အစိမ်းရောင်လမ်း
အောက်ဇင်ဟော်မုန်းဆိုတာဘာလဲ...အပင်အတွက် ဘာတွေလုပ်ပေးသလဲ?

အောက်ဇင်ဟော်မုန်းဆိုတာဘာလဲ...အပင်အတွက် ဘာတွေလုပ်ပေးသလဲ?

လူတွေမှာ ဟော်မုန်းတွေ ရှိသလို အပင်တွေမှာလည်း ဟော်မုန်းတွေ ရှိပါတယ်။ အပင်တွေရဲ့ ဟော်မုန်းလို့ ဆိုလိုက်ရင် အပင်တွေမှာ ရှိပြီးသား နာမည်ကြီးပြီးသား (၃)မျိုးရှိပါတယ်။ အောက်ဇင် ဟော်မုန်း၊ ဆိုက်တိုခိုင်နင် ဟော်မုန်းနဲ့ ဂျစ်ဘဲလစ် တို့ပါပဲ။ 

အဲ့လို ဟော်မုန်းတွေကို တွေ့ရှိပြီးနောက်ပိုင်းမှာ လူတွေက အပြင်မှာ သက်သက်ထုတ်ယူပြီးတော့ လိုအပ်သလို အသုံးချကြပါတယ်။ ဈေးကွက်ထဲမှာ  အခုဆိုရင်  ဂျစ်ဘဲလစ်အက်ဆစ်ကို တော်တော်များများ သုံးနေကြတာကို တွေ့ရမှာပါ။ 

ဟော်မုန်းတွေကို ဘာကြောင့် သုံးလဲ ဘာလို့ သုံးလဲ?

လူတွေမှာ ကြွက်သားသန်မာချင်လို့၊ ဆံပင်နက်ပြီးကောင်းချင်လို့၊ ရောဂါကြောင့် ဟော်မုန်းဆေးတွေကို သောက်သုံးကြရပါတယ်။ အပင်တွေမှာလည်း တူတူပါပဲ။ ဟော်မုန်းတစ်ခုချင်းစီမှာ အပင်တွေကို အကျိုးပြုနိုင်တဲ့ အစွမ်းတွေပါလို့ပဲ ဟော်မုန်းတွေကို ဆက်သုံးနေကြတာဖြစ်ပါတယ်။ 

အောက်ဇင်

ဒီတစ်ခေါက်မှာ ပြောပြပေးမှာကတော့ အောက်ဇင် ဟော်မုန်းအကြောင်းဖြစ်ပါတယ်။ အောက်ဇင်ကို လေ့လာကြည့်တဲ့အခါမှာ - အညွှန့်အခက်တွေအပိုင်းမှာနေပြီးတော့ အပင်ဆဲလ်တွေ ရှည်ထွက်မှုနဲ့ ပုံမှန်ကြီးထွားမှုရအောင် ပြုလုပ်ပေးသော ဟော်မုန်းလို့ တွေ့ပါတယ်။ အပင်တွေရဲ့ ထိပ်ပိုင်းတွေမှာ အောက်ဇင်ရှိပါတယ်။ 

အပင်မှာ အောက်ဇင်က ဘယ်နေရာမှာပါလဲ?

အပင်တွေကိုကြည့်လိုက်ရင် တစ်ဖြည်းဖြည်းကြီးလာတဲ့ဖြစ်စဉ်မှာ တစ်ဖြောင့်တည်းကြီး မဟုတ်ပါဘူး။ ဘယ်ကိုယိမ်းလိုက် ညာကိုနွဲ့လိုက်နဲ့ ဆဲလ်တွေတစ်ဖြည်းဖြည်း ရှည်ထွက်လာတာပါ။ အပင်စပေါက်တဲ့အညှောက်ကတည်းကိုက တွန့်လိမ်ခဲ့တာမျိုးပါ။ အဲ့ဖြစ်စဉ်တစ်လျှောက်လုံးမှာ အောက်ဇင်ပါပါတယ်။ 

အရွက်ကလေးတွေ အပြင်ဖက်ကိုထွက်လာတယ်။ နေရောင်အောက်ကို ရောက်တယ်။ အမြစ်တွေကလည်း အောက်ဖက်ကိုထိုးဆင်းပြီး ကြီးထွားလာကြတယ်။ အဲ့လိုဖြစ်စဉ်တွေမှာ အောက်ဇင်ဟော်မုန်းတွေက အလုပ်လုပ်ပေးပါတယ်။

 အောက်ဇင်ရဲ့ လုပ်ဆောင်ချက်တွေ

အဓိကလုပ်ဆောင်ပေးတာကတော့ အပင်တွေကြီးထွားလာအောင် လုပ်ပေးတာပါ။ အောက်ဇင်ဟော်မုန်းရှိနေတာက အပင်တွေရဲ့ဆဲလ်တွေ ရှည်ထွက်လာအောင်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ဂရိဘာသာစကား “auxien”ကနေ ဆင်းသက်လာတာဖြစ်ပြီးတော့ ကြီးထွားဖို့လို့ အဓိပ္ပါယ်ရပါတယ်။ 

အောက်ဇင်က ဘာတွေလုပ်ပေးသလဲ?

ပင်စည်၊ အရွက်နဲ့ ပန်းတွေမှာနေပြီးတော့ အဲ့နေရာတွေကဆဲလ်တွေကို ရှည်ထွက်ကြီးလာစေပါတယ်။ 

အောက်ဇင်က ဆဲလ်တွေကို ရှည်ထွက်စေရုံသာမကပဲ ပတ်ဝန်းကျင်အလိုက်လည်း ပြောင်းလဲမှုတွေ လိုက်ပြီးတော့လုပ်နိုင်ပါတယ်။ 

မှောင်တဲ့နေရာတွေမှာဆိုရင် အောက်ဇင်ဟော်မုန်းတွေ သွားစုပြီးတော့ အဲ့ဖက်ခြမ်းက ဆဲလ်တွေကို ပိုပြီးရှည်ထွက်လာစေပါတယ်။ အဲ့လို အလင်းကိုတုံပြန်တဲ့ဖြစ်စဉ်ကို Phototropsim  လို့ခေါ်ပါတယ်။ အရိပ်ထဲကျနေရင် အပင်က မြန်မြန်ရှည်လာမယ်။ အရိပ်အောက်ကျနေတဲ့နေရာက ရှည်ထွက်လာပြီး နေရောင်ထဲကို မြန်မြန်ရောက်လာမယ်။ နေရောင်ထဲကျတဲ့အပိုင်းတွေက အစာချက်လုပ်နိုင်ကြပြီးတော့ အပင်ကို မြန်မြန်ကြီးထွားလာနိုင်စေပါတယ်။ အောက်ဇင်က အရေးပါပါတယ်နော်။ 

အပင်အပေါ်ပိုင်းပဲ ကြီးထွားတာမျိုးမဟုတ်ပဲနဲ့ အပင်အောက်ဖက် အမြစ်ပိုင်းမှာလည်း အောက်ဇင်တွေနေထိုင်ပြီးတော့ အောက်ဖက်ကို ကြီးထွားစေနိုင်ပါတယ်။ အဲ့လို ဆဲလ်တွေ အောက်ဖက်ကိုကြီးထွားစေတဲ့ တုံ့ပြန်မှုမျိုးကို Gravitropism လို့ ခေါ်ပါတယ်။ အဲ့လို ကြီးထွားတဲ့တုံ့ပြန်မှုကြောင့် အောက်ဖက်က အမြစ်စနစ်ကို ကြီးထွားသန်မာစေတာနဲ့အမျှ ရေနဲ့ အာဟာရစုပ်ယူမှုတွေ ကောင်းမွန်ပြီးတော့ အပင်ကိုသန်မာစေပါတယ်။

ဟုတ်ပါပြီ။ အညွှန့်နဲ့ အမြစ်မှာရှိတယ်။ အစေ့မှာရောရှိသလားဆိုတော့ ရှိပါတယ်။ အစေ့မှာလည်း အောက်ဇင်တွေရှိပါတယ်။ အပင်တွေစိုက်တဲ့အခါ ဖြစ်နိုင်အောင်လို့သာ ဖန်လုံအိမ်ထဲမှာ စိုက်ပျိုးကြတာ။ တကယ်တမ်း နေရောင်အောက်မှာစိုက်ပျိုးတာလောက် မဖြစ်ထွန်း မသန်မာကြပါဘူး။ အဲ့ဒါဟာ အောက်ဇင်ကြောင့်ပဲဖြစ်ပါတယ်။ အမှောင်ထဲမှာ မျိုးစေ့လေးချကြည့်။ အမှောင်ထဲက အပင်လေးတွေက  ဖြူဖြူသွယ်သွယ်လေးတွေ ဖြစ်နေမှာဖြစ်ပြီး နေရောင်အောက်က အပင်ကတော့ စိမ်းပြီးတော့ တုတ်ခိုင်နေတာကို တွေ့ရမှာပါ။ အဲ့ဒါက မျိုးစေ့မှာ အောက်ဇင်ရှိတယ်ဆိုတဲ့ အသိပေးချက်ဖြစ်ပါတယ်။  နေရောင်က အောက်ဇင်ထုတ်လုပ်မှုကို လှုံဆော်ပေးလိုက်တာဖြစ်ပါတယ်။ 

အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ အောက်ဇင်က ဆဲလ်တွေရှည်ထွက်ဖို့သာမကပဲနဲ့ အပင်တွေမှာဖြစ်တဲ့ ဒဏ်ရာတွေကို ကုသတဲ့နေရာမှာပါ ကူညီပေးနိုင်ပါတယ်။ အနာတွေ ကုသဖို့ လိုအပ်တယ်ဆိုရင် ဆဲလ်အသစ်ပြန်ဖြစ်ဖို့နဲ့ အဲ့အသစ်ဖြစ်လာတဲ့ဆဲလ်တွေ ပြန်ကြီးထွားဖို့အတွက်ဆိုရင် အောက်ဇင်က အများကြီးကူညီတုံ့ပြန်ပေးပါတယ်။  

ခုဆိုရင် အောက်ဇင်ဆိုတဲ့ အပင်ထဲက ဟော်မုန်းက ဘယ်လိုကူညီပေးတယ်။ ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာသိသွားလောက်ပြီး ဈေးကွက်ထဲက အောက်ဇင်ဟော်မုန်းလို့ တွေ့လိုက်ရင် မှန်ကန်တဲ့နေရာမှာ အသုံးချနိုင်ပြီး အကျိုးများကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 

ထွန်းဝင်းကျော်

https://study.com/academy/lesson/auxins-in-plants-definition-functions-quiz.html

kyaw min

kyaw min

လွန်ခဲ့သော ၅ နှစ် က

ပြုလုပ်နည်းရောတင်ပေးပါ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....