အော်ဂဲနစ်မည်ရာတွင် မြေဆီလွှာ၏သက်ရောက်မှု
၁။ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်တော့မည်ဆိုလျှင် ယခင်နှစ်က ဓာတုသွင်းအားစုများ အသုံးပြုစိုက်ပျိုးထားသော စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ပါသလား?
၂။ အနီးအနားစိုက်ခင်းများ၏ အခြေအနေများမှ အကျိုးသက်ရောက်မှုရှိပါသလား?
အထက်ပါမေးခွန်းတွေက စိုက်ပျိုးထုတ်လုပ်နေသူတွေ အမေးများလေ့ရှိတဲ့မေးခွန်းတွေပါပဲ။ အဖြေအရဆိုရင် အော်ဂဲနစ်၏အဓိက စံနှုန်းများကို ပြန်လည်ကြည့်ကြရအောင်..
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တွင် မြေအောင်းပိုးသတ်ဆေးများ အသုံးပြုမထားလျှင် စတင်စိုက်ပျိုးသည့်နှစ်မှ စတင်၍အော်ဂဲနစ်စိုက်ပျိုးထားနိုင်သော မြေဆီလွှာအဖြစ် လက်ခံပေးသင့်ပေသည်။ ဓာတုမြေသြဇာများသာသုံးကာမျှဖြင့် မြေဆီလွှာတွင် ပမာဏများစွာ ကျန်ရှိခြင်း၊ မရှိခြင်း၊ မြေအောင်းပိုးသတ်ဆေးများကဲ့သို့ လူနှင့်တိရစ္ဆာန်များအတွက် ဆိုးကျိုးပမာဏပြင်းထန်မှုမရှိခြင်းတို့ကြောင့်ပဲဖြစ်ပါသည်။ သို့သော် သဘာဝပတ်ဝန်းကျင်နှင့် မြေအောက်ရေများညစ်ညမ်းမှုဖြစ်စေနိုင်သဖြင့် ရေရှည်တည်တံ့မှုမရှိသောကြောင့် အော်ဂဲနစ်စိုက်ပျိုးရေးတွင် မည်သည့်ဓာတုမြေသြဇာမျှ အသုံးပြုခွင့်မရှိပါ။
ပတ်ဝန်းကျင်စိုက်ခင်းများ၏ အကျိုးသက်ရောက်မှုအနေဖြင့် အနီးအနားစိုက်ခင်းများမှ ဓာတုမြေသြဇာနှင့် ပိုးသတ်ဆေးများအသုံးပြုခြင်းသည် အော်ဂဲနစ်စိုက်ပျိုးသောမြေနှင့် သီးနှံများအပေါ် အကျိုးသက်ရောက်မှုရှိသော်လည်း မြေအမျိုးအစားနှင့် တည်နေရာအပေါ်မူတည်၍ ပမာဏအနည်းအများကွာခြားပါသည်။ သီးနှံများအပေါ်တိုက်ရိုက်ဆေးဖျန်းခြင်းနှင့် လေနှင့် မြေအောက်မှ သွယ်ဝိုက်၍အနည်းငယ်ကျရောက်မှုရှိခြင်းသည် မည်သည်ကပို၍ အန္တရာယ်ကင်းသည်ကို စဉ်းစားရပါမည်။
နည်းပညာများကို အောင်မိုးဟိန်း(တောင်တွင်းသား)၏ ဘာသာပြန်စာအုပ် “စက်မှုစိုက်ပျိုးရေး၊ နိုင်ငံတကာဈေးကွက်အတွက်စိုက်ပျိုးခြင်းနှင့် ဟန်ချက်ပျက်သောဖွံ့ဖြိုးမှု” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....