အစိမ်းရောင်လမ်း
ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ လှိုင်ဒူးရင်းခြံကပြောပြလာတဲ့ အစိမ်းရောင်လမ်းအကြောင်း

ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ လှိုင်ဒူးရင်းခြံကပြောပြလာတဲ့ အစိမ်းရောင်လမ်းအကြောင်း

ဒီအချိန်က ပိုးထိုးတဲ့အချိန်မဟုတ်ပေမယ့် အမေးအဖြေက ညွှန်ကြားပေးတဲ့ ethanol trap နဲ့စမ်းကြည့်တော့ ပိုးတွေတကယ်ပဲလာမိနေတာကို တွေ့ရပါတယ်။ ကျွန်တော် တော်တော်လဲဝမ်းသာပါတယ်၊ကိုယ်ယုံကြည်အားထားရာနေရာတစ်ခုရပြီဆိုပြီး ပျော်မိတာပါ

ဒီလိုပြောကြားလာသူကတော့ ဘကြီးဖြိုးဆိုတဲ့အမည်နဲ့ ဒူးရင်းခြံတွေကို စီမံခန့်ခွဲနေသူတစ်ယောက်ပါ။ နန္ဒာလှိုင်ရဲ့ လှိုင်ဒူးရင်ခြံ မန်နေဂျာလည်းဖြစ်ပါတယ်။

ခြံရဲ့သက်တမ်းက နှစ် ၂၀ လောက်ရှိပေမယ့် စီးပွားဖြစ်အနေနဲ့ လှိုင်ဒူးရင်းခြံဆိုပြီးတည်ထောင်ခဲ့တာကတော့ ၂ နှစ်ပဲရှိပါသေးတယ်။ သူစတင်ဦးစီးတာတော့ ဒီနှစ်ထဲမှာပဲ။ အရင်နှစ်တွေကလို ပင်စည်ထိုးပိုးမကျအောင် လေ့လာမှုတွေကို ဆက်တိုက်လုပ်နေခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာတွေပေါ်မှာ လေ့လာရင်းနဲ့ အစိမ်းရောင်လမ်းကိုတွေ့ခဲ့ပြီး သူသိချင်နေတဲ့ ဒူးရင်းပင်စည်ထိုးပိုးအကြောင်း မေးမြန်းခဲ့ပါတယ်။

အများကြီးတော့မျှော်လင့်မထားဘူး  ဒီအတိုင်းဝင်မေးကြည့်လိုက်တော့ ကောင်းကောင်းမွန်မွန်နဲ့အသေးစိတ်ပြန်ဖြေပေးတယ်မြန်မြန်ဆန်ဆန်ပဲ ဘယ်လောက်မှမကြာလိုက်ဖူး ပြန်ဖြေပေးတာတွေ့ရတယ်

လို့ သူ့ရဲ့အတွေ့အကြုံလေးကို မျှဝေပေးခဲ့ပါတယ်။

အမေးအဖြေကဏ္ဍလေးကနေ ခုလိုအဆင်ပြေသွားရတာတွေ ကြားသိရလို့ ဝမ်းသာဂုဏ်ယူရပါတယ်။ အစိမ်းရောင်လမ်းရဲ့ အမေးအဖြေမှာ ပါဝင်ဖြေဆိုပေးကြတဲ့ ပညာရှင်များ၊ တောင်သူများ၊ ကျွမ်းကျင်သူများအားလုံးလည်း ဝမ်းသာပီတိဖြစ်ရအောင် ကြည်နူးစရာလေးတွေမျှဝေလိုက်ရပါတယ်။

ပညာရပ်တွေ ကိုယ်သိထားတာတွေကို သိထားတဲ့အတိုင်းပဲထားရင် တန်ဖိုးမရှိပါဘူး။ လက်တွေ့အသုံးချလိုက်ပြီဆိုမှ တန်ဖိုးရှိသွားတာပါ။ ကိုယ်တိုင်အသုံးမချနိုင်သေးရင် လိုအပ်နေသူတွေစီမျှဝေလိုက်ပါ။

အစိမ်းရောင်လမ်း

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

သက်နိူင်

သက်နိူင်

လွန်ခဲ့သော ၁၁ လ က

ethanol trap အကြောင်းလေး ရှင်းပြပေးပါလား

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....