အစိမ်းရောင်လမ်း
ဆေးဝယ်တော့မယ်ဆို.....ဘာတွေသိထားရမလဲ?

ဆေးဝယ်တော့မယ်ဆို.....ဘာတွေသိထားရမလဲ?

   ဆေးတစ်ထုပ်ဝယ်မယ် ဆိုင်မှာသူတို့ပြကတည်းက ဘာတွေ ဖတ်ရမလဲ၊ အိမ်ရောက်ရင် ဘာတွေ ပြန်ဖတ်ရမလဲဆိုတာ ပြောပြပေးသွားပါ့မယ်။

(က) အဆိပ်ရှိပစ္စည်းပမာဏ (AI) ဆိုပြီးဖော်ပြထားတတ်ကြတယ်။ ဒါကတော့ ဆေးမှာပါတဲ့ ပိုးသေစေနိုင် ပြေးစေနိုင်တဲ့ ဓာတ်တွေကိုပြောတာပါ။

(ခ) ရောစပ်တဲ့အချိန် သုံးစွဲနေတဲ့အချိန် မှာ ဘာတွေလုပ်ရမလဲဆိုတာကို ဆေးထုပ်မှာ ဖော်ပြထားလေ့ရှိပါတယ်။ အဲ့အတိုင်းလိုက်လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

(ဂ) ရည်ရွယ်တဲ့ပိုး။ ကိုယ်ဝယ်တာက ငမြှောင်တောင်ဆေး၊ သူပေးတာက ပျဆေးဆိုတာမျိုးမဖြစ်အောင် သူက ဘာပိုးတွေကိုသေစေနိုင်တာလဲဆိုတာကိုလည်း စစ်ရပါမယ်။

(ဃ) သုံးဖို့နေရာ။ တစ်ချို့ဆေးတွေက မြေအောင်းပိုးသတ်ဆေးတွေ၊ တစ်ချို့က ရွက်ဖျန်းပိုးသတ်ဆေးတွေဆိုတော့ မြေအောင်းပိုးသတ်ဆေးကို အပင်အရွက်ကိုဖျန်းနေလို့ မထူးဘူးဆိုတော့ ကိုယ်ဝယ်လာတဲ့ဆေးက ဘယ်နေရာအတွက်လဲဆိုတာသိအောင် ဖတ်ထားသင့်ပါတယ်။

(င) ဘယ်ပမာဏကို ရောစပ်ရမလဲ။ ငါဝယ်လာတဲ့ဆေးက ဆေးဘယ်နှပုံးစာရမလဲဆိုတာကိုသိအောင် ဖတ်ရမှာပေါ့။

(စ) ဘယ်နှကြိမ်လဲ။ ဆိုတာကတော့ ဘယ်ရက် အပိုင်းအခြားနဲ့ ဘယ်နှကြိမ်သုံးပေးရမလဲဆိုတာကိုလည်း ကြည့်ရမယ်။

(ဆ) သိမ်းဆည်းပုံ အညွှန်း

(ဇ) ဘယ်လိုပစ်ရမလဲဆိုတာကိုလည်း ဖတ်ရမယ်။

(စျ) အရေးပေါ်အခြေအနေတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့အချက်တွေကိုလည်း ဖော်ပြထားတာရှိပါတယ်။ ချက်ချင်း ဆရာဝန်နဲ့ ပြပါတို့ ဘာတို့ပေါ့။

   အဲ့ဒါတွေကို ဖတ်လေ့လာပြီးတော့ ပိုးသတ်ဆေးတွေသုံးမယ်ဆိုရင် ကျန်းမာဘေးကင်းတဲ့ တောင်သူဦးကြီးများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

ထွန်းဝင်းကျော်

http://www.normanok.gov/filebrowser_download/681/Utilities/Applying%20Pesticides%20Correctly.pdf 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....