မရိတ်သိမ်းမီ/မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလကို နားလည်စေခြင်း
မရိတ်သိမ်းမီ/မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလ (PHI)
မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလဆိုတာ ပိုးသတ်ဆေးတစ်ခုရဲ့ နောက်ဆုံး အသုံးပြုတဲ့အချိန်နဲ့ သီးနှံကို ရိတ်သိမ်း/ဆွတ်ခူးနိုင်တဲ့အချိန်ကြားက အချိန်ပမာဏအနည်းဆုံးကို ဆိုလိုတာပါ။ ရိတ်သိမ်း/ခူးဆွတ်တယ်ဆိုတာ သီးနှံကို ဖြတ်တောက်ခြင်း ဒါမှမဟုတ် အပင်ကနေ သီးနှံကို ဖယ်ရှားခြင်းဖြစ်ပါတယ်။
မရိတ်သိမ်းမီ/မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလ (PHI) ဆိုတဲ့ စကားလုံးကို ပိုးသတ်ဆေး အညွှန်းစာမှာ တွေ့ရပါတယ်။ မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) ကို လိုက်လျောညီထွေ လိုက်နာခြင်းဟာ တရားဝင်သတ်မှတ်ချက်ဖြစ်ပါတယ်။ မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) မှာ စိုက်ပျိုးသူတွေအတွက် ဆေးစီရင်လိုက်တဲ့ သီးနှံမှာ အမြင့်ဆုံးခွင့်ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ထက် မကျော်လွန်စေသော အချက်အလက်များ ပါဝင်ပါတယ်။
အမြင့်ဆုံးခွင့် ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ဆိုတာ ပိုးသတ်ဆေး အညွှန်းစာအရ ပိုးသတ်ဆေးကို အသုံးပြုတဲ့အခါ အစားအသောက်ထွက်ကုန်ပေါ်မှာ ကျန်ရှိမယ်လို့ မျှော်လင့်ရတဲ့ အမြင့်ဆုံးပိုးသတ်ဆေးဓါတ်ကြွင်းပမာဏကို ဆိုလိုတာပါ။
မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) ၏အရေးပါပုံ
သီးနှံတစ်ခုအတွက် အမြင့်ဆုံးခွင့် ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ကို မကျော်လွန်စေတာကြောင့် အမြင့်ဆုံးခွင့်ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ကို အလေးထားရန် အရေးကြီးပါသည်။ အစားအသောက်အပေါ်မှာ အမြင့်ဆုံးခွင့်ပြုထားတဲ့ ပိုးသတ်ဆေးဓါတ်ကြွင်းပမာဏ (MRL) ကျော်လွန်ခဲ့ရင် စားသုံးသူကို ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် ရိတ်သိမ်း/ခူးဆွတ်ထားတဲ့ သီးနှံကို ဖျက်ဆီးပစ်ရမည်ဖြစ်ကာ ပြည်ပသို့တင်ပို့မည်ဆိုပါက တားမြစ်ရမည် ဖြစ်ပါသည်။ ပိုးသတ်ဆေး အညွှန်းစာမှာ ဖော်ပြထားတဲ့ သီးနှံတွေနဲ့ ဖျက်ပိုးတွေအတွက်သာ ပိုးသတ်ဆေးများကို အသုံးပြုပါ။ ဒါ့အပြင် ပိုးသတ်ဆေးအညွှန်းစာမှာ ဖော်ပြထားတဲ့ ဆေးနှုန်းထား၊ ဆေးဖျန်းရမည့်အကြိမ်နဲ့ မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) တို့ကို လိုက်နာရပါမယ်။
မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) ကို ပိုးသတ်ဆေးအညွှန်းစာအပိုင်းရဲ့ “အသုံးပြုရန်အညွှန်း” တွင်ဖော်ပြထားပါတယ်။ မရိတ်သိမ်းမီ/မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (PHI) ကို အတည်ပြုရန် အညွှန်းစာကို အမြဲတမ်းဖတ်ပါ။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020