"ရေခံမြေခံ"
သစ်ပင်တွေပျိုးထောင်တဲ့အခါမှာ အခြေခံအကျဆုံး အပိုင်း(၂)ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့တွေ နိစ္စဓူဝသုံးနှုန်းနေကြတဲ့ "ရေခံမြေခံ"ဆိုတဲ့စကားလုံးပါဘဲ။
#ရေခံဆိုတာ...
ထုံးဓါတ်လွန်ကဲနေတဲ့ ရေ၊ သံဓါတ်လွန်ကဲနေတဲ့ ရေ၊ အငန်ဓာတ်လွန်ကဲနေတဲ့ ရေ၊ အချဉ်ကဲနေတဲ့ ရေမျိုးတွေက ပျိုးပင်ငယ်တွေကို ဒုက္ခအကြီးအကျယ်ပေးတတ်ပါတယ်။ လှီပိန်သေးငယ်စေတာ၊ ကြွပ်ဆတ်မာကျော ခြောက်သယောင်းစေတာ၊ ပျိုးသမျှအပင်တွေ သေကြေစေနိုင်တာအထိ ဖြစ်တတ်ပါတယ်။
လောင်းတဲ့ရေမှာပါဝင်တဲ့ လွန်ကဲဓါတ်သတ္တိအချိုးအဆအလျောက် ပျိုးပင်ငယ်တွေအပေါ် သက်ရောက်စေနိုင်ပါတယ်။ ပျိုးထောင်သူ အများစုဟာ ကိုယ့်မှာရှိနေတဲ့ ရေအရင်းအမြစ်ကို စစ်ဆေးဖို့၊ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲဖို့ သိပ်စိတ်မဝင်စားကြပါဘူး။ ကျနော်လည်း ရေအရင်းအမြစ် ကောင်းတာ မကောင်းတာ သိပ်ဂရုမစိုက်ခဲ့ဘူး။ ကျွန်တော်ရဲ့ စိုက်ပျိုးထုတ်လုပ်မှုသက်တမ်းနဲ့ ပျိုးထောင်သက်ကြာလာတာနဲ့အမျှ အခုတော့ ကောင်းကောင်းသဘောပေါက်လာခဲ့ပါတယ်။
ရေခံမကောင်းရင် ပျိုးထောင်တဲ့အပင်အရေအတွက် ပမာဏကို ရည်မှန်းချက်ရာခိုင်နှုန်းပြည့်မီအောင် မရနိုင်ပါဘူး။ ဒါ့အပြင် ပျိုးပင်အရည်အသွေးပိုင်းလည်း ညံ့ဖျင်းနေပါလိမ့်မယ်။ ဒါက ပျိုးထောင်မှုအပိုင်းကိုသာ ရည်ရွယ်ပြောနေတာပါ။ တကယ့်စိုက်ခင်းတွေမှာလည်း ရေအရင်းအမြစ်အရည်အသွေးညံ့ဖျင်းနေရင်၊ ဒါမှမဟုတ် ဓါတ်သတ္တိတချို့လွန်ကဲနေရင် ဒီလိုအကျိုးသက်ရောက်မှုကို ခံစားရမှာပဲ ဖြစ်ပါတယ်။
သစ်ပင်တွေကို ရေလောင်းတိုင်း ကောင်းပါသလား...?
လူတချို့ဟာ သစ်ပင်တွေကိုရေလောင်းတိုင်း ကောင်းတယ်လို့ထင်ကြပါသေးတယ်။ သစ်ပင်တွေဟာ အလင်းရောင်၊ ရေ၊ မြေ၊ လေ၊ အာဟာရနဲ့ တခြားသော အပင်အကျိုးပြု အဏုဇီဝတွေနဲ့ ဆက်စပ်အသက်ရှင်နေတာ မှန်ပေမယ့် ရေကိုလည်း သူတို့လိုအပ်သလောက် ပမာဏကိုသာ လောင်းပေးသင့်တာပါ။
တချို့က မနက်၊ နေ့လည်၊ ညနေ၊ ည အဆက်မပြတ် ရေလောင်းပေးနေတာမျိုး တွေ့မြင်ရဖူးပါတယ်။ ကြာတော့ သစ်ပင်တွေခမျာ ရေမွန်းသေကုန်ကြပါတော့တယ်။ သစ်ပင်ရဲ့အမြစ်က မြေဆီလွှာထဲမှာရှိတဲ့လေနဲ့ အသက်ရှူသေးတယ်ဆိုတာ သူတို့မှမသိကြပဲကိုး။ ဒါ့အပြင် သစ်ပင်တွေဟာ နေအေးချိန်၊ ညနေပိုင်းက စလို့ အာရုဏ်လာချိန်အထိ အရွက်ကဖြစ်စေ၊ အမြစ်ကဖြစ်စေ၊ ပင်စည်အကိုင်းအခတ်တွေကဖြစ်စေ အသက်ရှူခြင်းအလုပ်ကိုလုပ်ဆောင်ပါတယ်။ အဲ့ဒီအချိန်မှာ မလိုအပ်တဲ့ရေပမာဏကို ပေးထားမိရင် သူတို့အတွက် အခက်အခဲကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုနဲ့ကြာလာတဲ့အခါ ရောဂါဝင်လာပြီး၊ အပင်သေသည်အထိ ဖြစ်သွားနိုင်ပါတယ်။
ဒီလိုဆိုရင်... ရေထဲမှာပေါက်နေတဲ့အပင်မျိုးတွေနဲ့ ဒီရေတောလိုအပင်မျိုးတွေကရော...?
ဒါကိုရှင်းရရင်တော့ အပင်မျိုးစိတ်တွေ မတူညီကြခြင်းကြောင့်၊ "သူတို့သဘာဝနဲ့ သူတို့ပါပဲ"လို့ ပြောရမှာပါ။
#မြေခံဆိုတာ...
အပင်တစ်ခုကြီးထွားရှင်သန်ဖို့အတွက် ရေခံတင်အရေးပါတာမဟုတ်ဘူး။ အပင်တွေပျိုးထောင်တဲ့အခါမှာ မြေခံကလည်း သိပ်ကိုအရေးကြီးပါတယ်။
သစ်ပင်အမျိုးအစားအလိုက် မြေခံအကြိုက်မတူနိုင်ပါဘူး။ စေးတဲ့မြေ၊ ဖွယ်တဲ့မြေ၊ ပျော့တဲ့မြေ၊ မာတဲ့မြေ၊ ချဉ်တဲ့မြေ၊ ငန်တဲ့မြေ၊ သပ္ပနံပေါင်းစုံမြေ စတဲ့ မြေအမျိုးအစားပေါင်း များစွာရှိတဲ့အနက်၊ အပင်တွေပျိုးထောင်ဖို့အတွက် ယေဘုယျအကျဆုံးမြေကတော့ မစေးလွန်း၊ မဖွယ်လွန်၊း ချဉ်ငန်ကိန်းသင့်တင့်တဲ့ မြေအမျိုးအစားပါဘဲ။
ဘာကြောင့်လဲဆိုရင် ပျိုးအိတ်ကို ခွဲပြီး ပျိုးပင်ကို ချလိုက်တဲ့အခါ မြေလုံးမကွဲသွားဖို့ အင်မတန်အရေးကြီးပါတယ်။ မြေလုံးကွဲရင် စိုက်ခင်းမှာ ပျိုးပင်ချစိုက်တဲ့အခါ အမြစ်မွှားတွေပြတ်မယ်။ အထနှေးမယ်။ ပျိုးပင်အမြစ်ကနေတဆင့် အနာတရဖြစ် ရောဂါဝင်မယ်။ နောက်ဆုံးတော့ အပင်သေပါမယ်။ ဒါကြောင့် မြေခံကောင်း အခန့်သင့်ရဖို့ဆိုတာ မလွယ်ပါဘူး။ မြေကောင်းရဖို့ မလွယ်ရင် မြေကို ပြုပြင်စပ်ဟပ်ပေးရပါသေးတယ်။ ဒီလို သဟဇာတဖြစ်တဲ့မြေမျိုးကို အရည်အသွေးကောင်းတဲ့ ရေခံမျိုး နဲ့ ပေါင်းစပ်ပျိုးထောင်မှသာလျှင် အောင်မြင်ဖြစ်ထွန်း အရည်အသွေးကောင်းတဲ့ ပျိုးပင်တွေရရှိနိုင်ပါတယ်။ တွေ့ကရာမြေနဲ့ ပျိုးထောင်ထားတဲ့ ပျိုးပင်တစ်ပင်နဲ့ မြေခံကောင်းကောင်းကို အခြေခံပျိုးထောင်ထားတဲ့ ပျိုးပင်တစ်ပင်ရဲ့ အပင်အရည်အသွေးချင်းက မြင်ရုံနဲ့ သိသာပါတယ်။
စေးလွန်းတဲ့မြေခံမှာပျိုးထောင်ရင် အစေ့အညှောင့်ကန်ထွက်ဖို့ ခက်ရုံသာမက ထွက်လာတဲ့ပျိုးပင်ခမျာ သေကသေ၊ နာကနာနဲ့ နောက်ဆုံးတော့ ရေနည်းရင်ခါးကြပ်၊ ရေများရင်ခါးရိ ရောဂါမျိုးစုံဝင်ပြီး သေပွဲဝင်ရရှာပါတယ်။ ဖွယ်လွန်းတဲ့မြေမှာတော့ ရေမကြာမကြာငတ်သလို အာဟာရပြတ်သေတတ်ပါသေးတယ်။ အာဟာရချို့တဲ့ရင် ပိုးမွှားနဲ့ ရောဂါမျိုးစုံကလည်း ဖိစီးနှိပ်စက်တတ်ပါသေးတယ်။
ဒါကြောင့် ပျိုးခင်းတစ်ခုမှာ ရေခံကောင်း မြေခံကောင်းဖို့ သိပ်ကိုပဓာနကျပါတယ်။ ရေခံမြေခံကောင်းပါလျှက်နဲ့ သဟဇာတ ဖြစ်အောင် ပြုစုစောင့်ရှောက်မှုမရှိရင်လည်း ပျိုးထောင်ခြင်းလုပ်ငန်းက အောင်မြင်လိမ့်မယ်မဟုတ်ပါဘူး။ ဒီဆောင်းပါးလေးက ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံလေးတွေနဲ့ ရေးသားတင်ပြထားတာပါ။ ဒီစာစုလေးမှာ အချက်အလက် ကိန်းဂဏန်းပမာဏတွေကို အဓိကညွှန်းမနေဘဲ တွေးတောဆင်ခြင်မှုအပိုင်းကို ဦးစားပေးချင်တာဖြစ်လို့ တိတိပပဖော်ပြတာမျိုးတွေ မလုပ်နိုင်တာ ဖြစ်ပါတယ်။
ကိုယ့်ဒေသကိုယ့်ပတ်ဝန်းကျင်အခြေအနေအလိုက် ရေခံမြေခံကောင်းကောင်းဖန်တီးပြီး ပျိုးထောင်စေချင်ရုံဆန္ဒနဲ့သာ တိုက်တွန်းလိုက်ရပါတယ်။
တတ်ယောင်ကားနဲ့ လုပ်မစားကြပါနဲ့။ ပျိုးပင်ဆိုတာ ပျိုးထောင်ပြုစုစောင့်ရှောက်ပြီး အရွယ်ရောက်လို့ မရောင်းရရင် ကိုယ့်အိတ်ကပ်ထဲကပိုက်ဆံကို တရိရိနှုတ်ယူသွားတတ်တယ်ဆိုတာ ပျိုးသမားစစ်စစ်တွေသိပါတယ်။ ဘာပဲဖြစ်ဖြစ် စိုက်ပျိုးလိုသူတွေအပေါ် စေတနာထားတတ်ကြပါစေ။
ပျိုးပင်ထုတ်လုပ်ရောင်းချသူတွေရဲ့စိတ်ဓါတ်လည်း ရေခံမြေခံကောင်းကောင်းပေါ်ရှင်သန်ကြီးထွား အောင်မြင်ကြပါစေ . . .။
ကိုဇင်-အဓိပတိပစ္စယော(ABM)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....