မြန်မာ့လက်ဖက် နိုင်ငံတကာ စျေးကွက် တိုးချဲ့ရေး
မြန်မာ့လက်ဖက် နိုင်ငံတကာ စျေးကွက် တိုးချဲ့ရေး
လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများသည် လက်ဖက်ထုတ်ကုန်ကို လက်ဖက် အခါးခြောက် (အညာဒေသ အခေါ် အဖန်ခြောက်) ၊ လက်ဖက်စို၊ အချိုခြောက်ဟူ၍ ထုတ်လုပ်ရောင်းချကြသည်။
လက်ဖက်၏အဓိကထွက်ကုန်မှာ "အရွက်" ဖြစ်သော်လည်း ချင်းတွင်းမြစ်ညာဒေသတွင် လက်ဖက်အစို၊ လက်ဖက်အခြောက်အပြင် လက်ဖက်စေ့ကိုလည်း မျိုးအဖြစ် ရောင်းချကြသည်။ ထိုသို့ထူးခြားနေခြင်းမှာ ချင်းတွင်းမြစ်ဖျားအထက်ပိုင်းဒေသများသို့ ပလောင်ုဒေသမှ မျိုးယူစိုက်ပျိုးမှုသည် ခရစ်နှစ် ၁၆၀၀ ကျော် ၁၇၀၀ ခန့်ကတည်းက ရှိခဲ့သည်ဟု လေ့လာသိရှိရသည်။
လက်ဖက်စီးပွားဖြစ် စိုက်ပျိုးသူများသည် စိုက်ပြီး သုံးနှစ်အကြာတွင် စတင်၍ အရွက်ခူးကြသည်။ ဒေသအချို့တွင်မှု ငါးနှစ်ကြာမှ ခူးဆွတ်ကြသည်ဆို၏။ အပင်သက်ရှစ်နှစ်ရှိလျှင် မျိုးခံယူကြသည်။
လက်ဖက်စိုက်ပျိုးမှုသည် ရှမ်းပြည်နယ်၌ အများဆုံးဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့တွင် တောင်စောင်းတစ်ခွင်၌ ခေတ်မီနည်းစနစ်ဖြင့် ရေဖျန်းစိုက်ပျိုးနေကြသော်လည်း လက်ဖက်စိုက်တောင်သူအများစု၏ စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်ပြောင်းလဲရန် လိုအပ်နေသေးကြောင်း တွေ့ရှိနေဆဲဖြစ်သည်။
လက်ဖက်သည် နှစ်ရှည်ပင်ဖြစ်၍ နှစ် ၄၀၊ ၅၀ အထိ ထားနိုင်ကြသည်။ လက်ဖက်နှင့်ပတ်သက်ဖင "အစေ့စိုက်လျှင် နှစ်တစ်ထောင်၊ ကိုင်ဖြတ်စိုက်လျှင် နှစ် ၁၀၀" ဟု ဆိုစကားလည်းရှိသည်။
လက်ဖက်အရည်အသွေးသည် မျိုးကြောင့်သာမက ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်ကိုလိုက်၍ အရည်အသွေးကွာသည်ဟုဆိုသည်။ တောင်ပေါ်ဒေသချင်းတူသော်မှ အမြင့်ပေကြောင့် အရည်အသွေးကွာခြားမှုရှိသည်။
အမြင့်ပေ ၄၀၀၀ မှ ၆၀၀၀ ပျမ်းမျှအပူချိန် ၅၂ ဒီဂရီဖာရင်ဟိုက် အရိပ်အောက်တွင် အမြင့်ဆုံး အပူချိန် ၉၀ ဒီဂရီ ဖာရင်ဟိုက်ရှိပြိး တစ်နှစ်ပတ်လုံးမိုးရေချိန် ၅၀ လက်မမှ ၆၀ လက်မအထိရှိကာမိုးရွာသွန်းမှုညီညာသောဒေသသည် လက်ဖက်အရည်အသွေးကောင်းရနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပိုင်းရောက်လေလေ လက်ဖက်ကောင်းရလေလေဟု ဆိုသည်။
ရှမ်းပြည်နယ်တွင် မြောက်ပိုင်းရော တောင်ပိုင်းပါ လက်ဖက်ထွက်ရှိပြီး မြောက်ပိုင်း သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန် ဒေသများထဲမှ နမ့်ဆန်ဒေသ ဇယန်းရွာတွင် ဇယန်းလက်ဖက်သည် စိမ်းဝါရောင်ရှိပြီး အရသာမှာ ခါးသက်၍ချိုပြီး နာမည်ကြီးလက်ဖက်ဟု သတ်မှတ်ကြသည်။ အလားတူပင် တောင်ပိုင်းဒေသထွက် လက်ဖက်များသည်လည်းနာမည်ရကြသည်။ ထို့ကြောင့်လည်း ပင်လောင်းလက်ဖက်ပျိုးပင်များကိုသယ်ယူ၍ ချင်းပြည်နယ် တီးတိန်စိုက်ပျိုးရေးခြံတွင် ပျိုးပင်ထိန်းသိမ်းစောင့်ရှောက်ပြီး "ရမ်ကလောင်"တွင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
ယခုအခါ ရှမ်းပြည်နယ်ကဲ့သို့ပင် ချင်းပြည်နယ်သည်လည်း "လက်ဖက်ပြည်နယ်" ဟု ခေါ်ဆိုနိုင်သည်အထိ တိုးချဲ့စိုက်ပျိုးလာကြရာ လက်ဖက်ခြောက်ကောင်းများ ထွက်ရှိနေပြီဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၆၀၀၀ ကျော်ရှိ ကုန်းမြင့်ဒေသများတွင် ဧပြီလသည် လက်ဖက်ရွက်သစ်ဝေသောကာလဖြစ်ပြီး သင်္ကြန်မိုးမရွာမီ ခူးဆွတ်ရရှိသော လက်ဖက်ကို "ရွှေဖီမိုးလွတ်" ဟု ခေါ်ကာ စျေးကောင်းရသော လက်ဖက်ဖြစ်သည်။
မြန်မာ့ထွက်ကုန်လက်ဖက်သည် လက်ဖက်အခြောက်စျေေးကွက်သာမက လက်ဖက်အစိုပါ နိုင်ငံတကာ စျေးကွက်ရရှိနေပြီ ဖြစ်သည်။
သို့သော် စျေးကွက်ခိုင်မာရေးနှင့် စျေးကွက်ကျယ်ပြန့်လာရေး အရည်အသွေးကောင်းရုံသာမက အရေအတွက်များများထုတ်လုပ်ရေးတို့ကိုပါ မျက်ခြည်မပြတ် ကြိုးပမ်းသွားကြရန် လိုအပ်ပါသည်။ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရန် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို အသုံးပြုကာ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ဆိုးဆေးအသုံးပြုမှုများကို သတိမှုဆင်ခြင်ကာ သြဂဲနစ်အစားအစာဖြစ်ရေးကို အလေးထားကြရပါမည်။
စတင်စိုက်ပျိုးသည်မှ ခူးဆွတ်ခြင်း၊ ထုတ်ပိုးပြုပြင်ခြင်း၊ တင်ပို့ရောင်းချခြင်းတို့တွင် ခေတ်မီနည်းစနစ်များကို အသုံးပြုကာ ဘေးကင်းသော အစားအစာဖြစ်ရေးကို အလေးဂရုပြုပြီး လက်ဖက်ဖြင့် နိုင်ငံခြားငွေပိုမိုရှာဖွေရရှိရေးကို ကြိုးပမ်းကြရန် တိုက်တွန်းအပ်ပေသည်။
Source_ လယ်ယာစီးပွား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....