဆိုတဲ့ ကိစ္စမျိုးတွေမှာပဲ လုပ်ကြပါတယ်။
၃) ကွာရန်တင်းထားတယ်။ ပိုးမွှားနဲ့ရောဂါတွေ ပါလာတာ ရှိမရှိ။ ဖြစ်လာခြင်း မဖြစ်လာခြင်းကို လေ့လာစောင့်ကြည့်ဖို့အတွက် အချိန်တစ်ခုလောက် သူတို့ကို ခွဲထားပြီးတော့ စောင့်ကြည့်လေ့လာပါတယ်။
၄) ခုနက အဆင့်တွေ အကုန်ဖြတ်ပြီးတဲ့အချိန်မှာ တွေ့ရှိချက်တွေအရ မျိုးစေ့ကို ဖျက်ဆီးပစ်တာ ဒါမှမဟုတ် တင်သွင်းဖို့အတွက် ခွင့်ပြုလိုက်တာ။ ဒါမှမဟုတ်ရင် မူလနိုင်ငံကိုပြန်ပို့လိုက်တာမျိုးတွေကို ဆုံးဖြတ်ချက်ချပြီး ပြုလုပ်တဲ့အဆင့်ပါပဲ။
ဆိုတော့ကိုယ့်နိုင်ငံနေပဲဖြစ်ဖြစ်၊ သူများနိုင်ငံကနေပဲဖြစ်ဖြစ် မျိုးတွေအဖြစ်စိုက်ပျိုးဖို့ဆိုပြီး ယူလာချင်တဲ့ ဒါမှမဟုတ် သယ်သွားချင်တဲ့ မျိုးစေ့တွေများရှိခဲ့ရင် ဒီလို ပြဿနာတွေနဲ့ ဒီလိုအဆင့်တွေကို မဖြစ်မနေကျော်ဖြတ်ရမှာဖြစ်တဲ့အကြောင်းကို ဗဟုသုတအလို့ငှာ တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026