အစိမ်းရောင်လမ်း
အသက်တွေနဲ့ မြေကြီး

အသက်တွေနဲ့ မြေကြီး

အသက်တွေ ရှိတယ် ဆိုတာ အာမခံသလားဆိုတော့ အာမခံပါတယ်လို့။ မြေကြီးထဲက အသက်တွေ ဆိုတာ မြင်နိုင်တဲ့ တီကောင်လေးတွေကနေ စလို့ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားလေးတွေ၊ နီမတုတ်တွေ စတဲ့ အကောင်လေးတွေပါပါတယ်။ ခု မြေကြီးထဲက အသက်တွေထဲက ဘက်တီးရီးယား တွေအကြောင်းကို လေ့လာကြည့်ကြရအောင်။ ဘက်တီးရီးယား သူက အရမ်းသေးငယ်ပြီးတော့ ဆဲလ်တစ်လုံးပဲ ပါတဲ့ သက်ရှိဖြစ်ပါတယ်။ မြင်သာအောင် ပုံပမာနှိုင်းရရင်လေ မောင်ရေ အော် ဟဲ့ သီချင်းတွေ နဲ့ရောကုန်ပါပြီ။

ပေတံပေါ်က တစ်လက်မကို အပုံ ၁ သိန်း ရအောင်ပုံပြီး ၄ ပုံလောက်ပဲ ရှိတဲ့ အရွယ်အစားနဲ့ ဘက်တီးရီးယားတွေ မြေကြီးထဲမှာ ရှိနေကြတယ်။ မြေကောင်းဆို တစ်ၕကကို နွား ၂ ကောင်စာလောက်က ဘက်တီးရီးယားတွေ ဖြစ်ပါတယ်တဲ့။ သူတို့ကို အုပ်စုခွဲရင် အုပ်စု ၄ ခုရှိတယ်။

() ပထမဆုံး အုပ်စုက အဆွေးသမားတွေ အမြစ်ကထုတ်လိုက်တဲ့ လူတွေထည့်လိုက်တဲ့ ပစ္စည်းတွေကို ဆွေးမြေ့အောင် ကူညီပေးတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။ သူတို့ရှိလို့လည်း မြေထဲက အစာကွင်းဆက်ကြီးက ပျက်မသွားတာလို့လည်း ပြောလို့ရပါတယ်။

() ဒုတိယ အုပ်စုက အပင်တွေရဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာကြီးတွေဖြစ်ပါတယ်။ သူတို့ကို Mutualists တွေလို ခေါ်ပါတယ်။ နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ဘက်တီးရီးယားလိုမျိုးပေါ့။

() တတိယ အုပ်စုက ရောဂါဖြစ်စေတဲ့ သက်ရှိတွေပါ။ ဘက်တီးရီးယားရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေက မြေကြီးထဲမှာ ရှိနေပြီးသားဆိုတော့ အဲ့လိုကနေ ရောဂါဖြစ်လာတတ်ပါတယ်နော်။ မြေကြီးထဲမှာ သူတို့လည်း ရှိတယ်။

() Lithotrophs or chemoautotrophs တွေပါ။ နားလည်အောင် ဘယ်လိုပြောရမလဲဆိုတော့ သူတို့က နိုက်ထရိုဂျင်၊ ဆာလဖာနဲ သံဓာတ်၊ နောက် အောက်စီဂျင်တွေရဲ့ ဒြပ်ပေါင်းတွေ ဆီကနေ စွမ်းအင်တွေကို ရယူပါတယ်။ အဲ့လိုယူလို့ သူတို့က ပုလဲ လို့ သိကြတဲ့ မြေသြဇာထဲက နိုက်ထရိုဂျင် လည်ပတ်မှုကို အဆက်မပြတ်ဖြစ်ပြီးတော့ အပင်တွေနဲ့ မြေကြီးတွေ အတွက် ကောင်းတဲ့ အကျိုးဆက်တွေ ရှိလာတာပေါ့။ အရေးကြီးတဲ့ ဘက်တီးရီးယားလေးတွေ အကုန်လုံးကတော့ အရေးကြီးတာပဲ။ သူ့နေရာနဲ့သူ အရေးပါ အရာရောက်ကြတဲ့ ဘက်တီးရီးယားလေးတွေပါပဲ။

ခုက မြေကြီးအတွက်ကို မြေကြီးဖက်ကနေ ကြည့်တဲ့ အခါမှာ ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယား အုပ်စုလေးတွေအကြောင်းကိုပြောမှာ။

() နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ဘက်တီးရီးယား

လေထဲက နိုက်ထရိုဂျင်တွေကို သူတို့က ဖမ်းယူပြီးတော့ အပင်တွေဆီကို ပြန်ပေးတယ်။ အပင်တွေက ထွက်တဲ့ ကာဗွန်ကို သူတို့က ပြန်ယူတယ်။ သူတို့ပေးလိုက်တဲ့ နိုက်ထရိုဂျင်ပြည့်နေတဲ့ အပင်လေးတွေက သေသွားလို့ မြေထဲရောက် သွားရင်တောင် မြေကြီးကို နိုက်ထရိုဂျင် ပြန်ဖြည့်တင်းပေးပါတယ်။

() အောက်စီဂျင်ပေါင်းပေးတဲ့ ဘက်တီးရီးယားလေးတွေက အဲ့လိုပေါင်းပေးတာကြောင့် အငွေ့ပျံ့မဲ့ အမိုးနီးယမ်းက အငွေ့မပျံ့တော့ပဲ အပင်တွေ စားနိုင်တဲ့ နိုက်ထရိတ်ပုံစံအနေနဲ့ ပြောင်းပေးနိုင်သတဲ့ကွယ်။ အဲ့လိ ဘက်တီးရီးယားလေးတွေကျ သစ်တောမြေမှာ အများဆုံး တွေ့ရသတဲ့။

() အငွေ့ပျံစေတဲ့ ဘက်တီးရီးယား ဒါက လေမရှိတဲ့ အခြေအနေမှာ နေထိုင်ကြတဲ့ အောက်စီဂျင်ကို မလိုတဲ့ ဘက်တီးရီးယား လေးတွေက လုပ်ပေးတာပါ။ အဲ့အလွှာမှာ ရှိတဲ့ နိုက်ထရိုဂျငိတွေကို ဓာတ်ငွေ့အဖြစ်နဲ့ မြေပေါ်ကို တက်လာစေနိုင်တာမျိုးပါ။

() နောက်ဆုံးတစ်ခုကတော့ Actinomycetes သူက မှိုတွေလိုမျိုး အုပ်စုလိုက် နေကြပြီးတော့ မြေကို အနံလေးကောင်းစေတယ်။ မြေထဲက ချေဖျက်ရခက်တဲ့ အရာတွေကိုလည်း အုပ်စုလိုက် အုပ်စုလိုက်ချေဖျက်ပြီးတော့ တစ်ခါတစ်လေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေတောင် ထုတ်လုပ်ပေးနိုင်ပါသတဲ့။။ ကဲ ဒီလောက်ဆို မြေကြီးထဲမှာ ရှိတဲ့ ဘက်တီးရီးယား အုပ်စု () ခုနဲ့ မြေကြီးအတွက် အရေးပါတဲ့ ဘက်တီးရီးယား အုပ်စု () စုကို သိလောက်ပြီလို့ ထင်ပါတယ်။ နောက်များမှာ ဆုံတွေ့ကြတာပေါ့။

ထွန်းဝင်းကျော်

Reference Soil Chemistry and Soil Microbiology pdf published by Agricultural University Alumni Association (AUAA)

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....