စိုက်ပျိုးရေးအတွက်များစွာ အသုံးဝင်တဲ့ ငှက်ပျောရွက်
ငှက်ပျောခြံ တည်ထောင်သူများသည် ငှက်ပျောပင်မ အောက်ရွက်များကို ရှင်းလင်း ပေးရသည်မာ ထုံးစံပင်ဖြစ်သည်။ ငှက်ပျောတစ်ပင်၌ သန်စွမ်း စိမ်းစိုသော ငှက်ပျောရွက် ၄-၅ ရွက်ခန့်ရှိလျှင်ပင် လုံလောက်ပေသည်။ ထိုသို့ ရှင်းလင်းပစ်သော ငှက်ပျော ရွက်ခြောက် များကို စွန့်ပစ်၊ မီးရှို့ကြသည်မှာ နှမျောစရာ ကောင်းသည်။ ဒါ့ကြောင့် ငှက်ပျောပင်ထွက် စွန့်ပစ်ပစ္စည်း တစ်မျိုးဖြစ်သော ငှက်ပျောရွက်ခြောက်များကို စိုက်ပျိုးရေးလုပ်ငန်းတွင် အကျိုးရှိအောင် သုံးစွဲတတ်ရန် လိုအပ်ပေသည်။ ငှက်ပျော စွန့်ပစ်ပစ္စည်း တစ်မျိုးဖြစ်သော ငှက်ပျော ရွက်ခြောက် များကို အောက်ပါနည်းလမ်း (၅) သွယ်ဖြင့် အသုံးပြုနိုင်ပါသည်။
(၁) မြေဆွေးပြုလုပ်သုံးစွဲနိုင်ခြင်း
ငှက်ပျောရွက်ခြောက်များကို ဓားနဲ့ အနေတော်စင်းပြီး သူ့ချည်းသက်သက် အဆွေးခံ နိုင်သော်လည်း ဆွေးမြေ့မူ့ မြန်စေရန် ဆောင်ရွက်ပေးရမည်။ ငှက်ပျောရွက်ခြောက် ၂ဆ၊ နွားချေး ၁ဆ ခန့်ရောပေးသင့်သည်။ တတ်နိုင်ပါက ဖွဲနုပါ ထည့်ပေးနိုင်သည်။ ပြီးနောက် EM ပျော်ရည်ကို လောင်းပေးရမည်။ မရှိပါက တင်လဲရည် တစ်ဆ၊ ဖွဲနု နှစ်ဆကို ရောပြီး ၇ရက်ခန့် သိပ်ထားပါ။ အဖြူရောင်မှိုမျှင်လေးများ ထလာချိန် ရေနဲ့ ၁၀ဆ ရောပြီး လောင်းပေးရမည်။ ၇ရက်တစ်ခါလောင်းပေးပါက တစ်လအတွင်း စတင်ဆွေးမြေ့လာပြီး ၂လအကြာ၌ ကောင်းစွာဆွေးမြေ့လာသည်ကို တွေ့ရမည်။
(၂) မြေဆွေးပုံကို နေအပူ မထိတွေ့စေရန် အုပ်ပေးထားနိုင်ခြင်း
မြေဆွေးပုံများ အဆွေးမြန်စေရန် အထောက်အကူပြုသော အကျိုးပြု အဏုဇီဝပိုးများ ပိုမိုရင့်သန် ပေါက်ဖွားနိုင်ရန်အတွက် နေအပူချိန် တိုက်ရိုက်မကျရောက်စေရန် လိုအပ်ပါသည်။ ထိုသို့ နေအပူချိန်တိုက်ရိုက် မကျရောက်စေရန် သစ်ရိပ်ဝါးရိပ်အောက်၌ အမိုးအကာဖြင့်ပြုလုပ်ပေးရသည်။ တာလပတ်၊ ပလတ်စတစ်အမဲများဖြင့် အုပ်ပေးကြသည်များလည်း ရှိသည်။ အကျိုးကျေးဇူးများမှာ အထက်တွင်ပြောခဲ့သလို အကျိုးပြုပိုးများ ပိုမိုပေါက်ဖွားစေရန် အခြေအနေပိုပေးပြီး မိုးရာသီ၌ မြေဆွေးပုံ ပေါ်မိုးရေကျ၊ ရေစီးဖြင့် အာနိသင်များ ဆုံးရှုံးမူကို ကာကွယ်ပေးပါသည်။ တာလပတ်၊ ပလတ်စတစ်အမဲအစား ငှက်ပျောရွက်များကို အစားထိုး အသုံးပြုနိုင်ပါသည်။

(၃) မြေသြဇာရည် ပြုလုပ်သုံးစွဲနိုင်ခြင်း
ငှက်ပျောရွက်ခြောက်များကို ရိုးရိုးမြေသြဇာရည်အဖြစ် အသုံးပြုလိုပါက ရွက်ခြောက်များကို ရေနဲ့ ဆတူရောပြီး ပုံးထဲ၌ ၃ ညခန့် သိပ်ပေးပါ။ အာနိသင် ပိုကောင်းစေရန် ဖွဲနု၊ နွားချေး၊ တင်လဲရည်၊ ကြက်ဥခွံ၊ သစ်ရွက်စိမ်း၊ ရေရောပြီးသား EM စသည်တို့ကို ထပ်ဖြည့်ရောကာ မြေသြဇာ ရည်အဖြစ် သုံးစွဲနိုင်သည်။
(၄) မြေငွေ့ဖုံးပေးနိုင်ခြင်း
သီးနှံပင်များအတွက် မြေငွေ့ဖုံးပေးခြင်းသည် နွေရာသီ၌ မဖြစ်မနေ လုပ်ဆောင် ပေးသင့်သော ကိစ္စ တစ်ခုဖြစ်သည်။ မြေငွေ့ဖုံးပေးခြင်းကား ကောင်းကျိုးများစွာ ရှိသည်။ ငှက်ပျောရွက်ခြောက်များကို တိုက်ရိုက်ဖြစ်စေ၊ အဆွေးခံပြီးမှ ဖြစ်စေ မြေငွေ့ဖုံးပေးနိုင်သည်။
(၅) ကောက်ရိုးမှို စိုက်ပျိုးနိုင်ခြင်း
ငှက်ပျောရွက်ခြောက်များအား နည်းလမ်းတစ်မျိုး အနေဖြင့် ကောက်ရိုးမှိုကို စိုက်ပျိုးနိုင်သည်။ တစ်နိုင်တစ်ပိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ ကောက်ရိုး၊ ဗေဒါ၊ မြက်ခြောက် တို့အစား ငှက်ပျောရွက်ကို အစားထိုးပြီး စိုက်ပျိုးနိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ayeminaung
လွန်ခဲ့သော ၁၁ လ ကငှက်ပျောပင်ကိုဘယ်လမှာစိုင်ပျိၜးသင့်ပါသလဲ
အောင်စိုးဦး
လွန်ခဲ့သော ၃ နှစ် ကအစိမ်းရောင် လမ်းမှကူးယူတင်ပြပါသည်
အောင်စိုးဦး
လွန်ခဲ့သော ၃ နှစ် ကဘယ်လတွေမှာပိုစိုက်သင့်သလဲဗျ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Agriculturalist K.S
အားလုံး