မြေကြီးအတွက် ဓာတုဆိုင်ရာ သွင်ပြင်လက္ခဏာတွေကို လေ့လာကြရအောင်
မြေကြီးရဲ့ ဓာတ်ဂုဏ်သတ္တိတွေထဲမှာဆိုရင် ပထမဆုံးအပိုင်းကတော့ အာဟာရတွေဖြစ်ပါတယ်။
အာဟာရတွေ
မြေကြီးထဲက အပင်တွေ ရတယ်ဆိုတဲ့ အာဟာရတွေဆိုတာ မိဘဖြစ်တဲ့ကျောက်တွေကနေ တစ်ဖြည်းဖြည်းချင်း ထုတ်ပေးရင်းနဲ့ အပင်တွေက ရတာပါ။ အာဟာရတွေကို လေထဲကနေလည်း ရနိုင်ပါသေးတယ်။ မိုးထဲက ပါလာတဲ့၊ လေထဲမှာ ရှိနေတဲ့ နိုက်ထရိုဂျင်တွေဟာဆိုရင် မြေထဲက ရိုက်ဇိုးဘီးယားလိုမျိုး အနုဇီဝသက်ရှိတွေရဲ့ အကူအညီနဲ့ မြေထဲကို ထည့်ပေးလိုက်လို့ရပါတယ်။ အမှန်အတိုင်းဆို သဘာဝကနေ ရှိနေတဲ့ စနစ်တွေအရဆို လုံလောက်နေပေမဲ့ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်ကျတော့ အာဟာရအတွက် မလုံလောက်တာကြောင့် အပြင်ကနေ လိုအပ်တဲ့ မြေသြဇာတွေကို ထပ်ထည့်ပေးရတာဖြစ်ပါတယ်။
စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းမှာ ဘာလို့ ထပ်လိုအပ်လဲဆိုတော့ သီးနှံတစ်ခုစိုက်တိုင်းမှာ မြေကြီးထဲမှာရှိတဲ့ အာဟာရတွေကို ထုတ်ယူသွားပါတယ်။ အောက်က ဇယားလေးက ဂျုံတစ်တန်လောက် ထုတ်ဖို့အတွက် ကိုယ့်မြေထဲက အာဟာရ ဘယ်လောက်ရင်းလိုက်ရလဲ ဆိုတာကို ဖော်ပြထားပါတယ်။

မြေထဲက ယူထုတ်သွားတဲ့ အာဟာရတွေပဲရှိပါသေးတယ်။ ထပ်ထည့်လိုက်ရတာတွေ မပါပါဘူးနော်။ မြေက အာဟာရတွေ ပြည့်စုံနေမှပဲ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေနိုင်မှာပါ။ အပင်တွေကရလို့ ကုန်သွားတဲ့အာဟာရတွေနဲ့ အပင်အမြစ်တွေရဲ့ အောက်ကို ပျော်ကျပြီး ဆုံးရှုံးသွားတဲ့ အာဟာရတွေလည်းရှိပါတယ်။ အဲ့လို အာဟာရတွေ ဆုံးရှုံးတယ်ဆိုတာက ရေနဲ့ဖျော်ပြီးတော့ ပျောက်ဆုံးသွားတဲ့ နိုက်ထရိတ်လိုမျိုးပါ။ အဲ့လို ဆုံးတာတင်မကဘူး၊ အပူကြောင့်ကုန်ဆုံးသွားတဲ့ အာဟာရတွေလည်း ရှိပါတယ်။ အဲ့လိုအချက်တွေကြောင့် မြေကြီးရဲ့ အသေးစိတ် အာဟာရတွေကိုလေ့လာရတာ ဖြစ်ပါတယ်။
မြေချဉ်ငံကိန်း
မြေချဉ်ငံကိန်းအကြောင်းကတော့ တီးမိခေါက်မိ ဖြစ်ပြီးသားဆိုတော့ အများကြီးမပြောတော့ပါဘူး။ (၀)ကနေ (၁၄) ထိရှိတယ်။ (၇) က မချဉ်မငန်ပါ။ (၇) အောက်ရောက်သွားရင် ချဉ်ပြီးတော့ (၇) အထက်ဆိုရင် ငန်ပါတယ်။ မြေချဉ်ငံကိန်းကတော့ မြေကြီးထဲက အာဟာရတွေကို ထုတ်ပေးမပေးဆိုတာနဲ့ အပင်တွေဖြစ်ထွန်းမှု မထွန်းမှု ဆိုတဲ့အချက်တွေကို ဆုံးဖြတ်ပါတယ်။
ရရှိနိုင်တဲ့အာဟာရနဲ့ မရရှိနိုင်တဲ့အာဟာရ
ရှိနေတဲ့ ပုံစံလိုက်ပြီးတော့ အပင်တွေက မြေထဲက အာဟာရကို ရနိုင် မရနိုင်ဆိုတာကို ဆုံးဖြတ်ပါတယ်။ ပြီးတော့ မြေချဉ်ငံကိန်းနဲ့လည်း ဆုံးဖြတ်ပါတယ်။ မြေချဉ်ငံကိန်းနဲ့ပတ်သက်ပြီး မြေထဲက အာဟာရတွေ ရနိုင် မရနိုင်ဆိုတာကို အောက်မှာ ဇယားလေးနဲ့ ပြထားပါတယ်။

မြေကြီးထဲက ရနိုင်တဲ့ အာဟာရတွေက အပေါ်ယံ ၁၀ စင်တီမီတာကဖြစ်ပါတယ်။ အဲ့နေရာမှာ အော်ဂဲနစ် ပစ္စည်းတွေနဲ့ အောက်စီဂျင်ပေါများလို့ဖြစ်ပါတယ်။
မြေကြီးထဲကို အာဟာရတွေ ဖြည့်လိုက်တယ်။ မြေသြဇာကျွေးလိုက်တယ်ဆိုရင် အပင်တွေက လွယ်လွယ်ရ နိုင်တာလည်း ရှိတယ်။ မြေချဉ်ငံကိန်းနဲ့ မြေအမျိုးအစားပေါ်မူတည်ပြီးတော့ တစ်ချို့က မြေနဲ့ တစ်ခါတည်း ကပ်ပြီးတော့ တစ်သားတည်း ဖြစ်သွားတယ်။ တစ်ချို့ကျတော့ စိမ့်ဝင်ပြီး ပျောက်ဆုံးသွားတယ် အဲ့လိုဖြစ်တတ်တာက အော်ဂဲနစ်ပစ္စည်းတွေ နည်းပါးပြီးတော့ မြေစေးမရှိတဲ့ မြေတွေမှာ ပိုပြီးတော့ ဖြစ်တတ်ပါတယ်။
အရိုးမှုန့်တို့ ဘာချေး ညာချေးဆိုတာတွေကိုကျတော့ ဖြည်းဖြည်းချင်းပြန်ထုတ်ပေးတဲ့ မြေသြဇာတွေလို့ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အပင်တွေ တိုက်ရိုက်မစားသုံးနိုင်တဲ့ ပုံစံတွေဖြစ်ပြီးတော့ အပင်တွေ စားသုံးနိုင်ဖို့အတွက်ကိုကျတော့ ပုံစံပြန်ပြောင်းပေးရပါတယ်။ အဲ့လို ပုံစံပြောင်းနိုင်ဖို့အတွက်ကို မြေကြီးထဲမှာ ရှိတဲ့ အနုဇီဝသက်ရှိတွေရဲ့ အကူအညီနဲ့ ဖြည်းဖြည်းချင်း ပြန်ပြောင်းရတာမို့ ဖြစ်ပါတယ်။
ခု ပြောခဲ့တဲ့ အကြောင်းတွေ ဖြစ်တဲ့ မြေချဉ်ငံကိန်းတွေ၊ အာဟာရတွေဆိုတာက မြေကြီးတစ်ခုရဲ့ ဓာတုဆိုင်ရာ လက္ခဏာတွေ ဖြစ်ပါတယ်။ ကြုံလို့ ကြိုက်လို့ လေ့လာဖြစ်တယ်ဆိုရင် ဒါဟာမြေကြီးတစ်ခုရဲ့ ဓာတ်ဂုဏ်သတ္တိတွေေဖြစ်တယ်ဆိုတာကို မှတ်မိနိုင်ကြမယ်လို့ ထင်ပါတယ်။
References
-
Centre of Land Protection Research, “Know Your Soil – Introduction to Soils”
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....