မျိုးစေ့ဥပဒေကို နားလည်အောင် လေ့လာကြည့်ခြင်း.
ဒါလေးတွေက မျိုးစေ့လုပ်ငန်းကိုလုပ်ကိုင်တာဖြစ်စေ မလုပ်ကိုင်နေတဲ့သူပဲဖြစ်စေ သိထားသင့်လို့ပါ။
အထူးသဖြင့်တော့ မျိုးစေ့တွေနဲ့ လုံးပန်းနေကြရတဲ့ တောင်သူဦးကြီးတွေ အနေနဲ့ ပိုပြီးတော့ သိထားသင့်ပါတယ်။ စ လိုက်ကြရအောင်ခင်ဗျာ
မျိုးစေ့မှာ သူတို့က (၂)ပိုင်းခွဲထားပါတယ်။
မျိုးစေ့ အရည်အသွေးစစ်ဆေးတဲ့ မျိုးစေ့ အရည်အသွေး စစ်ဆေးခန်း ဖွင့်မဲ့သူတွေအပိုင်းရယ်
မျိုးစေ့ကို ထုတ်လုပ်တာ၊ တင်သွင်းတာ၊ သုံးစွဲတာစတဲ့ သူတွေအတွက် မျိုးစေ့လုပ်ငန်းအပိုင်းပါ၊
အရည်အသွေး စစ်ဆေးခန်း ဖွင့်မဲ့သူတွေကတော့ အမျိုးသား မျိုးစေ့ ကော်မတီကို လျှောက်ထားရတဲ့ မှတ်ပုံတင်လက်မှတ်ရရှိပြီးမှ လုပ်ခွင့်ရှိပါတယ်။ သက်တမ်းက (၃)နှစ်ပေးပါတယ်။ သက်တမ်းမကုန်ခင် ရက် (၆၀) ကြိုတင်ပြီးတော့ သက်တမ်းတိုးဖို့ တင်ရပါတယ်။ စစ်ဆေးပြီးတော့ လက်မှတ်ပြန်ထုတ်ပေးပါတယ်။
မှတ်ပုံတင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ရင် မှတ်ပုံတင်လက်မှတ်ကို ကာလ အကန့်အသတ်နဲ့ ဆိုင်းငံ့တာမျိုး ဒါမှမဟုတ် ပယ်ဖျက်တာမျိုး လုပ်နိုင်ပါတယ်။
ဒါဆိုရင် မျိုးစေ့အရည်အသွေး စစ်ဆေးခန်းကို ဖွင့်ထားတယ် လိုင်စင်တော့မရှိပါဘူးဆိုရင် ပုဒ်မ (၂၇) အရ (၆)လ ထက် မပိုတဲ့ ထောင်ဒဏ် (ဒါမှမဟုတ်) ကျပ်တစ်သိန်းထပ်မပိုတဲ့ ငွေဒဏ် ကျခံရနိုင်ပါတယ်။ မဟုတ်ရင်လည်း (၂)ခုလုံး ကျခံရနိုင်ပါတယ်။ ဒါ့အပြင် ပြစ်မှုနဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းခံရမှာပါ။
နောက်တစ်ပိုင်းကတော့ မျိုးစေ့လုပ်ငန်းအပိုင်းပါ။
မျိုးစေ့လုပ်ငန်းလိုင်စင်ရဖို့အတွက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီကို လျှောက်ထားရပါမယ်။ မျိုးစေ့ တစ်မျိုးချင်းစီအတွက် လိုင်စင်က သီးခြားလျှောက်ထားရမှာပါ။
အဲ့လို လျှောက်ထားလိုက်မှ စံချိန်စံညွှန်းနဲ့ ညီညွတ်လား မကိုက်ညီဘူးလားဆိုတာကို မျိုးစေ့အရည်အသွေးစစ်ဆေးရေးအဖွဲ့က စစ်ပြီးတော့မှ လိုင်စင် ခွင့်ပြု မပြုကို ပြန်ပြီးတော့ ဆုံးဖြတ်ပေးပါတယ်။
ခွင့်ပြုတယ်ဆိုရင်တော့ လိုင်စင်ခ သွင်းပြီးတော့ စည်းကမ်းချက်တွေပါတဲ့လိုင်စင်ကို လိုင်စင်ခ ပေးသွင်းပြီးတော့ လက်ခံရရှိမှာပါ။ လိုင်စင်သက်တမ်းက (၁၀)နှစ်အထိ ရနိုင်ပါတယ်။ သက်တမ်း မကုန်ခင် ရက် (၆၀) ကြိုပြီးတော့ သက်တမ်းတိုးပေးရမှာပါ။
လိုင်စင်ရသွားရင် မဖြစ်မနေ လိုက်နာရမဲ့အချက်တွေကတော့
ထုတ်ပြန်တဲ့ နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေကို လိုက်နာရပါမယ်
လိုင်စင်မှာပါတဲ့ စည်းကမ်းချက်တွေကို လိုက်နာရပါမယ်။
မျိုးစေ့ကို စိုက်ခင်းမှာရော၊ မျိုးစေ့ အရည်အသွေးစမ်းသပ်ခန်းမှာရော မျိုးစေ့ အရည်အသွေးစစ်ဆေးတဲ့အဖွဲ့ရဲ့ စစ်ဆေးမှုကို ခံယူရပါမယ်။
မျိုးစေ့ထုတ်ပိုးထားတဲ့ အထုတ် ဒါမှမဟုတ် မျိုးစေ့ထည့်သွင်းထားတဲ့ ပစ္စည်းပေါ်မှာ ဒီအချက်အလက်တွေ မဖြစ်မနေ ပါရပါမယ်။
(၁) ကုန်အမှတ်တံဆိပ်
(၂) မျိုးစေ့အမည်
(၃) မျိုးစေ့အလေးချိန် (သို့) ပမာဏ
(၄) မျိုးစေ့အရည်အသွး
(၅) သုံးစွဲရန် အညွှန်းစာ
(၆) သက်တမ်းကုန်ဆုံးမည့်ရက်စွဲ
(၇) လိုင်စင်အမှတ်နှင့် ရက်စွဲ
(၈) မျိုးစေ့အရည်အသွေးနှင့် ပတ်သတ်ပြီးတော့ အရည်အသွေး အာမခံကြောင်းဖော်ပြချက်
(၉) အမျိုးသား ကော်မတီက အခါအားလျော်စွာ သတ်မှတ်သည့် အခြားအချက်အလက်များ။
အဲ့ဒါတွေ မဖြစ်မနေပါရမှာကို မပါခဲ့ဘူးဆိုရင်
ပုဒ်မ (၁၈) ပါအချက်တွေကို ပျက်ကွက်တယ်လို့ သတ်မှတ်ပြီးတော့ မျိုးစေ့လုပ်ငန်းကို ယာယီရပ်ဆိုင်းတာ လုပ်နိုင်ပါတယ်။
ဒဏ်ကြေးငွေပေးဆောင်ပြီး လိုအပ်ချက်တွေ ပြင်ဆင်ပြီးမှ မျိုးစေ့လုပ်ငန်းကိုလုပ်ဆောင်ခွင့် ပြုတာ လုပ်နိုင်ပါတယ်။
လိုင်စင်ကို ကာလ အကန့်အသတ်နဲ့ ဆိုင်းငံ့တာမျိုး ဒါမှမဟုတ်ရင် လိုင်စင်ကိုပယ်ဖျက်လိုက်တာမျိုး စတဲ့ ပြစ်ဒဏ်တွေထဲက တစ်ခုသော်လည်းကောင်း တစ်ခုထက် ပိုပြီးတော့သော်လည်းကောင်း ကျခံရနိုင်ပါတယ်။
အယူခံတော့ ဝင်လို့ရပါတယ်။ အမျိုးသားမျိုးစေ့ ကော်မတီပြန်စစ်ဆေးသုံးသပ်ပြီး ချတဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ အပြီးအပြတ်အတည်ပြုမှာပါ။
နောက်တစ်ခုက လိုင်စင်ရသူက အရည်အသွေး စစ်ဆေးပြီးတဲ့ မျိုးစေ့တွေကိုပဲ ရောင်းချခွင့်ရှိပါတယ်။

တားမြစ်ချက်တွေ ရှိပါတယ်နော်
ပုဒ်မ (၂၄) အရ မည်သူမှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်းမရှိတဲ့ အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်းမပြုရ။
ပုဒ်မ (၂၅) မည်သူမျှ လိုင်စင်မရှိပဲ မျိုးစေ့လုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ။
ပုဒ်မ (၂၆) လိုင်စင်ရရှိသူ မည်သူမျှ မျိုးစေ့အရည်အသွေး အာမခံချက်နှင့် ကိုက်ညီခြင်းမရှိသော မျိုးစေ့ကိုသော်လည်းကောင်း၊ မျိုးစေ့ အရည်အသွေး စစ်ဆေးမှုခံယူခြင်းမပြုရသေးသော မျိုးစေ့ကိုသော်လည်းကောင်း ဖြန့်ဖြူးခြင်း မပြုရ။
အဲ့တားမြစ်ချက်တွေဖြစ်တဲ့
ပုဒ်မ (၂၄)၊ (၂၅) နဲ့ (၂၆) တွေကို ဖောက်ဖျက်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင်
(၆)လ ထက် မပိုတဲ့ ထောင်ဒဏ် (ဒါမှမဟုတ်) ကျပ် (၂)သိန်းထက်မပိုတဲ့ ငွေဒဏ်။ မဟုတ်ရင် ဒဏ်(၂)ရပ်လုံး ကျခံရနိုင်ပါတယ်။ ပြစ်မှုနဲ့ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမှာဖြစ်ပါတယ်။
မျိုးတင်သွင်းချင်တယ်ဆိုရင်တော့ မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရပြီးမှ တင်သွင်းခွင့် ပါမစ် (သို့) လိုင်စင် ထုတ်ပေးတဲ့ ဌာနကို မျိုးသစ်အသိအမှတ်ပြုလက်မှတ်ကို တစ်ပါတည်း ပူးတွဲတင်ပြမှ သာ တင်သွင်းခွင့် ရမှာဖြစ်ပါတယ်။
မျိုးစေ့ဥပဒေကနေ ကင်းလွတ်ခွင့်ရှိနိုင်တဲ့ အခြေအနေတွေရှိပါတယ်။
ဘယ်လို အခြေအနေတွေလဲဆိုရင်
(က) တောင်သူလယ်သမား တစ်ယောက်ယောက်က ကိုယ်ထုတ်နေတဲ့မျိုးစေ့ကို အခြားတောင်သူကို ရောင်းချပေးတာ
(ခ) မျိုးပွားတာမဟုတ်ပဲနဲ့ အသီးပေးတာ၊ အပွင့်ပေးတာ၊ အပင်လိုက်ပေးလိုက်တာနဲ့ အပင်အစိတ်အပိုင်းတွေကို ဖြန့်ဖြူးရောင်းချတာမျိုးဆိုရင်လည်း ကင်းလွတ်ပါတယ်။
အစိုးရဝန်ကြီးဌာနက မျိုးထုတ်စိုက်ခင်းဆိုပြီး မျိုးစေ့ထုတ်တာတို့ သုတေသန စိုက်ခင်းလုပ်တာတို့မှာ ပါဝင်ပတ်သက်တဲ့ သူတွေက လိုင်စင်မလိုပဲ ပြုလုပ်လို့ရပါတယ်။
ဒါဆိုရင် ဒီဥပဒေကို နည်းနည်းလောက် နားလည်သဘောပေါက်ပြီး
ကိုယ်တိုင်က ဒီလို ဥပဒေနဲ့ မညီညွတ်တဲ့မျိုးတွေကို မြင်တဲ့အခါမှာ
ကိုယ်တိုင် မျိုးစေ့လုပ်ငန်းကို စတင်လုပ်ကိုင်မဲ့အချိန်အခါမျိုးမှာ
ကိုယ်တိုင်ကပဲ မျိုးစေ့သုတေသနတွေ ပါဝင်လုပ်ဆောင်မဲ့ အခါမျိုးမှာ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်တွေ ပြုလုပ်နိုင်မယ်လို့ ထင်ပါတယ်။
အရည်အသွေးအာမခံချက်ရှိတဲ့ မျိုးစေ့တွေကို ရွေးချယ်နိုင်ပြီး ရင်းနှီးသမျှ ပွားများကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....