ဘယ်အရာတွေကို မြေသြဇာအဖြစ်အသုံးမပြုသင့်ဘူးလဲ
ခေတ်မီတိုးတက်လာတာနဲ့အမျှ ဓာတုမြေသြဇာအသုံးပြုမှုများ တွင်ကျယ်လာသော်လည်းပဲ ဘေးထွက်ဆိုးကျိုးများလှသောကြောင့် အရိုးရှင်းဆုံးသည်သာ အကောင်းဆုံးဆိုသည့်အတိုင်း သဘာဝမြေသြဇာဖြင့် အော်ဂဲနစ်နည်းကျ စိုက်ပျိုးလာကြပါတယ်။
မိမိကိုယ်တိုင် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေသြဇာပြုလုပ်သုံးစွဲခြင်းဟာ အမှိုက်သရိုက်စွန့်ပစ်ပစ္စည်းများလျော့ကျစေခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်ပါတယ်။ ဓာတုမြေသြဇာများကဲ့သို့ မြေဆီလွှာပျက်စီးမှုမဖြစ်စေဘဲ မြေဆီလွှာကောင်းကျိုးဖြစ်ထွန်းစေပါတယ်။
ယေဘုယျအားဖြင့် အပင်မှရရှိသော စွန့်ပစ်ပစ္စည်းများနှင့် တိရိစ္ဆာန်များရရှိသော စွန့်ပစ်ပစ္စည်းများသည် ဇီဝမြေသြဇာအဖြစ်အသုံးပြုနိုင်သည်ဟု ထင်ရသော်လည်း ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ပေ။ ဒါကြောင့် ဇီဝမြေသြဇာမပြုလုပ်ခင်မှာ ဘယ်စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုလို့ရမလဲ ဘယ်စွန့်ပစ္စည်းတွေကို အသုံးမပြုသင့်ဘူးလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
ဘယ်အရာတွေကို မြေသြဇာအဖြစ်အသုံးပြုနိုင်မလဲ?
ဇီဝပစ္စည်းများဖြစ်တဲ့ အပင်ထွက်ပစ္စည်းအများစုကို အသုံးပြုလို့ရပါတယ်။
- ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ အခွံများ အပိုင်းအစများ
- ပုပ်နေတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများ
- သစ်ကိုင်းခြောက်များ
- သောက်သုံးပြီးသား ကော်ဖီကြမ်းမှုန့်
- ရေနွေးဓာတ်ဘူးဆေးတဲ့အခါ စွန့်ပစ်မည့် လက်ဖက်ခြောက်ဖတ်များ
- ကြက်ဥ၊ ဘဲဥအခွံများ
- သစ်ကြားသီးခွံမှလွဲပြီး အခြားအစေ့အဆံအခွံများ
- ဆံပင်ကျွတ်များ၊ တိရိစ္ဆာန်အမွှေးကျွတ်များ
- စာရွက်၊ ကတ်ထူစက္ကူနဲ့ သတင်းစာအပိုင်းအစများ
- အသုံးပြုပြီးသား တစ်ရှုး
- မြက်ခြောက်၊ သစ်ရွက်ကြွေ၊ ပန်းပွင့်ကြွေ
- လွှစာမှုန့်
- သစ်သားအပိုင်းအစ စသည်တို့ကို အသုံးပြုလို့ရပါတယ်။
ဘယ်အရာတွေကို မြေသြဇာအဖြစ်အသုံးမပြုသင့်ဘူးလဲ?
မီးဖိုချောင်နဲ့ ခြံဝင်းထဲက စွန့်ပစ်ပစ္စည်းအားလုံးဟာ သဘာဝမြေသြဇာအဖြစ် အသုံးပြုလို့မရပါဘူး။ အချို့ပစ္စည်းတွေဟာ ရောဂါပိုးမွှားတွေနဲ့ ကြွက်ကဲ့သို့ အပင်ဖျက်သတ္တဝါတွေကို ဖိတ်ခေါ်နေသလိုဖြစ်တတ်ပါတယ်။ အချို့မှာတော့ အပင်အတွက်အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေပါဝင်နေတတ်ပါတယ်။
- အသားငါးအစို နှင့် ချက်ပြုတ်ပြီးသား အပိုင်းအစအကြွင်းအကျန်များ
အသားငါးအပိုင်းအစတွေဟာ အဖျက်ပိုးမွှားများ၊ ကြွက်များ၊ ယင်ကောင်များအား ဆွဲဆောင်နေသလိုဖြစ်တတ်ပါတယ်။
- အိမ်မွေးတိရိစ္ဆာန်အညစ်အကြေးများ
ကြောင်မစင်၊ ခွေးမစင်ကဲ့သို့ အိမ်မွေးတိရိစ္ဆာန်အညစ်အကြေးတွေမှာ အပင်ကိုအန္တရာယ်ဖြစ်စေတဲ့ ကပ်ပါးပိုးမွှားတွေပါရှိတတ်ပါတယ်။
- စားပြီးသားအကြွင်းအကျန် အရိုးများ
စားပြီးသားအရိုးတွေဟာ ဖျက်ပိုးတွေလာစေဖို့ ဖိတ်ခေါ်နေတတ်ပါတယ်။ (အရိုးသုံးချင်တယ်ဆိုရင် အခြောက်ခံအမှုန့်ကြိတ်ပြီးမှ အသုံးပြုဖို့အကြံပြုလိုပါတယ်)
- နို့နှင့် နို့ထွက်ပစ္စည်းများ
နို့ထွက်ပစ္စည်းတွေဟာလည်း အပင်တွေကို အဖျက်ပိုးမွှားများကျရောက်စေပါတယ်။
- အနက်ရောင်သစ်ကြားသီး
အနက်ရောင်သစ်ကြားသီးဟာ အပင်တွေကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းထုတ်လွှတ်ပါတယ်။
- ကြီးမားတဲ့ သစ်သားအပိုင်းအစများ
ကြီးမားတဲ့သစ်သားအပိုင်းအစတွေဟာလည်း ပျက်စီးဖို့ အချိန်ကြာတာကြောင့် အသုံးမပြုသင့်ပါဘူး။
- ဟင်းချက်ဆီ၊ တိရိစ္ဆာန်အဆီ
အဆီတွေဟာလည်း အဖျက်ပိုးမွှားတွေကို ဆွဲဆောင်တာကြောင့် မြေသြဇာအဖြစ် အသုံးမပြုသင့်ပါဘူး။
- ပိုးသတ်ဆေးဖျန်းထားတဲ့ အပင်များ အကိုင်းခြောက်များ
ပိုးသတ်ဆေးအသုံးပြုထားတဲ့ အရာတွေဟာလည်း မြေဆီလွှာအကျိုးပြုပိုးမွှားတွေကိုပါ သေစေတာကြောင့် မြေသြဇာပြုလုပ်ရာမှာ မပါဝင်သင့်ပါဘူး။
- စားသုံးထားတဲ့ အကြွင်းအကျန်မုန့်များ
မုန့်အကြွင်းအကျန်တွေဟာ အဖျက်ပိုးမွှားတွေကို ဖိတ်ခေါ်တာကြောင့် မြေသြဇာပြုလုပ်ရာမှာမထည့်သင့်ပါဘူး။
- ရောဂါပိုးမွှားနဲ့ မှိုကျထားတဲ့ အပင်ခြောက်များ
မိမိစိုက်ပျိုးမယ့်အပင်ကိုပါ ကူးစက်စေနိုင်သောကြောင့် မြေသြဇာပြုလုပ်ရာမှာ အသုံးမပြုသင့်ပါဘူး။
မသုံးသင့်တာတွေသိရပြီမို့ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများမှ အသုံးပြုသင့်တဲ့အရာလေးတွေနဲ့ ဇီဝမြေသြဇာပြုလုပ်သုံးစွဲခြင်းဟာ အပင်လေးတွေအတွက် အကျိုးဖြစ်ထွန်းစေတဲ့အပြင် သဘာပတ်ဝန်းကျင်ကိုထိန်းသိမ်းရာရောက်တဲ့ အကျိုးရှိနည်းလမ်းလေးဖြစ်ပြီး အဖက်ဖက်မှ ကောင်းကျိုးရှိတာကြောင့် ပြုလုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပေါက်နေတာပါဘာမြက်လဲဘယ်လိုဆေးမျိုးဖျန်းလို့ရနိုင်လဲဗျ
Sawsamson • ဖြေကြားချက် 0 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 4 ခု
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from ThawZin
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....