ရေရှည်တည်မြဲသော စိုက်ပျိုးရေး အပိုင်း(၁)
ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးဆိုတာ စိုက်ပျိုးထုတ်လုပ်ရေးကို ရေရှည်တည်မြဲအောင် ဆောင်ရွက်တဲ့ စိုက်ပျိုးရေးစနစ်တစ်ခုဖြစ်ပါတယ်။ ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးမှာ သယံဇာတအားလုံးကို ထိန်းသိမ်းဖို့အတွက် သဘာဝဖြစ်စဉ်များနဲ့အတူ လှုံ့ဆော်တဲ့ ဒီဇိုင်းနဲ့ စီမံခန့်ခွဲမှုတို့ပါဝင်ပြီး စွန့်ပစ်ပစ္စည်းနဲ့ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုကို အနည်းဆုံးဖြစ်စေကာ တစ်ချိန်တည်းမှာ စိုက်ခင်းအကျိုးအမြတ်ရရှိမှုကို တိုးမြင့်စေရပါမယ်။ သဘာဝမြေကြီးနဲ့အတူ အလုပ်လုပ်ရတာဟာ အထူးအရေးကြီးပါတယ်။ ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးစနစ်များကို တည်ရှိနေတဲ့ မြေကြီးရဲ့အာဟာရနဲ့ ရေစီးဆင်းမှုတွေ၊ စွမ်းအင်စီးဆင်းမှုနဲ့ စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက် မြေကြီးသက်ရှိတွေရဲ့ အကျိုးတရားကို အများဆုံးရရှိဖို့ ပုံစံထုတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုစနစ်တွေဟာ လူ့ကျန်းမာရေးကိုထိခိုက်စေတဲ့ ထုတ်ကုန်တွေမရှိဘဲ အာဟာရရှိတဲ့ စားနပ်ရိက္ခာများကို ထုတ်လုပ်ဖို့ရည်ရွယ်ပါတယ်။
လက်တွေ့ ဒီလိုစနစ်တွေမှာ ဓါတုမြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ အပင်ကြီးထွားဆေးတွေနဲ့ တိရစ္ဆာန်အစားအစာ ဆိုးဆေးတွေ အသုံးပြုတာကို ရှောင်ရှားဖို့ ရည်ရွယ်ပါတယ်။ ဒီပစ္စည်းတွေကို ပြန်လည်ပြီး အသစ်မရနိုင်တဲ့ သယံဇာတာတွေအပေါ် ၄င်းတို့ရဲ့ မှီခိုမှု၊ ပတ်ဝန်းကျင်အတွင်း ပျက်စီးမှုအလားအလာနဲ့ ၄င်းတို့ရဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ တိရစ္ဆာန်တွေနဲ့ လူ့ကျန်းမာရေးတို့အပေါ် ထိခိုက်နိုင်မှုအလားအလာတို့ကို အခြေခံပြီး ငြင်းပယ်ပါတယ်။ ဥပမာအနေနဲ့ ဓါတုမြေသြဇာတွေနဲ့ ပိုးသတ်ဆေးတွေဟာ ယေဘုယျအားဖြင့် မြေကြီးထဲက ဇီဝဆိုင်ရာလှုပ်ရှားမှုတွေကို ဖိနှိပ်ပါတယ်။ အချို့အပင်ကြီးထွားဆေးတွေနဲ့ အစားအစာဆိုးဆေးတွေဟာ သစ်ရွက်စိမ်းတွေကို ဆွေးမြေ့စေရာမှာ အတားအဆီးဖြစ်စေပြီး လူ့ကျန်းမာရေးအန္တရာယ်ကို ဖြစ်စေဖို့ အလားအလာရှိပါတယ်။ အဲလို လုပ်မဲ့အစား ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးစနစ်များဟာ သီးလှည့်စိုက်ပျိုးတာ၊ သီးနှံအကြွင်းအကျန်တွေ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေ၊ ပဲမျိုးရင်းဝင်တွေ၊ သစ်စိမ်းမြေသြဇာတွေနဲ့ စိုက်ခင်းပြင်ပ အော်ဂဲနစ် စွန့်ပစ်ပစ္စည်းတွေ၊ သင့်တော်တဲ့ လက်နဲ့ စိုက်ပျိုးခြင်းတွေနဲ့ မြေကြီး ဇီ၀လှုပ်ရှားမှုကို အမြင့်ဆုံးဖြစ်စေဖို့နဲ့ မြေဆီအာဟာရနဲ့ ထုတ်လုပ်နိုင်စွမ်းအားကို ထိန်းသိမ်းပေးတဲ့ ကျောက်ခဲတွေပါတဲ့ သတ္တုတွေအပေါ်မူတည်ပါတယ်။ သဘာဝ၊ ဇီဝနဲ့ စိုက်ပျိုးရေးဆိုင်ရာ ကာကွယ်နှိမ်နင်းနည်းတွေကို ဖျက်ပိုးတွေ၊ ပေါင်းတွေနဲ့ ရောဂါတွေကို ကာကွယ်နှိမ်နင်းရာမှာ အသုံးပြုကြပါတယ်။
ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးအယူအဆဟာ တော်တော်ကြာပါပြီ။ အရင်ဆုံး သီးနှံကို စိုက်ပျိုးပြီး တိရစ္ဆာန်တွေကို ခြံခတ်မွေးတာကြောင့် လယ်သမားတွေဟာ တစ်နှစ်ပြီးတစ်နှစ် သူတို့ရဲ့ ထုတ်ကုန်အထွက်တွေကို အတူတူဖြစ်ဖို့ ဒါမှမဟုတ် အထွက်ပိုတိုးဖို့ သေချာစေရန် ကြိုးစားကြပါတယ်။ ဒီ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးဓလေ့ကို တည်ဆောက်ဖို့ အယူအဆကို လူသိများအောင် များမကြာမီက ကြိုးစားလာကြပါတယ်။
ရေရှည်တည်မြဲသော စိုက်ပျိုးရေး၏ အဓိပ္ပါယ်သတ်မှတ်ချက်များ
ခေတ်သစ်အဓိပ္ပါယ်သတ်မှတ်ချက် − ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးဆိုတာ
(၁) စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်ခြင်းရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ အလားအလာရှိနိုင်စွမ်း
(၂) သဘာဝသယံဇာတအခြေခံနဲ့
(၃) စိုက်ပျိုးရေးဆိုင်ရာအလေ့အထများက လွှမ်းမိုးထားတဲ့ အခြားစီးပွားရေးစနစ်များကို ထိန်းသိမ်းပေးတဲ့ ဒါမှမဟုတ် တိုးမြှင့်ပေးတဲ့ စိုက်ပျိုးရေးစနစ်များနဲ့ အလေ့အထများကို အသုံးချခြင်းဖြစ်ပါတယ်။
ဒီအဓိပ္ပါယ်သတ်မှတ်ချက်ကို အောက်ပါ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးရဲ့ အချို့အခြေခံ သဘောတရားများနဲ့ ထပ်ပေါင်းထည့်နိုင်ပါတယ်။
(၁) အဲဒီထုတ်လုပ်နိုင်စွမ်းဟာ ရေရှည်တိုးတက်စေရပါမယ်။
(၂) ဘဘာဝသယံဇာတအခြေခံနဲ့ စီပွားရေးစနစ်များအပေါ် ဆိုးကျိုးသက်ရောက်ခြင်း နည်းအောင် လုပ်ရပါမယ်။ ဒါမှမဟုတ် ရှောင်ရှားရပါမယ်။
(၃) စိုက်ပျိုးရေးမှာ ဓါတုပစ္စည်းတွေအသုံးပြုခြင်းက ရရှိလာတဲ့ ဓါတ်ကြွင်းတွေဟာ အနည်းဆုံး ဖြစ်ရပါမယ်။
(၄) စိုက်ပျိုးရေးကနေ (ငွေကြေး ဒါမှမဟုတ် ငွေကြေးမဟုတ်တဲ့ စကားရပ်နှစ်ခုစလုံးဖြင့်) အသားတင် လူမှုရေးဆိုင်ရာအကျိုးကျေးဇူးဟာ အများဆုံးဖြစ်ရပါမယ်။
(၅) အဲဒီ စိုက်ပျိုးရေးစနစ်တွေဟာ ရာသီဥတုနဲ့ စျေးကွက်တွေရဲ့ ပြောင်းလဲခြင်းနဲ့ ဆက်နွယ်တဲ့ အန္တရာယ်အလားအလာတွေကို စီမံခန့်ခွဲဖို့ လိုက်လျောညီထွေရှိရပါမယ်။
လူအနည်းစုကတော့ ရေရှည်တည်မြဲနိုင်စွမ်းရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ အခြေခံသဘောတရားတွေဟာ လုံးဝမထိုက်တန်ဘူးဆိုပြီး စောဒကတက်ကောင်းတက်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ မေးခွန်းကတော့ ရေရှည်တည်မြဲနိုင်စွမ်းဆိုတာကို ကျွန်တော်တို့ ဘယ်လို တိုင်းတာကြမလဲဆိုတာပါပဲ။
ရေရှည်တည်မြဲသော စိုက်ပျိုးရေးအပေါ် ကမ္ဘာလုံးဆိုင်ရာအမြင်
အဓိပ္ပါယ် (၁) − စိုက်ပျိုးရေးဟာ ဂေဟသဘောတရားအားဖြင့် ကောင်းမွန်ပြီး စီးပွားရေးအရ အလားအလာရှိကာ လူမှုအသိုင်းအဝန်းမှာ တရားမျှတပြီး ယဉ်ကျေးမှုအရ သင့်တော်ကာ သိပ္ပံနည်းကျချဉ်းကပ်နည်းကို လုံးလုံးလျားလျား အခြေခံတဲ့အခါ ရေရှည်တည်မြဲပါတယ်။ (NGO, Sustainable Agriculture Treaty , 1992).
အဓိပွါယ် (၂) – (မြေကြီး၊ ရေ၊ အပင်တွေ၊ ဒေသတွင်းအပင်တွေနဲ့ တိရစ္ဆာန်တွေနဲ့ လူသားလုပ်အား၊ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတို့လို) ဒေသတွင်းရနိုင်တဲ့ သဘာဝနဲ့ လူသားအရင်းအမြစ်တွေကို သင့်တော်စွာ အသုံးပြုထားတဲ့စိုက်ပျိုးရေးဟာ ရေရှည်တည်မြဲတဲ့ စိုက်ပျိုးရေးဖြစ်ပြီး ၄င်းဟာ ဂေဟဆိုင်ရာအားဖြင့် ဖြစ်မြောက်နိုင်ရမည်ဖြစ်ကာ စီးပွားရေးအရ ကောင်းမွန်ပြီး ယဉ်ကျေးမှုအရ လိုက်လျောညီထွေရှိကာ လူမှုအသိုင်းအဝန်းမှာ တရားမျှတရပါမယ်။ (Reijntjes, Haverkort and Waters-Bayer, Farming for the Future , 1992).
အဓိပ္ပါယ် (၃) − ရေရှည်တည်မြဲတဲ့စိုက်ပျိုးရေးဆိုတာ သဘာဝသယံဇာတအခြေခံကို စီမံခန့်ခွဲခြင်းနဲ့ ထိန်းသိမ်းခြင်းဖြစ်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်မျိုးဆက်တွေရဲ့ လူသားလိုအပ်ချက်တွေကို ရရှိနိုင်မှုနဲ့ ဆက်လက်ကျေနပ်မှုတို့ကို သေချာစေတဲ့ နည်းပညာနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ ပြောင်းလဲမှုတို့ကို ဦးစားပေးရပါမယ်။ ဒီလို (စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်းအခန်းကဏ္ဍတွေမှာ) ရေရှည်တည်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ မြေ၊ ရေ၊ အပင်နဲ့ တိရစ္ဆာန် ဗီဇရင်းမြစ်များကို ထိန်းသိမ်းထားကာ ပတ်ဝန်းကျင်မှာ အဆင့်အတန်း မနိမ့်ကျစေဘဲ နည်းပညာအရသင့်တော်ကာ စီးပွားရေးအရ အလားအလာရှိပြီး လူမှုအသိုင်းအဝန်းက လက်ခံနိုင်ရပါမယ်။ (Document CL 94/6 94th Session of the FAO Council ,1988).
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....