နေပီယာမြက်နဲ့ ကျေးရွာကိုပါ အကျိုးပြုပေးနိုင်သွားတဲ့ အစိမ်းရောင်လမ်းကတောင်သူ
ကိုဇော်ထက်အောင်ကတော့ ဓာတ်ပုံပြိုင်ပွဲတွေကနေ အစိမ်းရောင်လမ်းကို စသိခဲ့သူပါ။ ခုအချိန်မှာဆိုရင် ဖေ့ဘုတ်တောင်သိပ်မသုံးဖြစ်တော့ဘဲ Green Way ထဲမှာပဲ သိချင်တာတွေမေးလိုက် သိတာတွေဖြေပေးလိုက်နဲ့ ဖုန်းဆော့ဝဲတစ်ခုကို ကောင်းကောင်းအသုံးချဖြစ်နေပါပြီ။
ဖေ့ဘုတ်သိပ်မသုံးဖြစ်တော့ဘူး Green Way မှာတော့ ညတိုင်းကြည့်ဖြစ်တယ်ဗျ။ ဖေ့ဘုတ်သုံးတာကျ စုံတော့ တအားအာရုံတွေများလို့ Green Way ပဲကြည့်ဖြစ်တာ။
လေ့လာစရာဗဟုသုတတွေကို ဖေ့ဘုတ်သုံးရင်း စသိခဲ့ပေမယ့် အခုအချိန်မှာတော့ လိုချင်တဲ့စိုက်ပျိုးနည်းပညာတွေအတွက် အာရုံနောက်မခံတော့ပါဘူး။ ဖုန်းဆော့ဝဲတွေကို ရွေးချယ်သုံးတတ်သူတစ်ယောက် ဖြစ်နေပါပြီ။
ကျွန်တော် နဂိုကဆိုရင် နေပီယာမြက်ကို ဘာမှမသိဘူးပေါ့နော်။ ခု Green Way သုံးပြီး တော့ မွေးမြူရေးက နွားအကြောင်းကြည့်ဖြစ်တယ်။ နေဗီယာမြက်အကြောင်း သိလာရတယ်။ ဒီလိုနဲ့ မျိုးအကြောင်းစုံစမ်းပြီးစိုက်ထားတယ်။ ခုဆို နေဗီယာမြက်နဲ့ နွားတွေတော်တော်အဆင်ပြေနေပြီ နွားကျွေးဖို့ မပူရတော့ဘူးပေါ့ဗျာ။
တော်တော်များများက အင်တာနက်သုံးတယ်ဆိုတာကို ဖေ့ဘုတ်သုံးတာလို့ပဲ မြင်နေကြသေးတဲ့အချိန်မှာ ကိုဇော်ထက်အောင်လို ကိုယ်လိုချင်တာအတွက် ရွေးချယ်အသုံးချတတ်သူတွေလည်း ရှိနေပါပြီ။
နေပီယာမြက်တွေစိုက်ထားတာကြာပြီ။ အမေးအဖြေမှာလဲ မေးဖြစ်တယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးတယ်ဗျ။ ဒီလိုနဲ့ ကျွန်တော်ဆက်သွယ်ပြီး စိုက်ဖြစ်ခဲ့တာ။ ခုရွာထဲမှာလည်း မျိုးတွေပြန်နေ့ပြီ။ ကျွန်တော့ဆီကနေလည်း ပေးတယ်လေ။ ကျွန်တော်တို့ဆီမှာတော့ နေပီယာမြက်နဲ့တင် နွားမွေးတဲ့လူတွေအဆင်ပြေနေတယ်
လို့ပြောပါတယ်။
အစိမ်းရောင်လမ်းအနေနဲ့လည်း တောင်သူတွေအတွက် စိုက်ပျိုးမွေးမြူရေးနည်းပညာတွေ သီးသန့်လေ့လာလို့ရတဲ့ ဆော့ဝဲလေးတစ်ခု ဖြစ်ခွင့်ရတာကို ဂုဏ်ယူလို့မဆုံးဖြစ်ရပါတယ်ဗျာ….
ကိုဇော်ထက်အောင်လို ဆောင်းပါးတွေဖတ်တဲ့ အခြေအနေကနေ လက်တွေ့အသုံးချဖြစ်တဲ့အဆင့်ထိ တိုးတက်နေသူတွေရှိရင်လည်း ပြောပြပေးသွားပါအုံးနော်။ ဂုဏ်ပြုချင်လို့ပါဗျို့…..
စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေမှာ အင်တာနက်ကို ကောင်းကောင်းအသုံးချပြီး နည်းပညာတွေလေ့လာ၊ လက်တွေ့လည်းလုပ်၊ ကျေးရွာကိုလည်းမျှဝေ၊ အမေးအဖြေတွေပါ ပါဝင်ဖြစ်နေတဲ့ ခေတ်မီတဲ့ တောင်သူလူငယ်တစ်ယောက်ဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ရေးသားဖော်ပြလိုက်ရပါတယ်။
lin htin
လွန်ခဲ့သော ၆ လ ကဇီရှိသောနွာမမျာကိုနေဗီယာမြက်ကျွေးလိုရလာ
Hnin Ei Khaing
လွန်ခဲ့သော ၃ နှစ် ကဘယ်မှာဝယ်လို့ရပါသလဲ
ရဲလေး
လွန်ခဲ့သော ၄ နှစ် ကစိုက်ပျိုးပုံနဲ့ကျွေးမွေးပုံကိုသိချင်ပါတယ်
ရဲလေး
လွန်ခဲ့သော ၄ နှစ် ကရေနဲမြေဩဇာအသုံးပြုပါသလား
ရဲလေး
လွန်ခဲ့သော ၄ နှစ် ကဝယ်ယူရမဲ့ဖုန်းနံပါတ်ကိုသိချင်ပါတယ်
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....