မျိုးဗီဇတွေနဲ့ ကခုန်တဲ့ကမ္ဘာ (၁)
မျိုးဗီဇတွေကို ပြုပြင်ပြောင်းလဲပြီး ထုတ်လုပ်ထားတဲ့သီးနှံတွေကို စစချင်းတုန်းကတော့ စားနပ်ရိက္ခာဖူလုံဖို့အတွက်ကို ရည်ရွယ်ထုတ်လုပ်ကြတာမှန်ပေမဲ့ ဘယ်အရာဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတဲ့အတိုင်းပဲ ဘာတွေထပ်ဖြစ်လာကြတာလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့တော့ ဆက်ပြီးတော့ ကြည့်လိုက်ရအောင်။
မျိုးဗီဇတွေကိုထုတ်ယူပြီးတော့ မျိုးစေ့တွေ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ကြတယ်ဆိုတော့ လူတွေရဲ့ မျိုးဗီဇတွေကိုလည်း အပင်တွေ တစ်ခြားသက်ရှိတွေထဲကို ထည့်ပေးလို့ရတယ်ဆိုတဲ့ သဘောလားဆိုတော့? ဟုတ်ပါတယ်။ ခရမ်းချဉ်ပင်မှာဆိုရင် အာတစ်ငါးထဲက မျိုးဗီဇကိုယူပြီးတော့ DNA ပြောင်းပေးလိုက်တဲ့အခါ အဲ့မျိုးစေ့တွေက အပူချိန်နိမ့်တဲ့ဒေသတွေမှာ စိုက်လို့ ပျိုးလို့ရသွားတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ အဲ့လို အမျိုးမျိုးတီထွင်ကြံဆတာကြောင့် တောင်သူတွေမှာ အထွက်များများ အရင်းနည်းနည်းနဲ့ အောင်မြင်ခဲ့ပါသေးတယ်။
၁၉၉၄ အစောပိုင်းမှာ US FDA (အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာန) ကနေပြီးတော့ Flavr Savr ဆိုတဲ့ ခရမ်းချဉ်မျိုးကို တရားဝင်ကြေငြာခဲ့ပါတယ်။ Calgene ကုမ္ပဏီက ထုတ်လုပ်ထားတာပါ။ သူကတော့ ပထမဆုံး ဈေးကွက်ထဲကိုရောင်းတဲ့ မျိုးဗီဇပြင်ထားတဲ့ သီးနှံဖြစ်ပါတယ်။
Calgene ဆိုတာက ကယ်လီဖိုးနီးယားမှာ အခြေစိုက်တဲ့ ဇီဝနည်းပညာကုမ္ပဏီဖြစ်ပြီးတော့ အပြစ်အနာအဆာမရှိတဲ့ ခရမ်းချဉ်သီးမှည့်တွေကို တင်ပို့ရောင်းချချင်တာကြောင့် သူတို့ ထုတ်လုပ်ထားတဲ့ ခရမ်းချဉ်မှာ ရိုးရိုးဒေသမျိုးတွေနဲ့ ယှဉ်လိုက်ရင် ပိုပြီးတော့ ကြာရှည်ခံတယ်။ ပြီးတော့ ပိုပြီးအရသာရှိတဲ့ ခရမ်းချဉ်ကို ထုတ်လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ FDA က မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့အထဲမှာ သိပ္ပံပညာရှင်တွေကပြောတဲ့ အစာအိမ်အနာဖြစ်လိမ့်မယ်ဆိုတာကို ထည့်ပြီးတော့ မတွက်ချက်လိုက်ပါဘူး။ အဲ့ခရမ်းချဉ်သီးကိုကျွေးတဲ့ ကြွက်အကောင် (၂၀) မှာ ၄ ကောင်ဟာ အစာအိမ်မှာ ရေစိုနာကွက်တွေလို အကွက်တွေဖြစ်လာတာပါ။ အဲ့တွေ့ရှိချက်ကို FDA က လူထုကိုချမပြပဲနဲ့ ထိန်ချန်ထားခဲ့လိုက်ပါတယ်။
၁၉၉၄ မှာပါပဲ။ MasGrergor’s ဆိုတဲ့ Brand နာမည်နဲ့ Flave Savr ကို လေဘယ်ထိုးပြီး တစ်ခါတည်း နိုင်ငံအနှံကစတိုးဆိုင် (၂၅၀၀) မှာ တင်လိုက်ပါတော့တယ်။ ၁၉၉၅ မှာ အကုန်လုံး အလွယ်လေးဝယ်လို့ရနေတဲ့အခြေအနေကို ရောက်လာပါပြီ။ ကံကောင်းချင်တာက GMO မျိုးတွေရဲ့ ဈေးက (၂) ဆလောက်ဖြစ်နေပြီးတော့ အရသာကလည်း သိပ်မကွာလှပါဘူး။ အဲ့တော့ ၁၉၉၇ ခုနှစ်မှာ ဈေးကွက်ထဲကနေ ပြန်ဆွဲထုတ်ခဲ့ရပါတယ်။
ဒါကြောင့် GMO တွေကို ထုတ်လုပ်မဲ့ CalGene ကုမ္ပဏီဟာ ရပ်ဆိုင်းခဲ့ရပါတယ်။ မွန်ဆန်တို (Monsanto) က Calgene ကို ပြန်ပြီးတော့ ဝယ်လိုက်ပါတယ်။ ဒါပေမဲ့ Falvr Savr လို ခရမ်းချဉ်မျိုးလိုမျိုးတွေကို ထပ်ထုတ်လုပ်ဖို့ မကြိုးစားကြတော့ပါဘူး။
ကျန်တာ နောက်တစ်ခေါက် ဆက်ကြစို့ရဲ့။
ထွန်းဝင်းကျော်
www.soilassociation.org
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026