အစိမ်းရောင်လမ်းရဲ့ မြေဆီလွှာကဏ္ဍနဲ့ အညာဒေသက ကိုသန်းလှိုင်
ရာသီဥတုတွေဖောက်ပြန်လာပြီး မိုးတွေပုံမှန်မရတော့တာကို ပခုက္ကူက ကိုသန်းလှိုင်တစ်ယောက်ကတော့ တောင်ဂတုံးတွေကိုကြည့်ရင်း စဉ်းစားနေဖြစ်ခဲ့ပုံပါပဲ။ အစိမ်းရောင်လမ်းထဲက ၅ ရက်စာ မိုးလေဝသခန့်မှန်းချက်ထဲမှာလည်း မိုးရွာဖို့အလားအလာမမြင်နေသေးလို့ ဘယ်ချိန်မိုးရွာမလဲ သိလိုသိငြား အစိမ်းရောင်လမ်းကို ဆက်သွယ်လာခဲ့ပါတယ်။စိုက်ပျိုးရေးအကြောင်းတွေ ပြောဖြစ်ကြရင်းက သိခဲ့ရတာတွေကို အစိမ်းရောင်လမ်းပရိတ်သတ်တွေအတွက် မျှဝေလိုက်ရပါတယ်။
ခုအချိန်ကတော့ မိုးလည်းမရသေးတော့ ထန်းလက်တွေစုရင်း ထွင်ရင်း ထန်းလျက်ချက်ဖို့ လောင်စာတွေစုပါတယ်။ ယာမြေမှာလည်း ကန်သင်းဆည်ပြီးပါပြီ။ အဘိုးအဖွားတွေခတ်တုန်းကတော့ တောင်ပေါ်တက်ပြီး ထင်းတွေခုတ်ကြတယ်။ ခုတော့ ထင်းခုတ်စရာတောင်မရှိတော့ဘဲ တောင်ဂတုံးတွေဖြစ်နေပြီ။ ထန်းလက်တွေပဲ ပြန်သုံးနေပါတယ်။ ထန်းပင်အောက်မှာလည်း မြေဆွေးပုံတွေလုပ်ထားတယ်ဗျ
ပခုက္ကူမြို့နယ်၊ စဘေအုပ်စု ၊ ကံဇောက်ရွာက တောင်သူ ကိုသန်းလှိုင်ကတော့ ကိုဗစ်ကာလအတွင်း သူလုပ်ဖြစ်ခဲ့တာလေးတွေကို အခုလိုသိခဲ့ရပါတယ်။

အညာဒေရဲ့ တောင်သူ ကိုသန်းလှိုင်ကတော့ ထန်းတောထဲက ယာမြေတွေအတွက် စိုက်ပျိုးရာသီမရောက်ခင် အားလပ်ချိန်တွေမှာ ပြုပြင်နေခဲ့ပါတယ်။ ရောဂါကပ်ဆိုးကြီးဖြစ်နေပေမယ့် ရွာအပြင်ဘက် ယာတောနားမှာပဲ အိမ်ဆောက်ပြီးနေသူမို့ သူ့အတွက်ကတော့ ယာခင်းအတွက်ပဲ အာရုံစိုက်ဖြစ်ပါတယ်။
မိုးကလဲ မရသေးတာမို့ ဆော့ဝဲထဲက ဆောင်းပါးတွေဖတ်ရင်း မြေဆီလွှာပြုပြင်ထိန်းသိမ်းရေးတွေကိုပဲ အာရုံစိုက်နေပါတယ်။

သူ့အနေနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတွေကြောင့် မြေဆီလွှာတွေပျက်စီးပြီး ရေတိုက်စားမှုတွေကိုကာကွယ်ဖို့ နည်းပညာတွေ လေ့လာနေခဲ့ပါတယ်။ ဒါကြောင့် အစိမ်းရောင်လမ်းရဲ့ မြေဆီလွှာကဏ္ဍကို လေ့လာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အစိမ်းရောင်လမ်းရဲ့ မြေဆီလွှာကဏ္ဍမှာ မြေဆွေးပုံပြုလုပ်နည်း ဆောင်းပါးတွေနဲ့ တခြားဆောင်းပါးပေါင်းများစွာကို လေ့လာဖြစ်နေပါတယ်။ နှမ်းရိုးတွေ နွားချီးတွေလည်းရှိနေတာမို့ ထန်းပင်အောက်မှာပဲ မြေဆွေးပုံတွေပြုလုပ်ဖြစ်တယ်။ ယာမြေတွေကို ကန်သင်းဆည်ရမယ်လို့လည်း ဖတ်ဖူးလို့ ခုကန်သင်းတွေလည်း ဆည်ထားတယ်လို့လည်းသိရပါတယ်။ သူယာကွက်အတွက် စနစ်တကျပြုပြင်နိုင်ဖို့ မိုးမရချိန်မှာ ဆော့ဝဲထဲကနေလေ့လာပြီး ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နေခဲ့ပါတယ်။ ဆော့ဝဲလေးတစ်ခုရဲ့ အကူအညီနဲ့ မြေဆီလွှာထိန်းသိမ်းရေးတွေလုပ်နိုင်တဲ့ ကိုသန်းလှိုင်အတွက် ဂုဏ်ယူစွာနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026