ခိုင်တိုစန်ရဲ့ လျှို့ဝှက်ချက်များ
အားလုံးသိကြတဲ့အတိုင်း ရိတ်သိမ်းချိန်လွန်နည်းပညာ အခက်အခဲတွေကြောင့် လွှင့်ပစ်လိုက်ရတဲ့ စိုက်ပျိုးရေးထုတ်ကုန်များစွာ ရှိကြပါတယ်။ တစ်နေရာနဲ့တစ်နေရာ သယ်ပို့ချင်ပေမယ့် အထိခိုက်မခံတဲ့ အသီးအနှံတွေအတွက် ခိုင်တိုစန်က သဘာဝနဲ့လိုက်လျောညီထွေဖြစ်စေမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ အလွန်အကြူးသုံးခြင်းကလည်း လူကိုထိခိုက်မှုရှိစေတာကြောင့် သီးနှံတွေရဲ့ ရိတ်သိမ်းချိန်လွန်သက်တမ်းအတွက် သဘာဝနည်းအားဖြင့် အထောက်အကူပြုစေမယ့် ပစ္စည်းကတော့ ခိုင်တိုစန်ပဲဖြစ်ပါတယ်။ ကျွန်မတို့တောင်သူတွေ သိရှိပြီး အသုံးချနိုင်အောင် ရေးသားဖော်ပြပေးလိုက်ရပါတယ်။
၁။ ပက်သိုဂျင်တွေ
ခိုင်တိုစန်အသုံးပြုလိုက်တဲ့အခါ အသီးတွေရဲ့ အခွံပေါ်မှာရှိနေတဲ့ ကျွန်မတို့ သာမန်မျက်စိနဲ့မမြင်ရတဲ့ ဖွဲ့စည်းမှုလေးတွေက ပြောင်းလဲသွားပါတယ်။ မှိုပေါက်လာမယ့်အသီးတွေဆို မှိုတွေက အစာမရတော့ဘဲ မပေါက်လာတော့တာမျိုးပေါ့နော်..။ ဒီလိုနည်းနဲ့ ခိုက်တိုစန်က ရိတ်သိမ်းပြီးချိန်မှာဖြစ်လာမယ့် ပက်သိုဂျင်တွေကို ကာကွယ်ပေးပါတယ်။
၂။ အပင်တွေမှာ
ခိုင်တိုစန်သုံးထားတဲ့အပင်တွေမှာ ခံတပ်ကို ကောင်းစေပါတယ်တဲ့။ အကြောင်းကတော့ အပင်ရဲ့ခုခံအားကို တိုးမြှင့်ပေးတဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်စေလို့ပါ။ ခိုင်တိုစန်က ဒီလိုနည်းအားဖြင့် အပင်တွေကို သက်ရှိ (ခူးဆွတ်ပြီးချိန်မှာ ရောက်လာတတ်တဲ့ မှိုတွေ) ရဲ့ ရန်ကနေ ကာကွယ်ပေးပါတယ်။ ထိခိုက်ရှနာမှုတွေ အနည်းဆုံးဖြစ်သွားတာပေါ့နော်။
၃။ အသီး
ခူးဆွတ်ပြီးသားအသီးတွေကို ခိုင်တိုစန်စိမ်လိုက်မယ်ဆိုရင်တော့ အသီးရဲ့အသက်ရှုနှုန်းကို လျော့ချပေးလိုက်ပါတယ်တဲ့။ ဒီနေရာမှာ ကျွန်မတို့ရဲ့သစ်သီးတွေ မှည့်လာတယ်ဆိုတာက အသက်ရှူကြလို့ပါရှင့် (ဒီအကြောင်းကို ဆောင်းပါးတစ်ပုဒ်နဲ့ ထပ်မံဖော်ပြပေးပါမယ်)။ ဒီလိုတင်မက အသီးထဲကရေဓာတ်တွေ မဆုံးရှုံးအောင်လည်း ထိန်းထားပေးပါတယ်။
ဒီလိုအချက်တွေကြောင့် ခိုင်တိုစန်ကို အသီးတွေခူးဆွတ်ပြီးအဆင့်မှာ သုံးကြပါတယ်။ ဒီလိုသုံးခြင်းက Colletotrichum gloeosporioides, Alternaria alternata, Rhizopus stolonifer, and Fusarium oxysporum. ရောဂါတွေကိုပါ ကာကွယ်တားဆီးနိုင်စွမ်းရှိပါတယ်။
ဒါတင်မက တစ်ချို့သော လေ့လာမှုတွေမှာဆို အသီးထဲက အာဟာရပါဝင်မှုတွေပါ ခိုင်တိုစန်ကြောင့် တိုးလာတယ်လို့ တွေ့ရှိထားပါတယ်။
ဒါကြောင့် ကောင်းကျိုးများစွာရှိတဲ့ ခိုင်တိုစန်ကို အကျိုးရှိရှိအသုံးချနိုင်စေဖို့ရာ ရေးသားမျှဝေလိုက်ရပါတယ်။
ref:Alternative Eco-Friendly Methods in the Control of Post- Harvest Decay of Tropical and Subtropical Fruits: Published:April 11th 2019
DOI : 10.5772/intechopen.85682 (section 5)
ခိုင်တိုစန် အကျိုးကျေးဇူးနှင့် ပြုလုပ်ပုံအဆင့်ဆင့် ကိုလည်း ဖော်ပြပေးထားပါတယ်။
ညီညီ
လွန်ခဲ့သော ၅ နှစ် ကရေနေသတ္တဝါတို့၏ အခွံမာဖြစ်တည်ခြင်းအကြောင်းကို ဇီဝအထူးပြုလေ့လာသူတို့သည် ရှေ့နှစ်ပေါင်းများစွာကတည်းက အထူးပြုချက်ရှာခဲ့ကြသည်။ထိုသို့ ရှာဖွေတွေ့ရှိချက်များစွာထဲတွင် ဂဏာန်းတို့၏ အခွံမာဖြစ်တည်မှုနှင့် ခရု ယောက်သွား ကနုကမာခွံတို့၏ ဓါတုဖြစ်တည်ခြင်း နှင့် သတ္တဝါများမှဖြစ်သော လိပ်အခွံ ကြက်ဥခွံ ဘဲဥခွံများ သတ္တဝါတို့၏ အရိုးဖြစ်တည်မှုများ စသည်ဖြင့် များစွာသောအကြောင်းအချက်တို့ပါဝင်ပါသည်။ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊မွေးမြူရေး ကုသရေးနှင့် အခြားသောအကြောင်ချက်မျိုးစုံအတွက် အကြောင်းအချက်အလက်များစွာတို့သည် သဘာဝဖြစ်တည်မှု၏ အကြောင်းအချက်များအဖြစ် တည်ရှိနေပါသော်လည်း ထိုအကြောင်ချက်များကို စနစ်တကျအသုံးဝင်လာအောင်ပြုလုပ်အားထုပ်ဆောင်ရွက်ကြသည်။စိုက်ပျိူရေးအတွက် ဓါတ်သဘာဝပြိုကွဲမှု ဓါတုဖြစ်စဉ်နှင့်ယှဉ်တွဲလျက်ဖြစ်သော ရုက္ခဇီဝဖြစ်တည်ခြင်းလည်းပါဝင်ပါသည်။ ခိုင်တိုစံသည် ထိုသဘောနှင့် သက်ဆိုင်မည်ထင်ပါသည်။ အက်ဆက်နည်းပညာတွင် ကလယ်စီယမ်ကာဗွန်နိပ်နှင့် ယှဉ်တွဲ၍ဖြစ်သော ကာဗွန်နိပ်အက်ဆက်အမျိုးစားကို ထုံးကနေရယူအသုံးပြုနိုင်ပါသည်။
သိမ့်ဇာ
လွန်ခဲ့သော ၅ နှစ် ကအဝါရောင်စာတန်းလေးကို နှိပ်လိုက်ပါရှင့်
မင်းကို
လွန်ခဲ့သော ၅ နှစ် ကခိုင်တိုစန်အသုံးပြုပုံညွန်းပေးပါအုန်း
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....