ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို လယ်သမားတွေရင်ဆိုင်နိုင်တဲ့ နည်းလမ်း (၁၀) ခု
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တာမို့ ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ တောင်သူများဟာ ခြောက်သွေ့ခြင်း၊ ရေလွှမ်းခြင်း၊ မိုးရွာသွန်းမှု ပုံမှန်မဟုတ်ခြင်း စတဲ့ ရာသီဥတုပြောင်းလဲခြင်းရဲ့ ထိခိုက်မှုတွေကို ခံစားနေရပါတယ်။
တောင်သူများအနေနဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိဖို့ အောက်ပါအချက်တို့ကို လိုက်နာကျင့်ကြံဖို့လိုအပ်ပါတယ်။
၁။ ထိရောက်တဲ့ ရေသွင်းစနစ်စီမံခန့်ခွဲရေး
အထူးသဖြင့် ခြောက်သွေ့တဲ့အချိန်မှာ ရေအသုံးပြုတာကို ထိန်သိမ်းတာဟာ မည်သည့်စိုက်ခင်းမှာမဆို အသက်တမျှ အရေးကြီးပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးမှာ အသုံးပြုတဲ့ စွမ်းအင်အများစုဟာ မြေအောက်ရေကို အသုံးပြုတာဖြစ်ပါတယ်။ ရေကို ချွေတာဖို့အတွက် တောင်သူတွေအနေနဲ့ အစက်ချရေသွင်းတာ၊ မြေဖုံးပင်စိုက်တာ စတဲ့အလေ့အထတွေကို လုပ်ဆောင်သင့်ပါတယ်။
၂။ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်
စွမ်းအင်ထိရောက်မှုကို အမြင့်ဆုံးဖြစ်အောင် ပြုလုပ်တာနဲ့ မြေအောက်လောင်စာဆီကို အသုံးမပြုတာဟာ ရာသီဥတုပြောင်းလဲခြင်းကို လျော့ကျစေရာမှာ အရေးပါတဲ့ အချက် ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုတာ၊ လေစွမ်းအင်ကို အသုံးပြုတာ၊ ရေနံအခြေခံမြေသြဇာနဲ့ ပိုးသတ်ဆေး အသုံးပြုမှု လျှော့ချတာ၊ သီးနှံများ စိုက်ပျိုးရေး၊ သိုလှောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေး တို့အတွက် မြေအောက်လောင်စာဆီ အသုံးပြုမှု လျှောချတာတွေကို ပြုလုပ်သင့်ပါတယ်။
၃။ သြဂဲနစ်အလေ့အထများ
၂၀ ရာစုအလယ်လောက်ကတည်းက စိုက်ပျိုးရေး စက်မှုလုပ်ငန်းထွန်းကားလာတာမို့ ရိုးရာစိုက်ပျိုးရေးမှာ လောင်စာဆီအခြေခံ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေနဲ့ မြေသြဇာတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် မှီခိုတာကို ဖြစ်စေပါတယ်။ သြဂဲနစ်စိုက်ပျိုးရေးဟာ ဓါတုသွင်းအားစု အများစုကို တားမြစ်ထားပြီး မှန်လုံအိမ်ဓါတ်ငွေ့လျှော့ချခြင်း၊ ပိုမိုသန့်စင်တဲ့ မြေ၊ ရေနဲ့ အစားအသောက်တို့ကို ထုတ်လုပ်ပါတယ်။ ဒါ့အပြင် သြဂဲနစ်နဲ့ ရေရှည်တည်မြဲတဲ့နည်းလမ်းတွေဟာ မြေဆီလွှာ ကျန်းမာရေး၊ မြေဆီသြဇာထက်သန်ခြင်းတို့လို တောင်သူ့အတွက် နောက်ထပ် အကျိုးကျေးဇူးတွေနှင့် ရာသီဥတုနဲ့ လိုက်လျောညီထွေရှိတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။
၄။ မြေဆီလွှာကျန်းမာရေးကို တိုးမြင့်စေခြင်း
ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးသက်ရောက်မှုကို တွန်းလှန်ဖို့အတွက် အကူအညီတောင် ရစေပြီး ရာသီဥတုဒဏ်ကို လျော့ပါးသက်သာစေဖို့အတွက် အကြီးအကျယ် အလားအလာရှိတဲ့ အဓိကအချက်မှာ ကာဘွန်စိုက်ပျိုးရေးဖြစ်ပါတယ်။
အလင်းမှီစုအစာချက်လုပ်ခြင်းဖြင့် အပင်တွေဟာ လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ဆွဲယူဖို့ ကာဘွန်သိုမှီးကန်အဖြစ် ပြုမူသည်။ နောက်တော့ အဲဒီကာဘွန် ၄၀% လောက်ဟာ မြေကြီးထဲမှာ စုသွားပြီး ၄င်းတို့ကို ဘက်တီးရီးယား၊ မှို၊ ပရိုတိုဇိုးဝါးနဲ့ နီမတုတ် တို့လို အဏုဇီဝသက်ရှိတွေက စားသုံးကြပါတယ်။ အပြန်အလှန်အားဖြင့် အဲဒီသက်ရှိတွေဟာ သဘာဝမြေသြဇာကို ဖြည့်ဆည်းပေးကာ အပင်တွေအား အာဟာရဓါတ်များကို ပေးပါတယ်။
မြေဆွေး မြေသြဇာ ပြုလုပ်တာ၊ မြေဖုံးသီးနှံစိုက်ပျိုးတာ၊ ထွန်ရေးမဲ့ စိုက်ပျိုးတာစတဲ့ အလေ့အထတွေက တစ်ဆင့် မြေဆီသြဇာထက်သန်အောင်ပြုလုပ်တာနဲ့ အပင်အကြွင်းအကျန်တွေကို တိုးမြှင့်သုံးစွဲခြင်း၊ ကာဘွန်သိုမှီးခြင်း လုပ်ငန်းစဉ်တို့နဲ့ စိုက်ခင်းတွေကို အထောက်အပံ့ပြုနိုင်ပါတယ်။
၅။ စိမ်းလန်းသော စိုက်ပျိုးရေးကို ထိန်းသိမ်းထားခြင်း
သစ်တောပြန်လည်စိုက်ပျိုးတာ၊ ကမ်းနားဇုံတွေကို ထိန်းသိမ်းတာ၊ ခြံစည်းရိုးပင်တွေနဲ့ အခြားနှစ်ရှည်ပင်တွေကို စိုက်ပျိုးခြင်းတို့လို မြေယာစီမံခန့်ခွဲရေးအလေ့အထတွေဟာ တောရိုင်း တိရစ္ဆာန်တွေအတွက် အမိုးအကာဖန်တီးပေတာ၊ စိုက်ခင်းတွေကို လှပစေတာနဲ့ ဝတ်မှုန်ကူးတာတွေ အတွက် အကျိုးပြုအင်းဆက်တွေကို ဆွဲဆောင်းစေတာနဲ့ သဘာ၀ဖျက်ပိုးကာကွယ်နှိမ်နင်းတာတို့လို များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
ရာသီဥတုကို ရင်ဆိုင်တဲ့အခါ သစ်ပင်ကြီးတွေ၊ ခြုံပုတ်ပင်တွေနဲ့ အခြား သစ်ပင်တွေဟာလည်း ကာဘွန်ကို သိုမှီးထားကြပြီး မြေဆီလွှာတိုက်စားတာကို ကာကွယ်ပေးပြီး ရေကို ထိန်းသိမ်းပေးပါတယ်။
၆။ တိရစ္ဆာန်များကထွက်ရှိသော မီသိန်းဓါတ်ထုတ်လုပ်ခြင်းကို လျှော့ချခြင်း
စိုက်ပျိုးရေးဟာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်တာအတွက် တာဝန်ရှိပြီး ကျွဲနွားတွေနဲ့ နို့စား တိရစ္ဆာန်တွေက ထွက်ရှိတဲ့ မီသိန်းဓါတ် ထုတ်လွှတ်တာဟာ အဓိကရင်းမြစ် ဖြစ်ကြပါတယ်။ လေမဲ့ ပြိုကွဲခြင်းကတစ်ဆင့် စက်မှု နို့စားနဲ့ ကျွဲနွားခြံတွေက ထွက်ရှိတဲ့၊ ရေကန်တွေကနေ အန္တရာယ်ရှိတဲ့ ဓါတ်ငွေ့ထုတ်လွှတ်ခြင်းနဲ့ ကျွန်တော်တို့အတွက် ထောက်ပံ့ပေးတဲ့ ရေကို ညစ်ညမ်းစေပါတယ်။ အလှည့်ကျ စားကျက်ပြောင်းခြင်းလို အလေ့အထတွေကတစ်ဆင့် လုံးဝစားကျက်အခြေခံ ကျွဲနွားမွေးမြူရေးဟာ ဒီထိခိုက်မှုကို လျော့ပါးစေပါတယ်။
၇။ စားကျက်အခြေခံ တိရစ္ဆာန်စီမံခန့်ခွဲရေး
စားကျက်မြေရှိခြင်းဟာ ကာဘွန်သိုမှီးခြင်းအတွက် အကြီးအကျယ်အလားအလာ ရှိပါတယ်။ ဒါတွေရှိတာဟာ မြေဆီလွှာကျန်းမာရေးနဲ့ အဏုဇီဝသက်ရှိတွေကို တိုးပွားစေပြီး နှစ်ရှည်ပေါင်းမြက်များကို ကြီးထွားစေကာ မြေကြီးထဲမှာ ရေကို သိုမှီးထားပါတယ်။
၈။ စိုက်ခင်းမြေကို ကာကွယ်ခြင်း
မြို့ပြတည်ထောင်ခြင်း၊ လမ်းတံတားတည်ဆောက်ခြင်းတွေကြောင့် စိုက်ပျိုးမြေများ နည်းပါးလာပါတယ်။ ဒီလိုနည်းပါးလာတာက အစားအစာ ထောက်ပံ့ရေးအတွက်သာမက ရာသီဥတုအတွက်ပါ ဆိုးဝါးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ စိုက်ခင်းတွေကို ရေရှည်စီမံခန့်ခွဲနိုင်ရင် ကာဘွန်တွေကို သိုမှီးနိုင်ပြီး ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်ခြင်းကို လျော့ပါးစေပါတယ်။ စိုက်ခင်းမြေ ထိန်းသိမ်းခြင်းဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ အလေ့အထကို ကာကွယ်ပေးပြီး ဇီဝမျိုးကွဲတွေကို တိုးပွားစေပါတယ်။
၉။ တောင်သူများရဲ့ဈေးကွက်နဲ့ ဒေသအစားအစာများကို ထောက်ပံ့ပေးခြင်း
မြို့ပြတွေအတွက် သီးနှံတွေကို သယ်ယူပို့ဆောင်ရာမှာ မြေအောက်လောင်စာဆီနဲ့ အခြားသဘာဝသယံဇာတတွေကို အသုံးပြုရတာမို့ ဖန်လုံအိမ်ဓါတ်ငွေ့တွေထွက်လာပါတယ်။ တောင်သူတွေဟာ တောင်သူ ဈေးကွက် ဒါမှမဟုတ် အခြားဒေသ ဖြန့်ချီရေးလမ်းကြောင်းက တစ်ဆင့်တိုက်ရိုက် ရောင်းချတဲ့အခါ အစားအစာတွေကို ခရီးတိုသာ ပို့ဆောင်ရပြီး အဲဒီသယံဇာတတွေကို လျှော့ချသုံးစွဲရာ ရောက်ပါတယ်။
၁၀။ ရာသီဥတုနဲ့လိုက်လျောညီထွေရှိသော အလေ့အထများကို လုပ်ဆောင်ရန် တွန်းအားပေးခြင်း
စိုက်ပျိုးမြေထိန်းသိမ်းရေး၊ မြေဆီလွှာကျန်းမာရေး၊ ရေထိန်းသိမ်းရေး၊ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်နဲ့ အခြား ရေရှည်တည်မြဲတဲ့ အလေ့အထတွေကို လုပ်ဆောင်ဖို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ ဘတ်ဂျတ်ထောက်ပံ့ရေး လိုအပ်ပါတယ်။
နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကာကွယ်ဖို့ ရာသီဥတုနဲ့ ထိတွေ့ရင်ဆိုင်နေရတဲ့ တောင်သူများနဲ့အတူ ရပ်တည်ကာ ကျွန်တော်တို့ရဲ့ ဥပဒေပြုသူများကို ယခုပင် လုပ်ဆောင်ဖို့ တိုက်တွန်းပါရစေ။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကုိ၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020