အစိမ်းရောင်လမ်း
ဂျပန်လယ်သမား Fukuoka Masanobu ၏မျိုးစေ့ ပြုပြင်နည်း

ဂျပန်လယ်သမား Fukuoka Masanobu ၏မျိုးစေ့ ပြုပြင်နည်း

လယ်သမားလည်းဖြစ် စိတ်ပညာရှင်လည်းဖြစ်တဲ့ Mr Fukuoka ဟာ ဂျပန်နိုင်ငံတောင်ဖက် Shikoku ကျွန်းမှာ နေထိုင်သည်။ သူ့စနစ်က ပေါင်းနည်းနည်းရှင်းတာကလွဲပြီး ထယ်မထိုးဘူး။ စက်မရှိဘူး။ ဓာတုပစ္စည်း မရှိဘူး။ မြေဆွေးပြုပြင်သုံးတယ်။ လောင်စာဆီမသုံးတဲ့အတွက် ညစ်ညမ်းမူမရှိအောင် ဖန်တီးထားတယ်။ သူ့နည်းက လုပ်အားကုန်ကျစာရိတ်မရှိဘူး။ အားလုံးသဘာအတိုင်းပါပဲ။ ဂျပန်မှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အသုံးပြုတဲ့ ခေတ်မီနည်းလမ်း နဲ့က တစ်ခြားစီပါပဲ။
အော်ဂဲနစ်မျိုးစေ့ သို့မဟုတ် လိင်မဲ့နည်းနဲ့ ပွားထားတဲ့ မျိုးကိုင်းပျိုးပင်တွေက စိတ်ချရဖို့ လိုပါတယ်နော်။ စျေးကွက်မှာ ရောင်းချနေတဲ့  မျိုးစေ့မျိုးစုံက ဗီဇပြုပြင်မှုက အစ မှိုသတ်ဆေး၊ ပိုးသတ်ဆေးများနဲ့ သေချာစွာ ပြုပြင်ထုတ်ပိုးလေ့ ရှိတဲ့အတွက် အော်ဂဲနစ်မဖြစ်န်ုင်ပါဘူး။ အဖြစ်နိုင်ဆုံးကတော့ လိုချင်တဲ့ အော်ဂဲနစ်မျိုးစေ့ သို့မဟုတ် မျိုးပင်များကုိ အော်ဂဲနစ် စိုက်ပျိုးသော လယ်ယာဉယျာဉ်များ သို့မဟုတ် On Line များမှ တစ်ဆင့်မှာယူနိုင်ရင် အကောင်းဆုံးပါပဲနော်။
Mr Fukuoka က သူပျိုးထားတဲ့ စပါးစေ့တွေကို ငှက်တွေ ကြွက်တွေ ပုရွက်ဆိတ်တွေ ဖျက်ဆီးတာကို လွတ်ကင်းအောင်၊ မစိုက်ပျိုးမီမှာ ရွံ့တွေနဲ့ လုံးထားလိုက်တယ်။ ထို့အတူ သူစိုက်ပျိုးတဲ့ အခြားမျိုးစေ့နဲ့ ဟင်းသီးဟင်းရွက်မျိုစေ့တွေလည်း မစိုက်ခင်မှာ ရွံ့နဲ့ လုံးထားလိုက်တယ်။
“ သူပြောတာက သူရဲ့ စိုက်ပျိုးရေး အတွေ့အကြုံကို စာနဲ့တော့ မဖော်ပြချင်ပါဘူးတဲ့။ သူသိတာတွေ အားလုံးဟာ သဘာဝကို လေ့လာသင်ယူထားတာသာ ဖြစ်တယ်လို့ပဲ ပြောပါတယ်။
သူရဲ့မျိုးစေ့ပြုပြင်ပုံနည်းကတော့
မြေနီမှုန့် - ၅ ဆ
ဆွေးမြေ့ပြီးမြေဆွေး - ၃ ဆ
မျိုးစေ့ - ၁ ဆ
မျိုစေ့အရွယ်အစားကိုလိုက်၍ ရေ(၁-၂)ဆ
မျိုးစေ့ကို ရွှံ့နဲ့လုံးပြီးတော့ တစ်ရက်နေလှမ်းမယ်။ ပြီးတော့မင်သော် သို့မဟုတ် ငရုတ်သီးအစပ်မှုန့်နဲ့ ပိုးမကျအောင် လူးနယ်ပြီးမှ အပင်ဖောက်တာပဲ ဖြစ်ပါတယ်။
မိမိတို့ စိုက်ပျိုးသူများကလည်း Mr.Fukuoka ရဲ့ နည်းလမ်းက နည်းနည်းလက်ဝင်တယ်ဆိုပေမယ့် အကျိုးရှိတာမို့လို့ စမ်းသပ်ကြည့်ကြပါနော်။
Source _ အခြေခံ အော်ဂဲနစ်လယ်ယာ (မင်းဝင်းထိန် (B.Ag))

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....