စနယ်မြေစေး ရွံစေး ကျစ်မြေတွင် စိုက်ပျိုးခြင်း
လျော်ဖြူအား စနယ်မြေစေးတွင် မစိုက်ပျိုးသင့်ပါ။ သဲနူန်းမြေတွင် စိုက်ပါဟု လျော်ဖြူနှင့် ပါတ်သက်သော စာအုပ်စာတမ်းများ တွင် အကြံပြုထားသည်ကို ဖတ်ရှု့ခဲ့ရပြီး FBပေါ်မှာ ပညာရှင်များကလည်း မစိုက်သင့်ပါ စိုက်လျှင် မြေပြင် ကုန်ကျစရိတ် နှင့် မကာမိ၍ အခြားမြေတွင်သာ စိုက်ပါဟု တွင်တွင် ပြောနေ ရေးနေကြပါသည်။
မိမိမေးလိုသည်မှာ
၁.ဘာကြောင့် စနယ်မြေစေးမှာ မစိုက်သင့်တာလဲ
၂. စမ်းစိုက်ဘူးပြီလို့ ပြောတာလား။ ကြားဘူးနားဝပြော တာလား။ ဖြစ်တန်ရာ ဆိုပြီးပြောနေ ရေးနေကြတာလား။
၃. စနယ်မြေစေး မှာ စိုက်ပျိုးလျှင် မြေဘယ်လိုပြင်ရမည် ဘယ်လောက်ကုန်မည်ကို သေချာသိလို့ပြောတာလား။ ပြင်ဘူးလို့ ပြောတာလား။
၄. စနယ်မြေစေးရဲ့ မြေဖွဲ့စည်းပုံ မြေအနေအထားကို သေချာသိလို့ ပြောနေကြတာလားလို့ မေးစမ်းချင်ပါတယ်။
၅. စနယ်မြေစေး နှင့်အတူ ရွံစေးမြေ ကျစ်မြေ ကျပ်တီးမြေ တို့သည်လည်း ရေစီးဆင်းမှု ညံ့ဖျင်တယ် ဆိုတာသိပါလေစ။
၆. သဲနုံးမြေ၊ နုံးမြေတို့သည်လည်း မိုးများသောဒေသ အစိုများသောဒေသတွင် စနယ်မြေလောက်နီးနီး ရေစီးဆင်းရန် ခက်ခဲနေ တယ်ဆိုတာ သိစေချင်ပါတယ်။
စနယ်မြေစေးဆိုတာ သိသောသူရှိသလို မသိဘဲနှင့် ပြောနေသူများလည်း ရှိပါလိမ့်မည်။ အမှန်တော့ သဲနှုန်းမြေရှိရာ နေရာဒေ သတိုင်းတွင်လည်း စိုက်ပျိုး၍မရပါလေ။ အမှန်မှာ ရေမဝပ်နိုင်သောမြေဟု သာဆိုသင့်ပါသည်။
မည်သည့် စိုက်ပျိုးမြေတွင်မဆို အားနည်းချက် အားသာချက်များ ရှိနေမည်ဖြစ်ရာ မြေရှားပါးသော ကာလ ဒေသတွင်ရှိသည့် မြေအား အဆင်ပြေချောမွေ့စေရန် ပြုပြင်စိုက်ပျိုးသွားရန် လိုအပ်ပေသည်။ စနယ်မြေစေးမို့ ကျစ်မြေမို့ မြေစေးမို့ဟု တရား သေ မယူဆသင့်ပါ။ ထို့အတူ မိမိစိုက်ပျိုးသော သစ်ပင်သည် သူနှင့်ကိုက်ညီသော မြေအမျိုးအစားတွင်သာ စိုက်သင့်ပြီး သစ် ပင်မှထွက်လာမည့် ထွက်ကုန်တန်ဘိုးသည် မြေတန်ဘိုးနှင့် နှိုင်းယှဉ်မရအောင် ကွာခြားလွန်းပါက စီးပွားရေးဈေးတွက်ဖြင့် တွက်ချက်လျှင် ကိုက်ညီမှုမရှိသည့်အပြင် လူရယ်စရာဖြစ်မည်ကိုသတိပြု ရန်လိုပေသည်။ အချို့မှာ တစ်ဧက ကျပ် သိန်းရာ ထောင် တန်ဘိုးရှိသော မြေတွင် လျော်ဖြူစိုက်ပျိုးခြင်း များတွေ့ရ၍ပါသည်။
စနယ်မြေစေးတွင် လျော်ဖြူစိုက်ပျိုးခြင်းကြောင့် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အမှန်တစ်ခုအား သိစေလို၍ ရေးပါရစေ
လွန်ခဲ့သော (၂၀၁၆)ခုနှစ် အောက်တိုဘာလက ဖြစ်ပါသည်။ မိမိထံသို့ Massenger မှတဆင့် လျော်ဖြူစိုက်ပျိုးသူတစ်ဦးမှ သူစိုက်ပျိုးထားသော အပင်၏ ပုံများအား ပေးပို့၍ အညွန့်ထပ်မံမထွက်တော့ကြောင်း မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်းဟု မေးမြန်းလာခဲ့ပါသည်။
မိမိအနေဖြင့် အမြစ် သို့မဟုတ် ပင်စည်တွင် တခုခုဖြစ်နိူင် လောက်သည်ဟု သံသယရှိ၍ အပင်အားအမြစ်မှတူးခိုင်းခြင်း အပင် အားခွဲခိုင်းခြင်းများ ပြုလုပ်၍ ပုံများပို့ခိုင်းခြင်း စိုက်ပျိုးသည့်ဒေသအား မေးခြင်းများပြုခဲ့ရာ ထိုမိတ်ဆွေမှ တောင်းသမျှ အချက် အလက် မှတ်တမ်းဓာတ်ပုံများအား ပေးပို့ခဲ့ပါသည်။ မိမိအနေဖြင့် အဆိုပါပုဂ္ဂိုလ် ပေးပို့သောပုံများအား ကြည့်ရှု၍ မြေကြီးတွင် ဖြစ်နိူင်သည်ဟု သံသယ ဖြစ်မိပါသည်။ သို့သော် မိမိသိထားသည်မှာ ထိုဒေသတွင် သဲနူံးမြေ အင်တိုင်းမြေ သာများသည်ဟု သိထားကြုံထားပါသည်။ သို့ဖြစ်၍ သူမတောင်းဆိုပါဘဲနှင့် မြေအခြေအနေ အပင်အခြေအနေသိရန် လျော်ဖြူစိုက်ရာနေရာကို သွားရောက် ခဲ့ပါတော့သည်။ ရောက်ခဲ့ပါပြီ တွေ့ရပါပြီ။ လျော်ဖြူပင်နှင့် လျော်ဖြူ စိုက်သည့်မြေ စိုက်ပျိုးထားသည့်မြေမှာ မိမိထင်သောမြေ မဟုတ်ဘဲ စနယ်မြေစေးမြေ ဖြစ်နေပါတော့သည်။ လျော်ဖြူပင်က အမြင့်၂ပေခန့် ရှိနေပါသည် အနဲငယ်ညိုး ၍နေပြီး ထိပ်က အညွန့် မထွက်ဘဲနေပါသည်။ ပိုင်ရှင် နှမျောတာ မနှမျောတာ အပထား မိမိကတော့အပင် ကို အမြစ်ကစပြီး တစ်ပင်လုံး တူးခိုင်းလို့ အပင်တူးတော့ မြေက စနယ်မြေစေး မိုးနှောင်းပိုင်း မိုးရွာထားတော့ အစိုဓာတ်က သိပ်မများပါဘူး။ လောက်စာလုံး လုံးလို့ရတဲ့အဆင့်ကို ကျော်ပြီး ရေတောင် ထွက်နေပါတယ်။ မိမိလည်း အပင်ကိုခွဲ ဥကိုခွဲ အမြစ်ကိုခွဲကြည့် တော့ ဘာဒါဏ်ရာမှမရှိ အကောင်း ဒါပေမဲ့ ဥမှာတော့ အစေးတွေထွက်နေတယ်။
လျော်ဖြူမျိုး ကြော်ငြာဝင်တဲ့လူက သူ့မျိုးကောင်းတယ် ဥကတောင် အစေးထွက်တယ်လာမကြော်ငြာပါနဲ့။ ဒါဏ်ရာကထွက်လာ တာပါ။ ဥများပုပ်လာရန် ရှေ့ပြေးပါ။ ဒါနဲ့ နောက်ထပ်ညှိုးနေတဲ့ အပင်တချို့တူးကြည့်တော့လည်း ကျင်းတိုင်းမှာ အစိုဓာတ် အပြည့် ရေတောင်ထွက်နေတယ်။ တစ်ခင်းလုံး လိုက်ကြည့်ဖြစ်ပါတယ်။ အပင်က ဖြစ်ထွန်းမှုကောင်းတယ် (အလွန့်အလွန်)
သူရဲ့စိုက်စနစ်၊ ကျင်းတူးစနစ်၊ မြေဩဇာထည့်တဲ့စနစ် မေးကြည့်တော့ သူက နွေအခါကတည်းက စိုက်ကျင်းကို တူးထားတာ
တစ်ကျင်းကို ၃၀၀ကျပ် ပေးတူးထားတာ လူတစ်ယောက်မှ တစ်နေကုန် (၇) ကျင်းပြီးတယ် တူးတာကတော့ (၂ပေ ကျော် ၃ပေ)ပါတ်လည်၊ မိုးဦးကျတော့ နောက်ချေးအစို တစ်ကျင်းကို(၁၀) ပြည် ထည့်ထားတယ် ရေထည့်ပြီးနှပ်ထားတယ်။ (၁၀)ရက် လောက်ကြာတော့ မြေပဲခွံတွေထည့် အပေါ်ကမြေကြီးထည့် ရောသမမွေပြီး စိုက်မယ်ပေါ့။ လျော်ဖြူပင်စိုက်တယ်။ ဒါကလုပ်ငန်းစဉ်။ ဒါပေမဲ့ အပင်စိုက်တဲ့ အချိန်ကျတော့ သူကခရီးထွက်သွားတယ် စိုက်ပြီးမှ ပြန်ရောက်တဲ့သဘော။
စိုက်ပြီးတော့ နောက်ချေးအစို တစ်ကျင်း(၁၀)ပြည် ထည့်စိုက်တဲ့အပင်တွေက တက်လိုက်တာ တရိပ်ရိပ်အားရစရာ ဖြစ်နေ တာပေါ့။
နောက်ချေးနည်းတဲ့အပင် မထည့်တဲ့ အပင်တွေက တဖြည်းဖြည်း တက်လာတာ တွေ့နေရတယ် နောက်ချေးအစို ထည့်စိုက် ထားတဲ့ အပင်တွေနဲ့ယှဉ်ရင် စိုက်ပြီးကာစမှာ လုံးဝအားရစရာရှိမည်မဟုတ်။ ဒါပေမဲ့ မိုးကုန်တော့ မြေရေစစ် လေတက်လေ ဖြစ်မှာလေ။
အခုတော့ နောက်ချေးများတဲ့ အပင်တွေက အပင်ထိပ်ညွန့် မထွက်တော့တာ၊ အပင်ညှိုးနေတာတွေ ဖြစ်လာ၊ ဒီတော့သူလည်း စိတ်ညစ်မှာပေါ့သူလည်း စိတ်ညစ်ညစ်နဲ့ မြိုနယ်စိုက်ပျိုးရေးဦးစီးမှုးကို ရင်ဖွင့်တော့ လာကြည့်ပြီး အခက်အခဲအချို့ကို ဖြေရှင်း ပေး သွားပါတယ်။ လျော်ဖြူအပင်ဘေးမှာ ကျင်းတူးပြီး နောက်ချေးပူ အခိုးတွေထုတ် အထဲကို ရေလောင်းထည့် တုတ်ချောင်းနဲ့ မွှေပေါ့။ သက်သာပြီး အပင်တွေလည်း အညွန့်ထွက်လာတယ် ဒါပေမဲ့ မြေအစိုဓာတ်များတော့ အပင်ညှိုးတာဖြစ်နေဆဲ။
သူ့အပြောအရ တုတ်နဲ့ထိုးမွေတော့ အောက်မှာဂလိုင်ဖြစ်နေတာက နောက်ချေးများများထည့်ထားသော ကျင်းတိုင်းလိုလို စိုက်ချိန်မှာ မြေသမအောင် မမွှေမိတော့ အောက်ကနောက်ချေးက ကျသွားပြီး စနယ်မြေစေးက အပေါ်ကျန်ခဲ့တော့ ဂလိုင်ဖြစ် ရေလှောင်သလို ဖြစ်သွားပြီး မြေအစိုဓာတ်များတော့ အပင်အမြစ်ကို ဒုက္ခပေးပြီး အပင်မတက်နိူင်တော့တာပါ။
နောက်ချေးမထည့်နိူင်တဲ့အပင်တွေက နောက်ပိုင်းမှာ တရိပ်ရိပ်တက်လာပေမဲ့ နောက်ချေးထည့်ထားတဲ့ အပင်တွေက တဟုန် ထိုးတက်ပြီး တဖြည်းဖြည်းပြန်ကျကုန်တာပါ။ အပင်များတဖြည်းဖြည်း သေနေတာပါ။ အဓိကပြောလိုတာကတော့ ရေမြေ ဒေသ ရာသီဥတု အခြေအနေကို သေချာမသုံးသပ်နိူင်ဘဲ စိုက်ပျိုးနည်းစနစ်ကို ပုံသေယူမိတာလေ။ စိုက်ပျိုးသူက ည်း စိုက်ပျိုးရေးမလုပ်ဘူးသောသူ ဖြစ်နေတော့ ခက်ကုန်တာပေါ့။
နောက်ပြီး စိုက်တာက စနယ်မြေစေးကဲ့သို့သော ရေဝပ်မြေမကြိုက်သောလျော်ဖြူပင်၊ စိုက်ထားတာကလည်း မိုးရွာသွန်းမှု အသင့်အတင့်ရှိသော ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးရွာသွန်းမှုများသောနှစ်မှာ စိုက်မိလေခြင်း။ တူးမိတာကလည်း ကျင်းက ညွန်ကြားချက်အတိုင်း အကျယ် အနက်က တူးထားပြီး နောက်ချေးတွေ မြေဆွေးတွေကို နှံ့အောင်မမွေဘဲစိုက်မိ
နောက်ပြီး စနယ်မြေစေးကို သာမန်သာနင်းပြီး မြေဖို့စိုက်ခဲ့တော့ ရေဝပ်ရေအောင်း ရေလှောင်သလိုဖြစ်သွားတာပါ။
စနယ်မြေစေးကလည်း နင်းလည်းရတာမှမဟုတ်တာ။ အတွေ့အကြုံတခုတော့ရတာပေါ့လေ။ ဒါပေမဲ့ နောက်ထပ်မမှားဘို့တော့ လိုအပ်ပါတယ်။
နောက်နှစ် စိုက်မည်ဆိုပါလျင် စိုက်ကျင်းကို ပျိုးအိပ်ထည့် စိုက်ရုံသာသာ တူးပြီး အခြားသဘာဝမြေဩဇာများ ထည့်မစိုက် ဘို့ရာ အကြံပြုခဲ့ပါတယ်။ သူရဲ့မြေကလည်း မြေဩဇာ ထည့်စိုက်စရာမလိုသော တောရိုင်းမြေအသစ်ဖြစ်နေလို့ရယ် ဒီနှစ်လို ရေလှောင်ကျင်း မဖြစ်လိုသောကြောင့်ပါ။
လျော်ဖြူစိုက်ပျိုး နေကြကုန်သော မိတ်ဆွေများ နည်းပညာဖြန်ဖြူးပေးနေသော ပညာရှင်များအား အကြံပြုလိုပါသည်။
လက်ရှိ လျော်ဖြူစိုက်ပျိုးနေကြသော ပုဂ္ဂိုလ်များသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် နီးစပ်သူများဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။
မိမိစိုက်ပျိုးသော သစ်ပင်၏ ကြိုက်နှစ်သက်သော ရေ မြေ ရာသီဥတုအပေါ် အမှီပြု၍ စိုက်ပျိုးစနစ်အား ချမှတ်ရခြင်း ဖြစ် သည့်အတွက် စိုက်ပျိူးမည့်ဒေသ မြေအမျိုးအစား ရာသီဥတု ရေရရှိမှု အခြေအနေအား သေချာဂဏစွာ မသိပါဘဲနှင့် စိုက် ကျင်းအတိမ်အနက် ပင်ကြားတန်းကြား မြေဆီဩဇာ ထည့်သွင်းခြင်းများအား စာအုပ်ကြီးမူအတိုင်း ဆောင်ရွက်စေခြင်းများ မပြုလုပ်စေသင့်ပါကြောင်း။ ထိုအတူ ရေသွင်းစိုက်ပျိုးနေကြကုန်သော စိုက်ခင်းပိုင်ရှင်များအနေဖြင့် တစ်ခုသတိပြုရန်မှာ စိုက် ပျိုးမြေ၌ ရေလွယ်လွယ်ကူကူရတိုင်း အပင်များအား ရေအမြဲတမ်းပေးသင်းနေပါက မိမိစိုက်ပျိုးမြေသည် ဆားပေါက်မြေများ ဖြစ်လာပြီး ပျက်စီးဆုံးရှုံးသွားမည်ကိုပါ အထက်အညာဒေသ တွင်းရေ မြေအောက်ရေ အသုံးပြုနေကြသောသူများ အထူး သတိထား လုပ်ဆောင်သွားရန် အကြံပြုအပ်ပါသည်။
အောင်မြင်ကြပါစေ
ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026